Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(၁၇)ရက်နေ့မှကျရောက်မယ့် ဖခင်များနေ့အတွက်အားလုံး ဂုဏ်ပြုကြရအောင် ရွှေမြိုတော်မိသားစုအမှတ်တရ

$
0
0


(အဖေများနေ့အမှတ်တရ)

17ရက်နေ့မှာကျရောက်မယ် ဖခင်များနေ့အမှတ်တရသူငယ်ချင်းအားလုံးလည်းရေးပေးပါလို့တိုက်တွန်းပါတယ်

"F" aithful.


"A" lways there.


"T" rustworthy.


"H" onoring.


"E" ver-loving.


"R" ighteous.


"S" upportive.

♥´လွမ်းတယ် ဖေဖေရယ်`♥

အဖေ
အဖေများနေကျရောက်လာပီ
ခေါ်စရာအဖေရယ်
 
အနားမရှိတဲ့သမီးအဖြစ်ပါအဖေ
အဖေကပြောခဲ့သမီးလူတွေကိုစာနာပါတဲ့
အကြင်နာတရားထားပါ

အဖေလူတွေကကြင်နာတတ်လို့လားအဖေ
လူတွေကိုသည်းခံစိတ်ရှိရမယ်တဲ့
အဖေလူတွေကသည်းခံလေပိုဆိုးလေ
နုံနေတယ်ထင်ကြတယ်အဖေ

လူတွေကိုသနားရမယ်
သူတို့ကသနားတဲ့စိတ်ကို
ဖျောက်ပစ်ကြတယ်အဖေ
သူတို့ကိုကူညီရမယ်
အဖေရယ်သမီးဒုက္ခရောက်ချိန်မှာ
ဘယ်သူမှအနားမှာမရှိပါဘူးအဖေ

တစ်ယောက်တည်း ပါပဲ ဖေဖေရယ်

တစ်ယောက်တည်းပါပဲ..

ဖေဖေရယ် သမီးလေ

လူအုပ်ကြီးဘေးမှာ

တစ်ယောက်တည်း အထီးကျန်ရပ်ရင်း

ဖေဖေသွားနှင့်တဲ့လမ်း

မျှော်ရည်မှန်းလို့..

လွမ်းတယ် ဖေဖေရယ်

အားလုံးကိုချစ်ခင်လေးစားလျှက်

ရှင်းသန့်မေ

 

♥´သမီးအတွက်လမ်းပြကြယ်`♥

 

 

