Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အသက်အလိုက် မိန်းခလေးတွေရဲ့ စံနှုန်းများ

$
0
0

အသက် (၂၂) စံနှုန်း

(၁)  ရုပ်ဖြောင့်ရမည်
(၂)  စွဲဆောင်မှု့လည်းရှိရမည်
(၃)  ချမ်းသာရမည်
(၄)  မိမိစကားကို ဂရုတစိုက်နားထောင်တက်တဲ့ သူလည်းဖြစ်ရမည်
(၅)  စကားပြောလည်းကောင်းရမည်
(၆)  ခနာကိုယ်ကြည့်ကောင်းတဲ့သူလည်း ဖြစ်ရမည်
(၇)  ၀တ်တာစားတာ စတိုင်(လ်) ရှိရမည်
(၈)  အကောင်းမြင်ဝါဒီသမားလည်းဖြစ်ရမည်
(၉)  အံသြစရာကောင်းတဲ့ အတွေးပိုင်ရှင်မျိုးလဲဖြစ်ရမည်
(၁၀) စိတ်ကူးယဉ်ဆန်ဆန် ချစ်ပြတက်သူလဲဖြစ်ရမည်
(၁၁) ပညာတက်တစ်ယောက်လဲ ဖြစ်ရမည်
(၁၂) မိမိစိတ်ကောက်တာကို စိတ်ရှည်စွာချော့မော့တက်သူ ဖြစ်ရမည်
(၁၃) တစ်ကိုယ်ကောင်းမဆန်တက်သူလဲ ဖြစ်ရမည်

အသက် (၃၂) စံနှုန်းများ
(၁)  ကြည့်ကောင်းရမယ် (အသင့်တင့်ပေါ့ ထိပ်တော့မပြောင်ရ )
(၂)  ဦးစားပေးတက်ရမယ်
(၃)  စားသောက်ဆိုင်မှာ ညစာကောင်းကောင်းကျွေးနိုင်တဲ့ ၀င်ငွေရှိရမယ်
(၄)  အပြောထက် နားထောင်ကောင်းတဲ့သူ ဖြစ်ရမယ်
(၅)  ပာာသပြောတဲ့အခါ ရယ်ရတဲ့အချိန်မှာမှ ရယ်မောတက်တဲ့သူဖြစ်ရမယ်
(၆)  ဈေးသွားရင် ဈေးခြင်းတောင်း ကူညီကိုင်ပေးတဲ့သူ ဖြစ်ရမယ်
(၇)  အနည်းဆုံး မိမိစကားတစ်ခွန်းကိုတော့ လိုက်နာပေးတဲ့သူ ဖြစ်ရမယ်
(၈)  အိမ်ထမင်း,အိမ်ပာင်းကို ခုံမင်စွာ စားနိုင်တဲ့သူလည်း ဖြစ်ရမယ်
(၉)  မွေးနေ့ , နှစ်ပတ်လည်နေ့များကို မှတ်မိတဲ့သူလည်းဖြစ်ရမည်
(၁၀) စိတ်ကူးယဉ်ဆန်တဲ့ လုပ်ဆောင်မှု့လေးတွေကို တစ်ပတ်တခါ ပြန်လုပ်ပေးနိုင်ရမယ်
(၁၁) ကျောပူလဲခံနိုင်သလို နားပူလဲခံနိုင်တဲ့သူ ဖြစ်ရမည်
(၁၂)အထူးသဖြင့် အလိမ်ညာနည်းပါးတဲ့သူဖြစ်ရမည်

အသက် (၄၂) စံနှုန်းများ

(၁) သိပ်ရုပ်မဆိုးရဘူး (ထိပ်ပြောင်နေလည်း အဆင်ပြေပါပြီ)
(၂) ကျန်တာတွေကို ဂရုမစိုက်တက်ရင်တောင်မှ မိမိကို စင်တာတွေမှာ မေ့ပြီးအိမ်ပြန်သွားတဲ့သူ မပာုတ်ရင်တော်ပါပြီ
(၃) ပုံမှန်အလုပ်လေးတော့ရှိရမယ် (ဆီချက်ဆိုင်မှာ တစ်ခါခါတော့ ၀ယ်ကျွေးနိုင်ရင် တော်ပါပြီ )
(၄) မိမိစကားပြောတဲ့အခါ အချိန်တိုင်းမပာုတ်ရင်တောင်မှ နည်းနည်းပါးပါး ခေါင်းညိမ့်ခေါင်းခါ လုပ်ပေးတက်ရင်ပဲ အဆင်ပြေပါပြီ
(၅)  မိမိပြောတဲ့ ပာာသလေးတွေကို သတိတရ ရှိတယ်ဆိုရင်ပဲ ရပါပြီ
(၆)  အိမ်က ပစည်းလေးတွေကို ပိာုရွှေ့ဒီရွှေ့လုပ်ဖို့အတွက် မနိုင်တဲ့ ခနာကိုယ်ဖြစ်ရင်တော်ပါပြီ
(၇)  ဗိုက်မပူတဲ့သူ ဖြစ်ရပါမည်
(၈)  မှာလိုက်တဲ့ ပစည်းတွေကို သတိမေ့ပြီး ပြောင်းပြန်ဝယ်မလာရင် ရပါပြီ
(၉)  မုတ်ဆိတ်မွေး,နှုတ်ခမ်းမွှေးတို့ကို တပတ်တစ်ခါ ရိတ်တက်တဲ့သူ ဖြစ်ရပါမယ်

ပာူးး………………………..

