Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆုတောင်းမှားမယ်နော်

$
0
0

 နာမည်က မိတုတ်။ နာမည်အတိုင်းပဲ ၀လိုက်တာလည်း မပြောနဲ့။ ၀ပြီး တုတ်ခိုင်နေတာပဲ။ အရွယ်လေးရလာတော့ သဘာဝအတိုင်း ချစ်သူရှိချင်လာတယ်။ ကာမဘုံသားရဲ့ ဓလေ့အတိုင်း ခံစားချင်လာတယ်။ ဒါပေမဲ့ ချစ်မယ့်သူ မရှိဘူး။ ကြိုက်မယ့်သူ မရှိဘူး။ ဟူးးးးးး ကံကြမ္မာရယ် ရက်စက်လိုက်တာနော်။ ဘာကြောင့် ငါ့ကို ဒီလို ၀က်ပုတ်ခန္ဓာကိုယ်ကြီးနဲ့ ဖြစ်စေတာပါလိမ့်။ တစ်လိမ့်လိမ့်တွေးနေမိတဲ့ အချစ်အကြောင်း။ စိတ်မကောင်းဖြစ်ရတာပဲ အဖတ်တင်တယ်။ ခင်တွယ်မယ် ကြံလိုက်တော့ အချောင်နှိုက်ချင်တဲ့ ကောင်တွေချည်းပဲ။ စိတ်ထားဖြူဖြူနဲ့ တသက်တာ ကြည်ဖြူမယ့်သူ မရှိဘူး။ မထူးတော့ပါဘူးလေ။ ငါ့ကံ ငါ့အကြောင်း အကောင်းချည်းပဲပေါ့။ ရှိစေတော့ ရှိစေတော့။ ဒီလောက် အလှကြိုက်တဲ့ ကောင်လေးတွေ နောက်ဘ၀ကြမှ လှလှကြီး တွေ့ကြသေးတာပေါ့။

ကြည်ဖြူမယ့်သူ မရှိတော့တဲ့ ဘ၀မှာ အချစ်ဆိုတဲ့ အလှအပတွေကို မလိုချင်တော့ဘူး။ ပန်းနဲ့သစ်သီးကို ခူးချင်ရင် အရင်ဦးဆုံးအပင်စိုက်ရမှာပေါ့။ ဒီတော့ မိတုတ်တစ်ယောက် နောက်ဘ၀မှာ ကံကောင်းလှပ အချောသမလေးဖြစ်ဘို့ ကုသိုလ်ကောင်းမှု့တွေလုပ်တယ်။ ပြီးတော့ “နောင်ဘ၀မှာ ယောက်ျားလေး တစ်ဘက် ငါးရာနဲ့ စံစား ခံစားရတဲ့သူ ဖြစ်ပါစေ” လို့ဆုတောင်းတယ်။ စိတ်ဆိုတဲ့ အရာက သူ့သဘာဝကိုက မကောင်းမှု့မှာ မွေ့လျော်တာလေ။ သူ့မွေ့လျော်ရာ မကောင်းမှု့မှာ တကယ့်စေတနာ ပါတာပေါ့နော်။ စေတနာ အားကြီးတယ်လို့ ပြောရင်းလည်း ရပါတယ်။ စေတနာအားကြီးတော့ အကျိုးပေးလည်း အားကြီး အားသန် အဖြစ်မြန်တာပေါ့။ မိတုတ်တစ်ယောက် တစ်နှစ်ပြီး တစ်နှစ် ကြီးရင့်လို့ လာခဲ့ပါတယ်။ သူ့ဘ၀မှာ ချစ်သူရှိလာဘို့လည်း မမျှော်ဘူး။ အချစ်ဆိုတဲ့ အကြောင်းကြောင့် ပျော်ရွှင်စရာလိုလည်း မလိုချင်တော့ဘူး။ နောင်ဘ၀ကြရင်သာ ယောက်ျားလေးတွေကို အလုပ်ကျွေးပြု ခိုင်းပစ်နိုင်လောက်အောင် လှပချောမော အဆင့်တန်းမြင့်နေဘို့ အရေးကြီးတယ်။ ဒါကြောင့် ကုသိုလ်အရေးကိုပဲ တွေးတွေးပြီး လုပ်တယ်။ လုပ်တိုင်းလုပ်တိုင်းလည်း “နောင်ဘ၀မှာ ယောက်ျားလေး တစ်ဘက် ငါးရာနဲ့ စံစား ခံစားရတဲ့သူ ဖြစ်ပါစေ” ဆိုတဲ့ ဆုတစ်ခုတည်းကိုပဲ တောင်းတယ်။

 

