`ကလင် ကလင် ´´
ယွန်းသီရိ တစ်ယောက် မအိပ်ချင် သေးလို့ စာအုပ်ဖတ်နေစဉ် ဖုန်းလာလေသည် ..။
ယွန်းသီရိ တစ်ယောက် မအိပ်ချင် သေးလို့ စာအုပ်ဖတ်နေစဉ် ဖုန်းလာလေသည် ..။
``ဒီအချိန်ကြီးမှ ဘယ်ကဖုန်းပါလိမ့် ´´ တွေးရင်း နဲ့ ဖုန်း
ကိုင်လိုက်သည်..။
`` ဟလို......´´
`` ဟ မိုးဆွေ မိန်းမလား .. ဒီကောင် ငါ့ကို မိန်းမယူတာတောင် မဖိတ်ဘူးကွာ
ကဲ နင့်ယောကျာ်းကိုခေါ်ပေးပါဟာ ..´´
ယွန်း သီရိတစ်ယောက် 100ဒီဂရီ ဒေါသထွက် သွားသည် .... ။
ကိုင်လိုက်သည်..။
`` ဟလို......´´
`` ဟ မိုးဆွေ မိန်းမလား .. ဒီကောင် ငါ့ကို မိန်းမယူတာတောင် မဖိတ်ဘူးကွာ
ကဲ နင့်ယောကျာ်းကိုခေါ်ပေးပါဟာ ..´´
ယွန်း သီရိတစ်ယောက် 100ဒီဂရီ ဒေါသထွက် သွားသည် .... ။
“ဘာရှင့်......ကျွန်မကအပျိုရှင့် ဘယ်ကမိုးဆွေမိန်းမလည်း´´
``ရှင်ဘာတွေ လာကြောင်နေတာလည်း ..´´
``ဟာ ဒီဖုန်းနံပတ်က မိုးဆွေတို့အိမ်က ဖုန်းနံပတ်မဟုတ်ဘူးလား
ဒီနံပတ်လေ 01........ ´´
``ဟုတ်တယ် ဖုန်းနံပတ်ကတော့ ဟုတ်တယ် ဒီအိမ်မှာ မိုးဆွေ လည်းမရှိဘူး
မိုးဝေလည်းမရှိဘူး..´´
`` ဟာ .. ဟုတ်လို့လား ကျွန်တော့်သူငယ်ချင်း
မိုးဆွေက ဒါသူ့အိမ်ဖုန်းပါတဲ့ ဆက်လိုက်သူရှိတယ်ဆိုလို့ ဆက်လိုက်တာ ..´´
မိုးဆွေက ဒါသူ့အိမ်ဖုန်းပါတဲ့ ဆက်လိုက်သူရှိတယ်ဆိုလို့ ဆက်လိုက်တာ ..´´
`` မဟုတ်ဘူး ရှင် ဖုန်းမှားနေတယ် ..ဒါပဲ´´ ယွန်းသီရိ တစ်ယောက်ပြောပြောဆို
ဆို နဲ့ဖုန်းချလိုက်သည်..။
`` ဟလို ... ဟလို ..ဟာ ဖုန်းချသွားပြီ..´´
......................... မိုးဆွေ ဒီကောင်ငါ့ကို ပေးသွားတာဒီဖုန်းနံပတ်ပါ ဘာကြောင့် ဖုန်းက မှားသွား ရတာလည်း ... ဟာကွာ နှစ်လနေလို့
တစ်ခါတောင်မတွေ့ ဖြစ်တဲ့ သူငယ်ချင်းတွေ ဟိုတလောက ကျွန်တော်သင်တန်းတတ်နေစဉ် ဒီကောင့်ကိုတွေ့လို့ ဖုန်းနံပတ်တောင်း လိုက်တာသူငယ်ချင်း နှစ်ယောက် စကားလေး ဘာလေး ပြောရင်း ဘာလေးညာလေး ဆွေးနွေး ရအောင်အခုတော့ ဒီကောင်ပေးလိုက်တဲ့ ဖုန်းနံပတ်က မှားနေတယ်တဲ့ ... 10 တန်းစာမေးပွဲ ဖြေပြီးကတည်းက မတွေဖြစ်ကျတော့တာ အခုတွေ့လို့ ဖုန်းနဲ့