အသက်(၅၂) စံနှုန်း
(၁)  နှာခေါင်းနဲ့ နားထဲက အမွှေးတွေ သိပ်မရှည်တဲ့သူဆိုရင် တော်ပါပြီ
(၂)  လူရှေ့သူရှေ့ နှာချေတာတို့ နှာခေါင်းနှိုက်တက်တဲ့သူဆို အဆင်မပြေပါဘူး
(၃)  ပိုက်ဆံချေးတက်တဲ့သူမပာုတ်ရင်ပြီးရော (တော်ကြာကိုယ်က လိုက်ရှင်းနေရတာနဲ့ မွဲမှာပဲ)
(၄)  ပာာသတစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ မပြောမိတဲ့သူ ဖြစ်ရပါမည်
(၅)  မိမိစကားပြောနေချိန် အိပ်မပျော်ရင်လုံလောက်ပါပြီ

အသက်(၆၂)စံနှုန်း
(၁)  ကလေးတွေထိတ်လန့်တဲ့ ရုပ်ရည်မျိုးမဖြစ်ရင်ရပြီ
(၂)  ငွေမရှိလဲ စားနိုင်သောက်နိုင်တဲ့အဆင့်ဖြစ်ရင်ရပြီ
(၃)  အိမ်သာဘယ်လိုတက်လဲဆိုတာ သိတဲ့သူတော့ ဖြစ်ရမယ်
(၄)  ဘေးနားမှာ မတ်တပ်ရပ်နိုင်သေးတဲ့ ခွန်အားရှိရင် ဖြစ်ပီ
(၅)  သူ့သွားတွေ ဘယ်နားမှာကျန်သေးလဲဆိုတာ မှတ်မိတဲ့လူမျိုးဖြစ်ရင် လုံလောက်သွားပါပြီ

အသက်(၇၂) စံနှုန်း

(၁)  အသက်ရှုပြီး အသက်ရှင်နေသေးရင်…………..

 

ထိုအရာများသည် မိန်းခလေးတွေရဲ့ စိတ်ကူးယဉ်သက်မှတ်ချက်များဖြစ်ကြသည် တစ်ချို့အရာတွေမှားကောင်းမှားနိုင်သော်လဲ
မမှားသောအရာအများအပြားလည်း ရှိကြသည် တစ်ကယ်တော့ အသက်အလို စံနှုန်းများကို ကြည့်ချင်းအားဖြင့် သတ်မှတ်ချက်များ
နည်းသထက်နည်းလာသည်ကိုတွေ့မြင်ရမှာပါ ထိုအရာများသည် အသက်ကြောင့်ဖြစ်နိုင်သလို တခြားအရာများကြောင့်လဲဖြစ်နိုင်ပါသည်
တစ်ကယ်တော့မိန်းခလေးများသည် သူတို့ချစ်မြတ်နိုးရတဲ့လူတွေ့ရပြီဆိုရင်တော့
ထိုစံနှုန်းများ မပြည့်မှီလည်း သူတို့ရွေးချယ်လျင်ရွေးချယ်ကြပါသည်……..
ထိုကြောင့် သူတို့စံနှုန်းများကို ဖော်ပြရသည်အကြောင်းမှာ မိမိချစ်သူကောင်မလေးရဲ့စိတ်ဘယ်လိုဆိုတာ သိစေချင်ယုံသက်သက်ပါပဲ
ထိုအချက်အလက်တွေကိုကြည့်ပြီး (အားပါးးး များလိုက်တာကွာ )ပာု စိတ်ပျက်လက်ပျက်များ ဖြစ်ခဲ့သည်ရှိသော်
တစ်ခုတော့ထပ်ပြောပါရစေ ကျွန်တော်တို့ယောက်ကျာင်္လေးများရဲ့ စိတ်ကူးယဉ်စံနှုန်းတွေရှိကြောင်း အသင်လဲသိပြီးသားပါ
ထိုကြောင့် ဒီအချက်လေးတွေကိုကြည့် သင့်ချစ်သူနှင့်သင် ထာဝရချစ်ခင်နိုင်ပါစေဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါသည်

အမုန်းသခင်
                                        

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>