Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဒီနေ့(အဖေများနေ့)တဲ့

$
0
0

 

အလုပ်တွေ လက်စသက် လို့ နားတော့မယ်ဆိုရင်ပဲ...

အမှောင်တွေရော့ရဲလာတဲ့ ကောင်းကင်ကို ပြုတင်းတခါးမှတဆင့်ငေးလိုက်မိတယ်..

နေ့နဲ့ည သက်မှတ်ချက်ထားပြီးအိပ်လို့မရတဲ့ဘ၀ရောက်တာ၂နှစ်တောင်ပြည့်တော့မှာပဲ...

မအိပ်ခင် fb လေးဝင် တော်ကီခဏပွါးမယ်ပေါ့...။

fb ပေါ်ရောက်ရောက်ချင်း သတင်းတွေနဲ့အတင်းတွေကြား ဗျာများနေခဲ့မိတယ်.. wall ပေါ်က တတ်လာတဲ့ပုံတချို့ကြည့်မိတော့

happy father's day ကဒ်လေးတခုပါလား...။

လူသေတွေ..လူရှင်တွေ ရန်ပွဲတွေ..ဆဲဆိုသံတွေခဏရပ်သွားတယ်...

ဒီနေ့ဘာနေ့လဲ..အဖေများနေ့ကဘယ်နေ့လဲဒီနေ့လား..

.လိုင်းပေါ်မှာ ကသူငယ်ချင်းကိုလှမ်းမေးလိုက်မိတယ်

.... အေးလေ...တဲ့ သူကအဒိတခွန်းထဲပြန်ဖြေခဲ့တယ်...

အိုး..... ကျမ အဖေ ...ချက်ချင်းသတိရလိုက်မိတယ်.. ချက်ချင်း လက်တွေက ခပ်သွက်သွက် ဂဏန်းတချို့ကိုနှိပ်လိုက်တယ်...

အန်တီ ကျမ မမလေးပါ အဖေနဲ့ပြောချင်လို့ ခေါ်ပေးပါနော်..

အေးငါခေါ်ထားလိုက်မယ်ဆယ့်ငါးမိနစ်နေပြန်ဆက်လိုက်...ညည်း မဆက်တာကြာပြီ ..နေကောင်းလား....

ဖုန်းဆိုင်ကအန်တီနှင့် ခဏတာစကားပြောပြီး ဖုန်းပြန်ချကာ၁၅မိနစ်ပြည့်တာကိုဖုန်းလေးကိုင်ကာစောင့်နေမိတယ်..

ဖုန်းပြန်ခေါ်လိုက်တယ်.. အန်တီက ခဏကိုင်ထားမလေး တဲ့

ခဏနေတော့ ဖုန်းထဲကနေသြရှရှ အဖေ့အသံကိုကြားလိုက်မိတယ်

သမီး..နေမကောင်းလို့လား..ဘာဖြစ်လို့လဲ...

အဖေကကိုသတိရလို့ပါ..

ဟေ..ဟုတ်ကလား..

ဟုတ်..

ဒီတိုင်းဘယ်လိုသတိရမှာလဲ..အလုပ်အစဉ်မပြေဘူးလား...သမီး မမနဲ့စိတ်ဆိုးလာတာလား..

မဟုတ်ဖူးအဖေ..

သမီးလွမ်း..

စကားတွေတန်းလေထဲတင်ရပ်သွားတယ်..ခပ်ြပင်းပြင်းတံခါးခေါက်သံ...

အဖေခဏနော်..သမီးပြန်ခေါ်မယ်...

အမကျနော် ဒီဇိုင်းရပြီလား အခု အရေးကြီးနေလို့..အမ ရုံးလာတာမစောင့်ပဲ အိမ်အထိလာယူလိုက်တာ..

ခပ်ဖန်ဖန်မျက်လုံးတွေအသာပွတ်ရင်း အလုပ်တွေထဲပြန်မျောသွားတယ်...

အိုးး...အဖေ့စီဖုန်းပြန်ခေါ်မှပဲ...

အဖေ ..နဲ့ပြောချင်လို့ ပါ..

အဖေလေသမီးလေးပြောပြော..

အဖေမပြန်ပဲစောင့်နေတာလား..

သမီးပြန်ခေါ်မယ်ဆိုလို့စိတ်ပူလို့ ကွာ...

ငါ့သမီးဖုန်းဆက်တာဘာတွေများဖြစ် လို့လဲအဖေစိတ်ပူလို့အိမ်ပြန်မနေပါဘူး...

သမီးဘာဖြစ်လဲ ပြောအားမငယ်နဲ့ပြော အဖေရှိတယ်...အဖေ့ကိုပြော

......-xxxxxxxxxxxxxxxxxxxxxxxxxxxxxx............

အဖေ့စကားတွေနားထောင်ရင်း ပြောစရာစကားတွေရှာမတွေ့တော့ဘူး...

အဖေ သမီးသတိရလို့ပါ ..ဒီနေ့...

ကျမစကားတွေရပ်သွားပြီ.. ကျမပြောမထွက်ဖူး..

အဖေများနေ့မို့ဆက်တာလို့ပြောမထွက်ဖူး....

ကျမဟာ..အဖေများနေ့ အမေများနေ့ရောက်မှ..အိမ်ကိုဖုန်းဆက်လက်ဆောင်လေးပို့တတ်တဲ့

အသုံးမကျတဲ့သမီးမိုက် ဖြစ်နေတာ...ကျမကိုယ်ကျမ ၀န်မခံပရစေနဲ့တော့..။.......။

ချစ်သော

ရွှေသခင်မလေး

17/6/2012(2:41AM)

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>