ရွှေမြို့တော်သူမြို့တော်သားများ အားလုံးမင်္ဂလာပါနော်
ခုလာမဲ့ အဖေများနေ့ကိုရည်ရွယ်ပြီးရေးသားရခြင်း ဖြစ် ပါတယ် .. မြို့တော်မှာရှိတဲ့သူငယ်ချင်းတွေအားလုံးလဲ
ဖခင်+မိခင် တွေ ကိုချစ်ခင်ကြတဲ့ သူတွေ ချည်းဘဲမဟုတ်လား .ခုလိုကျရောက်လာတဲ့နေ့လေးတွေမှာ အမှတ်တရလေးတွေ
စာတွေကဗျာတွေေ ရးကြတယ် . မီးသခင်က ပြီးခဲ့တဲ့အမေများနေ့မှာ မအားမလပ်လို့ စာတွေကို မရေးသားနီုင်ခဲ့ပါဘူး ခု
အဖေများနေ့မှာ တော့ မီးသခင် ချစ်ရတဲ့ အချစ်ဆုံး ဖေဖေ့အတွက် ရည်ရွယ်ပြီး အဖေ့ များနေ့တွက်အမှတ်တရလေးလုပ်ချင်လို့ပါ
ကျေးဇူးကြိးမားတဲ့ ဖေ့ဖေ့ ချစ်ခြင်းတွေကို ဘယ်လိုမှ ဆပ်လို့ မကုန်ပါဘူး ..... ဒီလိုမကုန်တဲ့ အထဲမှာမှ
ဖြစ်ရပ်မှန်လေးတခုကိုသတိရသွားလို့ ခုလို့ ရေးဖြစ်သွားတာ ပါ ............
ဖေဖေနေကောင်းပါစေနော်
တကယ်တော့ မာတာပီတု ဆိုတဲ့ မိနဲ့ဖ နှစ်ပါး ဟာ သားသမီးများ
အတွက် ဘယ် လိုမှ တန်ဖိုးမဖြတ်နိုင်တဲ့ . ကျေးဇူးဆပ်မကုန်တဲ့ ကျေးဇူးရှင်အစစ်အမှန်တွေပါ.... ဒီလို မိနဲ့ဖနဲ့ရှိတဲ့အထဲမှာမှ.
ခုလိုအဖေများနေ့မှာေ တာ့ အလွန်တရာမှကျေးဇူးကြီးမားပြီးဖခင်တယောက်က...သားသမီးများအပေါ်မှာထားရှိတဲ့ချစ်ခြင်းတွေကို
ဖေါ်ပြထားတဲ့ဇာတ်လမ်းလေးတပုဒ်ကို ပြောပြမှာပါ .....ဇာတ်လမ်းလေးကတော့ တကယ့် အဖြစ်အမှန်လေးပါ . ... ဒီလိုပါ ..
ဇာတ် လမ်းလေးက ............
မိသားစု တစု၇ှိတယ်...အဖေက ၀န်ထမ်း ။ အမေက မှီခိုသူ သားသမီးက4 ယောက် ။ အားလုံးက ကျောင်းသား ။
တခြားစီးပွားရေးကမရှိ ။ ဖခင်လုပ်သူရဲ့ ၀န်ထမ်း လစာလေးနဲ့ ဒီမိသားစု စားဝတ်နေရေးကို လောက်ငအောင် ခြိုးခြံ ချွေတာစွာ နဲ့
ရပ်တည်နေရတယ် ........ သမီးကအကြီးဆုံး ကျောင်းပြီးပြီအလုပ်က တော့ စလုပ်နေပြီး ဒုတိယ သမီးအငယ် မလေးက
လဲကျောင်းက ဒုတိယနှစ် ။ တတိယသားကတော့ နိုင်ငံဝန်ထမ်း တယောက်. အငယ်ဆုံး သားအငယ်က တော့ 10တန်းကို
တနှစ်ကျပြိးထပ်ဖြေမလို့ လုပ်တုန်း ဒီလိုနဲ့ အဖေကြီး က အသက်က 60ကျော် . သားသမိးအားလုံးကလဲ အငယ်ကောင်က လွဲလို့
ကျန်တဲ့3 ယောက်က ပညာတတ်လေးတွေ. တစ်နေ့မှာတော့ အဖေအိုကြီး နေမကောင်းလို့အိပ်ရာထဲမှာ .ရုံးလဲမသွားနိုင်..