ကဲ တိုတိုပဲ သွားကြပါစို့။ မိတုတ်ဘ၀ ချုပ်သွားပြီလို့ ထားလိုက်ပါတော့။ မိတုတ်ဘ၀တုန်းက ပြုခဲ့တဲ့ ကုသိုလ်နဲ့ဆုတောင်းကြောင့် နောင်ဘ၀မှာ အရမ်းကို ချောမောလှပတဲ့ နတ်သမီးလေးဖြစ်သွားပါတယ်။ သူ ဆုတောင်းထားတဲ့ အတိုင်းပါပဲ။ တစ်ဘက်ကို နတ်သားငါးရာနဲ့ ခံစား စံစားရပါတယ်။ သာမာန်ကြည့်ရင်တော့ ကျေနပ်စရာပေါ့နော်။ မိတုတ်ဆုတောင်းပြည့်လိုက်တာလို့ တွေးပြီး ၀မ်းသာ ကျေနပ်စရာပေါ့။ ဒါပေမဲ့ မိတုတ် တဖြစ်လဲ နတ်သမီးလေးမှာတော့ အကြီးအကျယ်ကို စိတ်ညစ်နေပါတယ်။ ဘာကြောင့်ထင်ပါသလဲ။ အကြောင်းမှာ “ ရှူး ရှူး ပေါက်ချိန်တောင် မရလို့ပါပဲ ” ။ အဟိ။ နတ်သားလေးတွေက သူ့ထက်ငါ ပြုစုပေးနေကြလို့ ထင်ပါရဲ့။ ဘာပဲ ဖြစ်ဖြစ် ။ မိတုတ်တဖြစ်လဲ နတ်သမီးလေး စိတ်ညစ်နေတာတော့ အမှန်ပါပဲ။ ကဲ အဲလိုဖြစ်ရတာ ဘာကြောင့်ပါလဲ။ နတ်သားလေးတွေက ဆိုးလွန်းလို့လား။ ဒါမှမဟုတ်  ဒါမှမဟုတ် ပေါ့နော်။ တစ်နေ့ လူ့ဘ၀တုန်းက မိတုတ်နဲ့သိခဲ့တဲ့ ရွှေရည်ကလည်း နတ်သမီးလေး ဖြစ်လာပါတယ်။ သူတို့ဆုံဖြစ်ကြတော့ ရွှေရည်တဖြစ်လဲ နတ်သမီးလေးက မိတုတ်တဖြစ်လဲ နတ်သမီးလေးကို “ နင်အရမ်း ပျော်နေမှာပေါ့၊ နင် တောင်းတဲ့ ဆုအတိုင်း ပြည့်နေပြီလေ” လို့ ပြောပါတယ်။ ဒီတော့ မိတုတ်တဖြစ်လဲ နတ်သမီးလေးက “ မထင်နဲ့ သူငယ်ချင်းရယ်၊ ငါ ဆုတောင်း အရမ်း မှားသွားတယ်” လို့ ပြောပါတယ်။ ရွှေရည် တဖြစ်လဲ နတ်သမီးလေးက အံ့သြသွားတယ်။ ဘာကြောင့် အဲလို ပြောရတာလဲပေါ့။ ဒါနဲ့ “ဘာဖြစ်လို့လဲ” လို့ မေးကြည့်လိုက်တယ်။ မိတုတ်တဖြစ်လဲ နတ်သမီးလေးက သူ့အဖြစ်အပျက်ကို ပြောပြတယ်။ ဒီတော့ ရွှေရည်တဖြစ်လဲ နတ်သမီးလေးက “ အ ဟိ ” ဆိုပြီး ရှက်စနိုးလေးနဲ့ ပါးစပ်လေးကို ပိတ်ပြီး ရယ်တယ်။ ပြီးတော့ ငါ သူ့လို ဆုတောင်းမှားချင်လိုက်တာလို့လည်း စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။ အင်း ခက်တော့လည်း ခက်သားနော်။ နေရာချင်း လဲပေးလို့ ရရင် သိပ်ကောင်းမှာပဲ။ ထားပါတော့လေ။ သယ်ချင်းတို့ရေ မကောင်းတဲ့နေရာမှာတော့ ဆုတောင်း မမှားကြပါစေနဲ့နော်။ စိတ်က မကောင်းတဲ့အလုပ်တွေမှာ မွေ့လျော်တတ်တာမို့ မကောင်းတာကို ဆုတောင်းရင် အကျိုးပေးသန်ပါတယ် အကျိုးပေး မြန်တတ်ပါတယ်။ အဲကြောင့် မကောင်းတဲ့အကျိုးကို ဆုတောင်းမယ်ဆိုရင် စဉ်းစဉ်းစားစားလေး လုပ်ကြဘို့ အကြံပေးပါရစေ။ အဟိ ။ မြို့တော်က ပျိုပျိုတွေ ဆုတောင်းမှားမယ်နော်။ ဆုတောင်း မှားချင်နေပါတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ခိခိခိ။

 

အားလုံးကို

ခင်မင်စွာဖြင့်

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...