Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပြောပြန်ရင်လဲ လွန်ရာကျမယ်

$
0
0

ပြောပြန်ရင်လဲ လွန်ရာကျမယ်

အမုန်းခံပြီးပြောမနေပါနဲ့ ...ဘာမှ မရတော့ပါဘူး..အမေ

သမ္မတ နဲ့  အစိုးရလက်ထက်မှာ အုပ်ချုပ်မှု ၊တရားစီရင်မှုနဲ့  ဥပဒေပြုအာဏာတွေရှိနေတာ....အမေ့ လက်ထဲမှာဘာရှိလို့ လဲ..

ပိုင်ရာဆိုင်ရာတွေကို ပါမစ်ပေးပိုင်ခွင့်ရှိကြတယ်.....အမေ့ မှာ ဘာတွေပေးပိုင်ခွင့်ရှိခဲ့  လဲ.....

တိုင်းပြည်က သယံဇာတတွေပြောင်သလင်းခါအောင် ရောင်းစားခွင့်ရှိနေကြတယ်...အမေ့ မှာဘာတွေရောင်းစားခဲ့ လို့ လဲ...

နိုင်ငံပိုင်မြေတွေ ရာပေါင်းများစွာ သူတစ်ပါးတွေကို ငှါးရမ်းရောင်းချခွင့်ရှိနေချိန်မှာ ..အမေ့လက်ထဲ မှာ ဘာမြေတွေရှိနေခဲ့လဲ....

ခရိုနီ လို့ ခေါ်တဲ့  မိုးကျရွှေကိုယ်လို သာမန်လူထုနဲ့  လူတန်းစားအကွာဟဆုံး လူတန်းစားကိုမွေးထုတ်ပေးနေကြတဲ့  အချိန်မှာ...အမေ ကဒီလိုအလုပ်တွေလုပ်ခဲ့  လို့ လား.....

အဂတိလိုက်စားပြီး  ဆွေစဉ်မျိုးဆက်ထားစရာနေရာမရှိအောင် ကြွယ်ဝချမ်းသာနေချိန်မှာ...အမေ ဘာတွေလာဘ်စားထားလို့ လဲ

တိုင်းပြည်ကိုဦးတည်ချက်တွေထုတ်ပြန်ပြီး အပြောနဲ့  အလုပ်တစ်ခြားစီဖြစ်ပြီး နိုင်ငံရေ ၊စီးပွားရေး ၊လူမှုရေးတွေစုတ်ပြတ်သတ်နေချိန်မှာ ပြန်လည်ဦးမော့လာအောင် အပင်ပန်းခံပြီး အမေပဲ ပံ့ပိုးခဲ့ ရတယ်....

နိုင်ငံတကာမှာရှိတဲ့  မြန်မာနိုင်ငံသားတွေကိုဂရုစိုက်ပေးဖို့  ရောက်တဲ့  နိုင်ငံတိုင်းရဲ့  အစိုးရတွေကိုဘယ်သူမေတ္တာရပ်ခံပေးလဲ....ဘယ်သူရော ပြောခဲ့ ဘူးလဲ......အမေပဲပြောပေးခဲ့တယ်

ရိုဟင်ဂျာ အရေးကိစ္စမှာ...သဘောထားအမှန်ကိုဘယ်သူမှမပြောရဲပဲ ခွေးအကြီးလှည်းနင်းဖြစ်နေချိန်မှာ..သံတမန် အသုံးအနှုန်းနဲ့  အဆင့်ရှိရှိတို့ တို့ တိုင်းရင်းသားတွေရဲ့  သဘောထားကို နိုင်ငံတကာရှေ့ မှာ တစ်ချက်ထဲနဲ့ အပြတ်အသတ်ပွဲအပြီးဘယ်သူပြောနိုင်ခဲ့လဲ....အမေပဲပြောခဲ့ရတယ်လေ......

ဒါတောင်မှ အမေက သမ္မတ မဟုတ်ဘူးနော် ၊ အမေ့ မှာ လက်နက်ကိုင်တပ်မရှိဘူး၊ ကိုယ်ရံတော်မရှိဘူး ..ဘာလုံခြုံရေးမှ မရှိတဲ့  အချိန်မှာတောင် အမေ ပြောရဲခဲ့တယ်...

တပ်တွေကို ညွှန်ကြားအမိန့် ပေးနိုင်စွမ်းရှိတဲ့  သူတွေတောင် ဒါမျိုးမပြောနိုင်ကြဘူး.....

ဒီလို စိတ်ဓာတ်မျိုးရှိတဲ့  သူရဲ့  သွေးဟာ ဘယ်သူ့ ရဲ့  သွေးလဲ ....ကျုပ်တို့ အဖိုး ဗိုလ်ချုပ်အောင်ဆန်းရဲ့  သွေးပဲပေါ့....

အဲဒီသူက ကျွန်တော်တို့ ရဲ့ အမေ ....ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင်

ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်ပါတယ်..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...