အိမ်မှာလဲစားဖို့က မရှိ. သနားစရာပါ .သမီး နှစ်ယောက်ကတော့မိဘများကိုသိတတ်တယ်သူအလုပ်လုပ်တဲ့နေရာကသူ့တို့ကိုကျွေးတဲ့
မုန့်လေးတွေဆို သူ့အဖေကြီးအတွက်ယူယူ လာတတ်တယ်။ အဖေကြီးက အဲလို သမီးတွေရဲ့သိတတ်မှု့လေးတွေကိုဘဲ
ဝမ်းသာပီတိဖြစ်နေရတာ . သား2 ယောက်ကတော့ ... သမိးတွေနဲ့လုံးလုံးမှ မတူညီပါ ... သားအကြီးက သူရုံးမှာ နေတယ် ..
အဖေနေမကောင်းဆိုပြီးသွား ခေါ်တောင်မလာဘူး . လာရင်လဲ ဘာဆိုဘာမှ ဖခင်အတွက် မပါဘဲ ပြန်ခါနီးတောင် မရှိမဲ့ရှိမဲ့
ငွေထဲကနေ မုန့်ဖိုးပြန်တောင်းသွားသေးတယ် ။ ဒီလိုနဲ့ အဖေကြိးရုံးလဲမသွားနိုင် . အိမ်မှာကလဲစားစရာမရှိ ... အဖေကြီးခမျာ သူ ရဲ့
ကျန်းမာရေးကိုဂရုမစိုက်နိုင် . မိသားစု တနေ့တာ စားသောက်မှု့ အတွက် စိတ်က ဘယ်လိုမှ မဖြောင့်ဘူး .. အဲဒီအချိန်မျာ ဘဲ
သားအငယ် ကောင်က ကျောင်းကပြန်ေ၇ာက်လာတယ် .. ကျောင်းက တောင်းခိုင်းတဲ့ စာရွက်စာတန်းဖိုးနဲ့
လိုအပ်တဲ့ ငွေကိုတောင်းပါတယ် . ကျောင်းကသာ ပြန်ဆင်းလာတယ် ခုထိ နေ့လည်စာ မချက်ရသေးဘူး . . အဖေကြီးခများ
အိပ်ရာထဲကနေမျက်ရည်ကျမိပါတယ်... နောက်ဆုံးသူမနေသာတော့...အဖေကြီးခမျာအိပ်ရာထဲကထပြီးအ၀တ်အစားလဲပြီးရုံးသို့
ထွက်ခဲ့ပါတော့တယ် ...၇ုံးရောက်တော့ သူ က ငွေစာ၇င်းတွေကိုကိုင်တွယ်ရတဲ့သူဆိုတော့ သူ့ရုံးကငွေတွေထဲမှ
ငွေတချို့ကိုသူယူလာခဲ့ ပါတော့တယ် ။ ဒီလိုနဲ့မိသားစုရဲ့တနေ့တာစားဝတ်နေရေး ကိုသူဖြေရှင်းလိုက်ပါတယ် ......... အဲလိုမျိုး
ပုံစံနဲ့ဘဲသူ သုံးလေးကြိမ်းလုပ်ခဲ့ပါတယ် ..........ဒီနေ့တော့ လကုန်ရက် ငွေစာ၇င်းတွေအားလုံး သူအပ်ရတော့မယ် .
သူဘယ်လိုလုပ်ရမလဲ ...သူမအပ်နိုင်တော့ပါဘူး ။သူမအပ်နိုင်ရင် အရှက်ကွဲတော့မယ် ..... သူဘယ်လိုလုပ်မလဲ ........ ။
အဖေကြိးခများ ခေါင်းမီးတောက်နေပါတော့တယ် .......... နေက်ဆုံးတော့ ငွေအလွဲသုံးစားလုပ်မှု့နဲ့ သူကို ရုံးကနေပြီး
ရဲစခန်းကိုအပ်လိုက်ပါတော့တယ် .......အဖေကြီးခမျာ ဘာမှမတတ်နိုင်တော့ ပါဘူး ........... ကံတ၇ားရဲ့ အပြစ်ပေးတဲ့ အတိုင်း
လက်ခံရတော့မယ်လေ ............သူ့သက်တန်းတလျှောက်မှာ အဲဒီလို အချုပ်ခန်းရောက်ဖို့နေနေသာသာ သူဟာ ဘယ်တုန်းကမှ
အပြစ်တခုတလေကိုမှ မကျူးလွန်ခဲ့ဖူးဘူး။အဖေကြီးမှာ အသက်ကလဲကြီးတော့ မိသားစု သားတွေသမီးတွေ အတွက် . သူဘဲ လာသမျှ
အခက်အခဲတွေကိုခံယူမယ်ဆိုတဲ့အတွေးက ရှိနှင့်ပြီးသား ဆိုတော့ ခုလိုကြုံလာတော့လဲ အေး2 ဆေး2နဲ့ပါဘဲ .မတုန်လှုပ်တော့ပါဘူး .