စကားပြောမယ်လုပ်တော့ နံပတ်မှားနေတယ် စိတ်ညစ်လိုက်တာကွာ..။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မြတ်ကို တစ်ယောက် သင်တန်းကို အပြေးသွားရသည် ..။ တက္ကသိုလ် ဘွဲသာရပြီးတာ အလုပ်ဝင်လို့မရသေးဘူးဆို နဲ့ဖုန်းချလိုက်သည်..။
`` ဟလို ... ဟလို ..ဟာ ဖုန်းချသွားပြီ..´´
......................... မိုးဆွေ ဒီကောင်ငါ့ကို ပေးသွားတာဒီဖုန်းနံပတ်ပါ ဘာကြောင့် ဖုန်းက မှားသွား ရတာလည်း ... ဟာကွာ နှစ်လနေလို့
တစ်ခါတောင်မတွေ့ ဖြစ်တဲ့ သူငယ်ချင်းတွေ ဟိုတလောက ကျွန်တော်သင်တန်းတတ်နေစဉ် ဒီကောင့်ကိုတွေ့လို့ ဖုန်းနံပတ်တောင်း လိုက်တာသူငယ်ချင်း နှစ်ယောက် စကားလေး ဘာလေး ပြောရင်း ဘာလေးညာလေး ဆွေးနွေး ရအောင်အခုတော့ ဒီကောင်ပေးလိုက်တဲ့ ဖုန်းနံပတ်က မှားနေတယ်တဲ့ ... 10 တန်းစာမေးပွဲ ဖြေပြီးကတည်းက မတွေဖြစ်ကျတော့တာ အခုတွေ့လို့ ဖုန်းနဲ့
စကားပြောမယ်လုပ်တော့ နံပတ်မှားနေတယ် စိတ်ညစ်လိုက်တာကွာ..။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘာသင်တန်း တတ်မှ ညာသင်တန်းတတ်မှ နဲ့ သူတို့တွေ တတ်ခိုင်းတဲ့သင်တန်း ကိုတတ်ရသေးသည်..။
မြတ်ကိုတစ်ယောက်သင်တန်းမှား ကောင်မလေးတစ်ယောက်ကို ကြွေနေသည်သို့သော်ဖွင့်မပြော ရဲပေ... ကြိုက်နေသည်သာ ဆိုသည်နာမည်တောင် မသိသေးပေအဲ့လောက် သတ္တိရှိတာ အဲ့တော့ သင်တန်းက သူငယ်ချင်း တွေက `` အေးမင်းဒီတသက်
မိန်းမမပြောနဲ့ ရည်းစားတောင်ထားဘူးမှာ မဟုတ်ဘူးလို့ အဲ့လောက် အားပေးတာ´´
ဒါပင်မယ့် ဘာပဲပြောပြောပါ ဒီကောင်မလေးကို သူချစ်သည်..။ မိုးဆွေကိုတောင်တစ်ခါက ပြောပြလိုက်သေးသည် အဲ့ကောင်မလေးကိုပေါ့ကွာ ငါကြွေနေတာလေဆိုပြီးတော့ ပြောပြလိုက်သေးသည်...။
အဲ့လိုနဲ့ သင်တန်းဆင်းလို့ အိမ်ပြန်လာ ဘာအလုပ်မှမရှိ ညနေရောက်တော့ရေမိုးချိုးပြီးတော့ ထမင်းစားတာပေါ့ ပြီးတော့ တီဗီ ကြည့် နောက်တော့အတွေးထည်း တစ်ခုဝင်လာတယ်.. မနေ့က မိုးဆွေ ပေးလိုက်တဲ့ ဖုန်းမကျေနပ်ဘူး
ပြန် ဆက်ကြည့်မယ် ဆိုကာ ပေးထားတဲ့ နံပတ်တွေ ပြန်နှိပ် ....။
``ကလင် ..ကလင်..´´
ယွန်းသီရိတစ်ယောက် ကိုင်လိုက်သည် .. `` ဟလို ....´´
ဟိုးအသံကိုဒီတစ်ခါသေချာကြားလိုက် ကတော့အတော်နားထောင်လို့ကောင်းသည်
ဘယ်လိုကြောင့် ရယ်မသိပါဘူး အသံလေးကို ဆက်နားထောင်ချင်မိတယ်....
