ဦးစွာပထမ မဂ်လာပါလို့ စာဖတ်သူတို့ကိုနှုတ်ခွန်းဆတ်သလိုက်ပါတယ်ခင်ဗျာ သီးစုံဟင်း ဆိုတာကတော့ စာဖတ်သူတွေ သိကြမှာပါ သစ်သီးတွေစုံလင်စွာနဲ့ချက်ထားတဲ့ ဟင်းကို ပြောတာပါ
ဒါပေမဲ့ စာဖတ်သူတို့ ဟင်းကောင်းကောင်း ထမင်းကောင်းကောင်း စားချင်ရင်တော့ သတိတော့ရှိရမယ် ဘာလဲဆိုတော့ စာဖတ်သူတို့ ချက်မဲ့ ဆန်ထဲမှာ စကွဲ ကျောက်ခဲ ပါလာလို့မရဘူးနော် အဲ့လိုပါလာရင်တော့ သီစုံဟင်းလေးနဲ့စားမဲ့ ထမင်းဟာ ကောင်းမှာ မဟုတ်တော့ပါဘူး
ဘာလို့လဲ ဆိုတော့ ချက်လိုက်တဲ့ ဆန်ထဲမှာ ပါလာတဲ့ စကွဲ ကျောက်ခဲတွေက ဖျက်လိုက်လို့ပဲ ကဲဒီတော့ ထမင်းမချက်ခင် ဆန်ထဲမှာ ပါလာတဲ့ စကွဲကျောက်ခဲတွေကို အရင်ဖယ်ထုတ်ရမယ်
စာဖတ်သူတို့ ချက်တာက ဆန်ကို ချက်တာပါ ကျောက်ခဲ စကွဲတွေကို ချက်တာ မဟုတ်ပါ ထို့ကြောင့် ဆန်ထဲမှာ ဆန်ကလွဲ၍ အခြား ဘာမှ ပါလို့မရပါ ပါလာခဲ့သောလဲ စကွဲပဲ ပါလာလို့ရပါတယ် ဘာလို့လဲ ဆိုတော့ စကွဲက ဆန်နဲ့ အလားအလာ တူနေလို့ပါပဲ အလားအလားမတူတာကတော့ ကျောက်ခဲပါပဲ အဲ့တော့ ကျောက်ခဲကို မဖြစ်မနေကို ဖယ်ထုတ်ရပါမယ် ဆန်ကို ပျက်အောင်လုပ်တာကလဲ ကျောက်ခဲပါပဲ ဘာလို့လဲဆိုတော့ ထမင်းစားလိုက်ရင် ကျောက်ခဲကို ကိုက်မိတာကများပါတယ် ထို့ကြောင့် ကျောက်ခဲ က စကွဲနဲ့လဲ သဏ္ဍန်မတူဘူး ဆန်နဲ့လဲ သဏ္ဍန်မတူဘူး ဆန်နဲ့ သဏ္ဍန်တူတဲ့ စကွဲကိုတော့ စားလို့ရပါတယ် ဒါပေမဲ့ ဆန်နဲ့သဏ္ဍန်မတူတဲ့ ကျောက်ခဲကိုတော့ စားလို့မရပါဘူး
နောက်ဆုံးပြောကြားချင်တာကတော့ စာဖတ်သူတို့ရေ ဆန်ထဲမှာ ပါနေတဲ့ ကျောက်ခဲကို ဖယ်ကိုဖယ်ထုတ်ရမှာပါ ဘာလို့လဲ ဆိုတော့ အဲ့ကျောက်ခဲက ဆန်ကိုဖျက်နေတာပါ ဘယ်လိုဖျက်လဲဆိုတော့ ဆန်ကောင်းကောင်း ချက်စားရင် အဲ့ဆန်ထဲမှာ ကျောက်ခဲပါသွားရင် အဲ့ဆန်က ပျက်ပါပြီ ထို့ကြောင် ဆန်ထဲက ကျောက်ခဲကို ဖယ်ထုတ်ကြရအောင်
ဆန်ထဲမှာ ပါနေသော ကျောက်ခဲကို ဖယ်ထုတ်ပြီး စာဖတ်သူတို့ရေ သီးစုံဟင်းကောင်းတစ်ခွက်နဲ့ ထမင်းမြိန်မြိန်စားကြမယ်
သီးစုံဟင်းတဲ့နော် လျှာလည်သွားမယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အားလုံးကိုလေးစားလျှက်
ရဲရင့်ရထာ