သူ့အတွေးက တကယ်လို သူသာ တုန်လှုပ်ခြောက်ခြားနေမယ်ဆိုရင်တော့ ကျန်တဲ့ သားသမီးတွေက ဘယ်လိုလုပ်မလဲ . သူ
အချုပ်ခန်းထဲကနေတွေးနေတယ် .ဒီအချိန် အိမ်မှာ သားတွေ သမီးတွေ ဘယ်လိုနေမလဲ ဘာနဲ့စားနေမလဲ ဆိုတာ . ဖခင်တယောက်ရဲ့
သားသမီးအပေါ်ထားတဲ့ ချစ်ခြင်း တွေပါ . ဘယ်လောက်ကြီမားလိုက်ပါသလဲနော် ......
ဒါပေမဲ့ အဖေကြီးအချုပ်ခန်းထဲအကြာကြီးမနေရပါဘူး . သူရဲ့ချစ်ခြင်းတွေကို ရောင်ပြန်ဟတ်တာပါ ... သူ့ရဲ ချစ်ရတဲ့သမီးအကြီးက
အလုပ်မှ ပြန်လာတော့ အဖေကြီးအဲလို ဖြစ်တယ် ဆိုတာ သိသိချင်း မဖြစ်ဖြစ်တဲ့နည်းနဲ့ အဖေကြီးကို အမှု့မှ ကင်လွတ်အောင်လိုက်လံ
ဖြေရှင်း ဆောင်ရွက် ပေးပါတယ် . အဖေကြိးကို အချုပ်ခန်းထဲကနေ ပြန်ထုတ် နိုင်ခဲ့ပါတယ် .
အဓိက ပြောချင်တာက ဖခင်တယောက်ရဲ့ မိသားစုအပေါ်ထားတဲ့ စိတ်ဓါတ်နဲ့ ချစ်ခြင်းတွေကို ပြောပြချင်လို့ ပါ .........
ဒီအကြောင်းလေး ကြားသိခဲ့ရတဲ့ မီးသခင် မှာ မျက်ရည်တောင်ကျမိပါတယ် ရင်ထဲမှာလဲ ကာယံကံရှင် တွေနဲ့ထပ်တူ ခံစားရပါတယ်
မီးသခင်လဲမီးသခင်ရဲ့သူငယ်ချင်းတယောက်ရဲ့သူတို့မိသားစုရဲ့အဖြစ်အပျက်ကို
ကိုယ်တိုင်ခံစားရေးလိုက်ရတာပါ ....
.မီးသခင်ဖေဖေနဲ့ တူတူ ... အဖေများအားလုံး ကို လေးစားဂုဏ်ယူမိပါတယ် .............. ဒါကြောင့် ဒီနေရာကနေပြီး မီးသခင် မီးသခင်ချစ်တဲ့ အဝေးမှာရှိနေတဲ့ ဖေဖေ့ကို ဒီနေရာကနေဘဲကန်တော့ပန်းဆင်ပါတယ် ..............
ချစ်ရတဲ့ဖေဖေ့ အပေါ်မှာ ကာယကံ.. ၀စီကံ... မနောကံ.... ကံသုံးပါးမှ တပါးပါးသော ကံ ဖြင့် ကျူးလွန် မိခဲ့သည်ရှိသော်.... ခွင့်လွှတ်ပါလို့လက်ဆုံမိုးပြီးကန်တော့ပန်းဆင်တောင်းပန်အပ်တယ်ပါတယ်............. ဖေဖေ သိပါစေ ...........
မြို့တော်မှ သူငယ်ချင်းများအားလုံးလဲ ဖခင်တန်ဖိုးကို မမေ့ဘဲ အမြဲသိပါစေလို့ စေတနာစကားပါးလိုက်ပါတယ် .နော် .
............................. အားလုံးပျော်ရွှင်ပါစေ ...........................
*♫♫* ☂ {{မီးသခင်}} ☂ *♫♫*
ချစ်သူမြို့တော်..
(.မှတ်ချက်.) မီးသခင် ရေးသားမှု့ မှားယွင်းနေမယ်ဆို၇င် ခွင့်လွှတ် နားလည်းပေးပါလို့ တောင်းပန်ပါတယ် .....