`` မနေ့က ကိစ္စလေး တောင်းပန်ချင်လို့ပါ ...´´
``ဘယ်မနေ့ကလည်း ဘာလည်း မသိပါဘူး ´´
``ဟိုလေ မနေ့က ကျွန်တော့် သူငယ်ချင်း ရဲ့ မိန်းမလို့ပြောမိတဲ့ လူပါ
အဲ့ဒါလေ မှားသွားလို့တောင်းပန်ချင်လို့ပါ ..´´
အမှန်တကယ်ကမကျေနပ်ဘူးဆိုပြီး တော့ ထက်ဆက်တာ ပြောထွပ်တာက တမျိုးဖြစ်သွားသည်...။
``အော် ..ရှင်ကို ဟင်းနောက်ဆို မမေး မမြန်းပဲ နဲ့ အဲ့လို
ရမ်းမပြောပါနဲ့ ဟင်း.......´´ ယွန်းသီရိမဲ့ကာပြော လိုက်သည်
မျက်နှာကိုမဲ့ ပြောသည်သို့သော် မြတ်ကိုမမြင်ပါ..ဘယ်မြင်မှာလည်း ဖုန်းထဲမှာကို..။
`` ဟုတ် ကျွန်တော် ဆင်ခြင်ပါ့မယ် ဗျာ.. ´´ ``ကျွန်တော်
မေးချင်တာလေး ရှိလို့မေးလို့ရမလား ..´´
``ဘာမေး မလို့လည်း ပြောကြည့်လေ ကျွန်မအတွတ် ဖေလို့ရတဲ့မေးခွန်း ဆိုဖြေမှာပေါ့..´´
``ဟို...ဟို.လေ နာမည်လေးက ဘယ်လိုခေါ်လည်းမသိဘူး.. တမျိုးမထင်ပါနဲ့နော်
မိတ်ဆွေ အဖြစ်ခင်ချင်လို့ပါ´´
အဲ ယွန်းသီရိတစ်ယောက် နာမည်အမှန်ပြောရမလား မပြောရဘူးလား စဉ်းစားလေသည် နောက်တော့ ..
``ကျွန်မနာမည် က ဆောင်းနှင်းကဗျာ ပါ ´´ ``ဟာ...လှလိုက်တဲ့
နာမည်ဗျာ...´´
ယွန်းသီရိတစ်ယောက်ရည် ချင်မိသွားသည်..။ ``ဒါနဲ့ အသက်ကကော ...´´
``21 ပါ ..ဒါနဲ့ ရှင်ကပဲ မေးနေတယ် ´´ အဓိပ္ပာယ် ပါပါပြောလိုက်သော
စကားကြောင့် မြတ်ကိုတစ်ယောက် အင်း
``ကျွန်တော့်နာမည်က .... ရဲရင့်နောင် ပါ ..အသက်က မင်းနဲ့အတူတူပဲ
..နေတာကတော့ အိမ်မှာ..အဟဲ..´´
တစ်ယောက်နဲ့တစ်ယောက် စကားပြော နေရင်းခင်မင်မှု ရလာသလို စကားပြောရတာ
ပျော်ရွင်လာသည်..။
မြတ်ကို တစ်ယောက်က အပြင်မှာသာ မိန်းကလေးတွေကို စကားလိုက်မပြောရဲတာ
ဖုန်းထည်းမှာတော့ သွပ်တယ်ဗျာ.. အင်းပေါ့ ကိုမြင်ရတာမှမဟုတ်တာ ..။
++++++++++++++++++++++++++++++++++++++++++++++++
နောက်တနေ့ သင်တန်းကို မြတ်ကိုတစ်ယောက် စောပြီးတော့ ရောက်နေသည်...။
သူငယ်ချင်းတစ်ယောက် ရောက်လာသည် မြတ်ကို ကိုယ်လှည့်ပတ်ကြည့်သည်
မျက်လုံးတွေ ပွတ်ကြည့် သည် ``ဘုရား....ဘုရား..´´ ပါးစပ်ကလည်း
ဘုရားတသွားသည်...။
``ဟေ့ယောင် မင်းကဘာဖြစ်တာလည်းကွ ငါ့ကို မမြင်ဘူးတဲ့ နတ်တပါးကို
မြင်ရသလိုပဲ ကြည့်နေတာက..´´ ပြောလိုက်ပုံက အဲ့လို..