ဖေဖေ...ဖေဖေခေါ်စရာကွယ်မရှိ

အဖေအရိပ်ကင်းမဲ့ခဲ့ပြီ

အဖေအရိပ်အစဉ်အေးမြ

အကာမရှိတဲ့အမိုး

ပရမ်းပတာ

နားခိုစရာရင်ခွင်မဲ့လို့

မိုးနဲ့အပြိုင်

ငိုပွဲဆင်လည်း

အဖေကတော့

ပြန်မလာလေပြီ

အဖေ..အဖေတစာစာအော်ငို

သမီးအသံမကြားလေပြီ

ရှိစဉ်ခါက သမီး အတွက်

အမှာစကားထားခဲ့တဲ့အဖေ

သမီး ဘယ်တော့မှမငိုနဲ့

လဲကျပြန်ထ

ဆိုတဲ့စကား

အဖေရယ်

သမီး ဒီတခါတော့ငိုပါရစေ

ဘ၀လောကဒဏ်ကြမ်းတမ်းလည်းပဲ

သမီးမငိုပါအဖေ

အဖေကိုတမ်းတစိတ်ကြောင့်ဒီတကြိမ်တော့

ငိုပါရစေအဖေ

အဖေ သေခြင်းတရားက မတားသာလို့

အဖေခေါ်သွားပေမယ့်

အဖေရယ်

သမီး စိတ်ထဲ

သမီး ဘ၀ထဲ

အဖေသာ အစဉ်

အဖေစကားအစဉ်မှတ်သား

သမီး ဘ၀အတွက် လမ်းပြကြယ်

အဖေအစဉ်လင်းနေပါတယ်

သမီးပြုသမျှကုသိုလ်တွေကို

အဖေကြားသိနိုင်ပါစေ

အနန္တဂုဏ်အင်ကျေးဇူးရှင်

အိုဖခင်

အားလုံးကိုချစ်ခင်လေးစားလျှက်

ရှင်းသန့်မေ

♥´ရှင်သန်နေဆဲပါ အဖေ`♥

အဖေ...သမီးချစ်သောဖေဖေ

အနစ်နာခံသောဖေဖေ

ပေးဆပ်လွန်းသောဖေဖေ

နာကျင်ခံကာပေးဆပ်ပေးခဲ့သောဖေဖေ

သန့်ရှင်းသောသစ္စာတရားတွေနဲ့ဖေဖေ

အနွံတာခံကာ ကျွေးမွေးခဲ့တယ်ဖေဖေ

ဘ၀မှာသမီးအတွက်

အလွန်ကြီးမား သန့်ရှင်းသော

ကရုဏာတရားတွေ


ဆပ်လို့မကုန်ဘူး ဖေဖေ

ထာဝစဉ်ပါ တည်မြဲနေမှာပါဖေဖေ

ဖေဖေရဲ့နူးညံ့တဲ့အချစ်တွေ

သမီးနှလုံးသားမှာ အစဉ် ကိန်းအောင်းနေမှာပါ


ထာဝစဉ်ပါ သာ ကိုယ်ကျိုးစွန့်နိုင်လွန်းတဲ့ဖေဖေ

ဖေဖေကိုသေခြင်းတရားကခေါ်သွား

ရှစ်နှစ်တိုင်ပေမယ့်လည်း

သမီးစိတ်၊သမီးနှလုံးသားမှာ


ခိုင်မြဲရှင်သန်နေဆဲပါအဖေ။

အားလုံးကိုချစ်ခင်လေးစားလျှက်

ရှင်းသန့်မေ

မနေ့တနေ့ကလိုပါပဲဖေဖေရယ်


မနေ့တစ်နေ့ကလိုပဲ.... အဖေရယ်
အဖေထားသွားခဲ့တာ
ရာသီ အလီလီပြောင်းခဲ့ပေမယ့်လည်း
သမီးစိတ်ထဲ
အဖေပုံရိပ်တွေ
ရှင်သန်နေဆဲပါအဖေ
အဖေ ထွက်သွားတဲ့ရက်ကို
အိပ်မက်တခုလိုပါပဲအဖေရယ်။


အဖေစကား
အဖေအားပေးမူ
အဖေရင်ခွင်
သမီးဝင်ကာနားခိုခဲ့တယ်အဖေ
အခုအဖေရင်ခွင်
အရိပ်မဲ့နေတဲ့
သမီးဘ၀က
ရေနဲငါးလိုပါပဲအဖေရယ်။

ဓူဝံကြယ်လေးကတော့
လမ်းမမှားအောင်လမ်းပြရှာပေမယ့်
အဖေ့ရဲ့ လမ်းညွှန်မှုမရှိလို့
သမီးအနာဂါတ်ဟာေ၀၀ါးနေဆဲပါအဖေ။

သမီးလဲကျတိုင်း
“ဘယ်တော့မှ မငိုနဲ့ ”ပြောခဲ့တဲ့
ဖေဖေ့ရဲ့စကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်ပြီး
လောကဓံရဲ့ မုန်တိုင်းကြား
ခဏ ..ခဏလဲကျခဲ့ပေမယ့်
သမီးဘ၀လောကဒဏ်ကို
ကြံ့ကြံ့ခံပြီး
ဘ၀ပန်းတိုင်ရောက်အောင်
 အားမာန်နဲ့ လှော်ခတ်ဆဲပါအဖေ။

သမီးဘ၀မှာ အဖေသာစံပြပါ
ဖေဖေကိုနမူနာယူလို့
ဖအေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ လှည့်ကွက်အောက်မှာ
လူးလိမ့်စွာကူးခတ်ရင်း
အဖေကိုလွမ်းဆွတ် သတိရဆဲပါ အဖေ။
ဖေဖေရဲ့စကားသံတွေ

ဖေဖေရဲ့ဆုံးမသံတွေမကြားရတာ

ရှစ်နှစ်ကျော်ခဲ့ပြီဖေဖေရယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်

 ရှင်းသန့်မေ

ကဗျာ များကို ဒီပိုစ်အောက်မှာတင်ပေးကြပါ

ကော်မက်နေရာမှာ

အားလုံးတစုတစည်းတည်း တင်ချင်လိုပါ။

ဖခင်များနေ့အတွက်မြိုတော်မိသားစုအမှတ်တရပိုစ်လေးတင်ချင်လိုပါ

ကော်မက်နေရာမှာလာရောက်ရေးသားပေးကြပါ

ကဗျာ(2)မှာလည်းတင်ပေးလို့ရပါတယ်

ဘလော့ပိုစ်ဖြစ်ဖြစ်ကဗျာဖြစ်ဖြစ်နှစ်သက်ရာရေးသားနိုင်ပါတယ် ။

အားလုံးကိုလေးစားလျှက်

ရှင်းသန့်မေ

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>