``အောင်မယ် မင်းကိုပဲ မမြင်ဘူးတဲ့နတ်လို့ အထင်နဲ့ကြည့်နေတာ မဟုတ်ဘူး သရဲ
လားလို့ကြည့်နေတာ ´´
``တခါမှ သင်တန်းစောစော မရောက်တဲ့ မင်းကအခုစောလို့ ကဲ
ပြောဘာစိတ်ကူးပေါက်လို့လည်း ဘာလည်း မင်းအိမ်က နှင်ထုပ်လိုက်လို့လား..´´
``ဟ ဟေ့ကောင်ရ အိမ်ကငါ့ကိုနှင်ထုပ်စရာလား ငါ့ဘာသာ
စောစောလာချင်လို့လာတာ..´´.....``အေးပါအေးပါ..´´
နောက်တော့သင်တန်းသားတွေများလာသည် ဆရာ ရောက်လာသည် စာသင်နေချိန်တွင်
မြတ်ကို ကြည့်နေတာက သူစိတ်ထဲတွင်ချစ်နေရသော မိန်းကလေး နာမည်မသိ နေရပ်မသိ
သောမိန်းကလေးတစ်ယောက်ကို ဘယ်လိုများ ချစ်မိနေတာလည်း အချစ်မှာကော
ဒါတွေလိုအပ်လား မသိတော့ပါဘူး တစ်ခါမှရည်းစား မထားဘူးသော မြတ်ကို
တဖတ်သက်အချစ် တွေကိုခံစားနေသည်..။
သင်တန်းပြီးလို့ အိမ်ပြန်ရောက်တော့ လည်း လုပ်နေကြ အလုပ်တိုင်းပင် ရေချိုး
ထမင်းစားတီဗီကြည့် နောက်တော့ ဖုန်းခွက် နားသို့ ရောက် သွားလေသည်..
လက်သည် အလိုလိုမှတ်မိနေသော နံပတ်များ ကိုနှိပ်လိုက်သည်..။
``ကလင်....ကလင်..´´ ယွန်းသီရိ တစ်ယောက် ထသွားသည် ဖုန်းကောက်ကိုင်လိုက်သည်...
``ဟလို ..အမိန့်ရှိပါရှင်..´´ ``ဟလို ... ဆောင်းနှင်းကဗျာ လားမသိဘူး
ကျွန်တော်ပါ ... ရဲရင့်ပါ ..´´
``အော် ... ကိုရဲရင့် ဘာကိစ္စရှိလို့လည်း မသိဘူး...´´ မြတ်ကိုနင်သွားသည်
..ဘာပြောရမှန်းမသိဖြစ်သွားသည်နောက်တော့..။
``အော် .. ဘာရယ်တော့ မဟုတ်ပါဘူး စကာလေးဘာလေး ပြောရအောင်လို့
ဆက်လိုက်တာပါ ကျွန်တော့်မှာက မိတ်ဆွေ သိပ်မရှိဘူးလေ အဲ့တော့ ညဘက်တွေ
ဆိုတော့လည်း အစောကြီး အိပ်လေ့ မရှိတော့ ပြီးတော့ တီဗီလည်း မကြည့်ချင်တာ
နဲ့ ကဗျာ့ဆီကို ဖုန်းဆက်လိုက်တာပါ .... ကျွန်တော့် ကြောင့် အနှောက်
ယှက် ဖြစ်တယ်ဆိုရင် တောင်းပန်ပါတယ် ဗျာ ..´´
မြတ်ကိုတစ်ယောက် အသံကိုနှိမ့်ပြောလိုက်သည်...။
မိန်းကလေး အများစုဟာ သနားတတ်တယ် ကြင်နာတတ်တယ် စိတ်မကောင်းဖြစ်တတ်တယ်
..။ ဒီတော့ ယွန်းသီရိ လည်း မိန်းကလေးတစ်ယောက်ပဲလေ အဲ့တော့ မြတ်ကို
ရဲံအသံလေးကို သနားမိသွားတယ် ..။
``မဟုတ်ပါဘူး ရပါတယ်... အနှောက်ယှက်မဖြစ်ပါဘူုး... ကဲပြော ဘာပြောချင်လို့လည်း..´´
``ဟိုလေ အော် ဒီလို..´´ ဆိုကာ မြတ်ကို တစ်ယောက် စကားကို အဆက်မပြက်ပြော
တော့သည်...။
ဟာသတွေ ပြောပြလိုက် ဟိုအကြောင်းပြောလိုက် ဒီအကြောင်းပြောလိုက်နဲ့
ယွန်းသီရိတစ်ယောက်လည်း ပျော်ရွင် နေခဲ့မိတယ် မြတ်ကိုအပြောမှာ ပေါ့..။
***********************************************
အဲ့လိုနဲ့ ရက်ပေါင်းများလာတော့ ......ဖုန်းပြောတဲ့
တနေ့မှာပေါ့......``ကဗျာ့မှာ ချစ်သူရှိလား..´´
ကဗျာ့ဘက်မှ အသံတိတ်စိတ် သွားသည် `` မရှိပါဘူး ...ဘာဖြစ်လို့မေးတာလည်း..ဟင်..´´
``ကျွန်တော် လေ အခုလို မိန်းကလေးတစ်ရောက် နဲ့ ဖုန်းတွေနေ့တိုင်းလိုလိုပြော ဘူးတာ ကဗျာ့ နဲ့က ပထမဆုံး အကြိမ်ပဲ ကဗျာ...
ကျွန်တော် အမှန်တိုင်းပြောရရင် ပထမဆုံး စပြီးတော့ ဖုန်းပြောတဲ့ နေ့မှာရင်တွေ ခုန်မိတယ်.. ဘာကြောင့်လည်း တော့မသိပါဘူး ကြာလာတော့ ကော ဆိုတော့ကဗျာနဲ့ ဖုန်းမပြောရရင် မနေတတ်တော့ဘူး ကဗျာ ... ဒါဘာကြောင့်လည်းဆိုတာ
ကဗျာ သိမှာလား..´´
တချိန်မှာ ဒီလို ဖုန်းကိုအကြာကြီး နေ့တိုင်း လက်ခံစကားပြောရင်တနေ့တော့ဒီလိုဖြစ်မယ်ဆိုတာကို ယွန်းသီရိတစ်ယောက် တွေးမိပြီးသားပါအဲ့တော့ ... ကိုယ့်ကိုပြန်မေးတယ် .... ကိုယ်လည်းဒီအတိုင်းပဲ
ဘယ်ယောကျာ်းလေး နဲ့မှ ဒီလို ဖုန်းကို အကြာကြီး နေ့တိုင်းမပြောဘူးတဲ့မိန်းကလေးတစ်ယောက် ရဲရင့် နဲ့ ကျတော့ ဘာကြောင့်
အမြဲတမ်းလိုလို လက်ခံစကားပြောမိတာလည်း ...စဉ်းစားနေချိန်တွင် ..
``ဟလို ကဗျာ နားထောင်နေပါတယ်နော်... ကျွန်တော်ပြောတာကော ကြားရဲ့လား..´´
``ဟုတ်ကြားပါတယ် ..´´ ``ကဗျာ ရယ် ကျွန်တော်ပြောချင်တာကတော့
ကျွန်တော့် ရဲ့ နှုတ်က ဘယ်မိန်းကလေး ကိုမှ တစ်ခါမှ မပြောဘူးတဲ့
စကားတစ်ခွန်း ပြောချင်တယ် ကဗျာ့ကို ချစ်တယ် .....´´
ကဗျာ ရင်ခုန်သံ မြန်သွားသည် .......။ `` ဟုတ် ကျွန်မ စဉ်းစား
ပါရစေဦး ကို ရဲရင့်..´´
နောက်တော့ ဖုန်းချသွားသည်....။
နောက်တနေ့ကျတော့
``ကဗျာ ...ကဗျာ့ကိုလေ ကျွန်တော် ပုံပြင်တပုဒ် ပြောပြမယ် နားထောင်မှာလား..´´
``အင်းပြောလေ ကဗျာ နားထောင်နေတယ်...´´ အခြေအနေတွေက
အဲ့လိုဖြစ်နေတဲ့အထိရောက်သွားပြီ..
``ကျွန်တော် အကောင်လေးနှစ်ကောင် ဖမ်းလာတယ် ဗျာ ရှင့်ဆိုတဲ့အကောင်လေး ရယ် ..´´
“ မျောက် ကလေးရယ်ဖမ်း လာမယ်ဗျာ အဲ့မှာ ကဗျာက ဘယ်အကောင်ကို ချစ်လည်း ပထမဆုံးပြောတဲ့ စကားကိုအတည်ယူမှာနော်.”
“ကိုရဲ ရင့် ဒီစကားတွေက ကလေး တွေ ပြေနေကျစကားလေး တွေ ပါ ဟင်း ကျွန်မက ရှင်ချစ်တယ်လို့ ပြောရင် ရှင့်ကို ချစ်ပါတယ်လို့ ဆိုပြီးတော့ ရှင်က ယူမယ်မဟုတ်လား...”
“ ဟုတ်ပြီ ကျွန်တော် အတည် ယူလိုက်ပြီ ကဗျာ ပြောခဲ့တဲ့ ပထမဆုံး စကားက ရှင့်ကို ချစ်တယ် ဆိုတာပြောသွားတယ်နော်..”
ရဲရင့်လူလည် ကျပြီ ဒါကို ယွန်းသီရိ တစ်ယောက် သိလိုက်ပြီ ပြန်ငြင်းသည်..။
“မဟုတ်ဘူးလေ ကျွန်မ ပြောတာက အဲ့လို အဖြေပေးရင် အဲ့လို ဖြစ်မယ်လို့ပြောပြတာလေ အဲ့အဖြေကမပေးရသေးဘူးလေ ..”
“မရဘူးးလေ ကျွန်တော် ပြောလိုက်ကတည်းကပထမဆုံး ပြောတဲ့စကားကို အတည်ယူမှာလို့ပြောထားတယ်လေ..ဟဟဟဟ”
“မရဘူး အဲ့ဒါ လူလည်ကျတာပဲ မရဘူးနော် ..ဟင်း...”
ယွန်းသီရိတစ်ယောက် စိတ်ထဲတွင်မငြင်းချင်တော့ပါ .. ပါးစပ်ကသာပြောနေတာ စိတ်ထည်းတွင်ရဲရင့်ကို မငြင်းပါ..။
နောက်တော့ မြတ်ကိုက
နောက်တော့ မြတ်ကိုက
“ကဗျာ ကျွန်တော်တို့ အပြင်မှာတွေ့ကျရအောင်နော် ဘယ်လို လည်းဟင်..ကဗျာ ..တနေ့လောက်တွေ့ကျရအောင်.”
ယွန်းသီရိတစ်ယောက် စဉ်းစားလိုက်သည် ပြီးတော့ “အင်းတွေ့ကျမယ်လေ သဘက်ခါ အင်းယားကန်ဘောင်ကိုလာခဲ့လေ အဲ့မှာ စာင့်နေမယ် ဘာဝတ်လာမလည်းဆိုတော့ ထဘီပန်းရောင် နဲ့ အဂျီ က ကိုယ့်ဘာသာရှာကြည့်တော့ ဆံပင် ရှည်တယ်နော် ကဗျာက..ညနေ4နာရီလောက် ဒါပဲ...”
ကဗျာတစ်ယောက် သူပြော ချင်တာပြောပြီးတော့ ဖုန်းချသွားသည်...။
######################################################
ချိန်းထားနေ့ကဒီနေ့ ကဗျာ နဲ့ ချိန်းထားသည် ဖုန်းထဲမှာတော့ အဆင်ပြေ လို့ အပြင်မှာ ဘယ်လိုတွေ့ရင်ဘယ်လိုပြောရပါ့မတုန်းလို့ မြတ်ကိုတစ်ယောက် စဉ်းစားလေသည်... ထိုသို့နှင့် ညနေ 4 နာရီ အင်းယားကန်ဘောင်လို့ ရောက်သွားလေသည်..။
မြတ်ကိုတစ်ယောက်ရှာ သည် ထဘီပန်းရောင် အင်းကန်ဘောင်ရဲ့ ခုံတန်းလေး တစ်ခုမှာ ထိုင်ကာ မိန်းကလေးတွေရဲ့ ထဘီအရောင်လိုက်ကြည့် နေရသည် သေချာလည်းမကြည့်ရဲ ပေတော်ကြာနေ နှာဘူး ဆိုပြီးတော့ ခပ်စွာစွာ ကောင်မလေးတွေနဲ့တွေ့ရင် ပြေးပေါက်မှားနေဦးမယ်ဆိုကာ သေချာတော့မကြည့်ရဲပေ...။
နောက်တော့ 4 နာရီသာကျော်သွားတယ် ကဗျာ ရောက်မလာပါ စိတ်ပေါက်ပေါက် နဲ့ ပြန်မယ်လိုပ်တော့ ကန်ဘောင်ကို ဥိးတည်ပြီးတော့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် လမ်းလျှောက်လာ မြတ်ကိုတစ်ယောက် သေချာကြည့်လိုက် သည်ပန်းနု ရောင် ထဘီလေး နဲ့ အပေါ်က ရင်ဖုံးအဂျီ လေးနဲ့ ဆံပင်က ခါးထိ ရှည်ကျနေတဲ့ဆံပင် မျက်နှာကိုသေချာကြည့်လိုက်တော့ မြတ်ကိုတစ်ယောက် ရင်ခုန်နှုနှ်းတွေ မြန်သွားသည်....။
သင်တန်းမှ သူကြွေနေသော မိန်းကလေး ဖြစ်နေသည်...။ ဘေးနားကကောင်လေးကိုမြတ်ကို ကြည့်မိလိုက်သည်....။
ဟာ မိုးဆွေ သူငယ်ချင်း သူတို့တွေက ဘာတေါလည်း ဘယ်လို ပတ်သက်နေတာလည်း သူကြည့်နေစဉ်မှာ ပဲ ထိုမိန်းကလေးက မိုးဆွေလက်ကို ကိုင်လိုက် ပခုံးကို ဖတ်လိုက်နဲ့ မြတ်ကို တစ်ရောက် မတ်တက် ဆက်ရက်ဖု့်အား ကုန်ခမ်းသွားသည် ဒီမြင်ကွင်းကို
ဘယ်အားနဲ့ကြည့်ရပါ့မလည်း မြတ်ကိုတစ်ယောက် လှည့်ပြန်တော့မယ် အလှည့်မှာ
“ ဟေ့ယောင် မြတ်ကို ဘယ်သွားမလို့လည်း လာပါဦး မင်းကိုမိတ်ဆက် ပေးမလို့ကွ ..” သူငယ်ချင်း ရဲ့ခေါ်သံကြားတော့ မငြင်းချင်တာနဲ့
“ ဟာ ဟေ့ယောင် မိုးဆွေ မင်းကလည်း အခုမှပဲတွေ့တော့တယ် မင်းဘာလာလုပ်တာလည်း ဒါ မင်းမိန်းမလား..” မျက်နှာကို အတင်းပြုံးပြီးတော့ ခပ်တည်တည်နဲ့ ပြောလိုက်တော့...
“အေး ဟုတ်တယ် သူငယ်ချင်း ..” ဒီလိုစကားကြားတော့ မြတ်ကို ဘာပြောလို့ပြောရမှန်းမသိတော့ဘူး
“ နောက်တာပါကွာ ဒါငါ့ညီမ ဝမ်းကွဲကွ မင်းသင်တန်းမှာ ချစ်တယ်လို့ ပြောခဲ့တဲ့ ကောင်မလေး ပေါ့ ငပေါ ငတုန်း မင်းကိုပေးလိုက်တာ သူ့ရဲ့ဖုန်းနံပတ်ပေါ့ကွ သူကလည်းအစောကတည်း သိတယ် မင်းဆိုတာ ငါပြောပြထားတာကို မင်းအကြောင်း ငါ့ကိုပြောပြတယ်... ဟင်း မင်းက အပြင်မှာသာ မပြောရဲတာ တဲ့ ဖုန်းထည်းမှာကျတော့ သွပ်သလားမမေးနဲ့တဲ့ ငါ့ကောင်ရာ ..သွား မင်းစကားပြောကြည့်လိုက်ဦး .. ကောင်းတယ်နော် ညီမကို ရည်းစားစကားပြောဖို့ အကိုက ဆက်သွယ်ပေးရတယ်လို့ မင်းနော် ..မင်း..”
“အဟဲ အခုမှပဲ အရမ်းတော်တဲ့ ယောက်ဖ သူငယ်ချင်း ကျေးဇူးတင်တယ်ကွာ..အဟဲ ..”
“ ကဗျာ ကိုလေ ကဗျာ့ကို ကျွန်တော်ဖုန်းထည်းမှာ ပြောခဲ့သလိုပေါ့ နော် ကဗျာကျွန်တော့်ကို ပြန်ချစ်နိုင်မလားကဗျာ..”
“ဟင်း ရည်းစားစကားလည်း ပြောချင်သေးတယ် နာမည်ကိုလည်း မသိဘဲနဲ့များ..ကျွန်မနာမည်က ယွန်းသီရိတဲ့ ဟင်း ကဗျာမဟုတ်ဘူး..”
“ အော် ဒါဆိုလည်း သီရိ ပေါ့ဗျာ နော် ကျွန်တော့် အချစ်ကို လက်ခံပေးပါလား နော်..”
မြတ်ကိုတစ်ယောက်ပြော ရင်း ပြောရင်း လက်က သီရိ လက်ုကို ကိုင်လိုက်သည် ..။
“အောင်မယ် .. ကြည့်စမ်း သူ့ကို ဘယ်သူက ချစ်ပါတယ်လို့ပြောလို့လည်း ..လက်ကိုလာကိုင်နေတယ် ဟိုမှာနော အကိုပါတယ် တိုင် လိုက်မှာ နော် ..”
“တိုင်လို့မရတော့ဘူးလေ .. ယောက်ဖက သဘောကောင်းတယ် မင်းထက်မလိမ်ပါနဲ့တော့ကွာ မင်းအစောကချစ်တယ်လို့ပြောလိုက်တယ်လေ...”
“အယ် ဘယမှာပြောလို့လည်း ..ယူ့ကိုဘယ်မှာပြောလို့လည်း.. တစ်ခါမှလည်း ချစ်ပါတယ်လို့မပြောဘူးနော်..”
“ ဟောတွေ့လားအစောကပြောလိုက်တယ်လေ ချစ်တယ် လို့ ဒါဆို ခဏလေး ဖုန်းခေါ်လိုက်မယ် ဆိုကာ မြတ်ကိုတစ်ယောက် ဖုန်းလေးထုပ်လိုက် သည် နောက်တော့ သီရိ လက်ကိုင်ဖုန်းနံပတ်ကို လုပြီးတော့ကြည့်လိုက် သည် နောက်တော့ ဖုန်းခေါ်လိုက်သည်..။
သီရိ ဖုန်းလေး ကိုင်လိုက် သည် ... “ ကဲ အဖြေ ပေးတော့လေ သီရိ ရယ် ကို့ကိုယ် မနှိပ်စက်ပါ နဲ့တော့နော်.. ကိုယ်သီရိကို အရမ်းချစ်တာပါ နော် ပြောလေ သီရိ ကိုယ့်ကို အဖြေပေးပါတော့ နော် ...”
“ အင်း မျောက်ကိုတော့ မချစ်ဘူးနော် ...ကျွန်မချစ်တာ ...”
မြတ်ကို တစ်ယောက် သီရိကိုဖတ်လိုက်တော့ သည် ..။
“ဟာ ... အဖြေတောင်မပြောရသေးဘူး ဒါမျိုးကျတော့ သွပ်တယ်နော်..”
အင်းယားရဲ့ ညနေအလှနဲ့ အသစ်စက်စက် ချစ်သူရည်းစားလေး ထိုင်ခုံလေး တစ်ခုအပေါ်တွင် ဖုန်းလေး တစ်ယောက်တလုံး ကိုင်လို့ ဓာတ်ပုံလေး ရိုက်နေ သည် ..။
ထို့နောက် ချစ်သူနှစ်ဥိး ပါလာတဲ့ ဘောပင်လေး နဲ့ ထိုင်ခုံလေးတွင် အမှတ်တရ စာလေး ရေးသားခဲ့သည် .....။ အောက်ပါအတိုင်း
“ ဖုန်းချစ်သူ ” တို့နှစ်ဦး ရဲ့ အမှတ် တရ ထိုင်ခုံ.........
(ချစ်ဦးမောင် )***### ကိုယ်တိုင် ခံစားရေးသားတင်ဆက်သည်..။
ကြိုးစားပါဦးမည်..။
်