သင့်၏ အပြုံးတစ်ချက်သည် လူတစ်ယောက်၏ စိတ်ကို ရွှင်လန်းသွားစေနိုင်သည်။ အားအင်ပြည့်သွားစေနိုင်သည်။ မှန်ပါသည်။ အပြုံးတစ်ပွင့်သည် လူတစ်ယောက်ကို ပျော်ရွှင်စေသည် ကြည်နူးစေသည်။ ပြုံပြတာကို မနှစ်သက်သူ ရှိမည်မထင်ပါ။ နှစ်လိုဖွယ်အပြုံးတစ်ချက်က လူတစ်ယောက်၏စိတ်ဓါတ်ကို ပြောင်းလဲနိုင်စွမ်းရှိသည်း ပြုံးရယ်ခြင်းက အရင်းအနှီးမလို အမြတ်ပင်ရသေးသည်။ သုန်မှုန်နေသောမျက်နာ၊ ခက်ထန်မာကြောနေသောမျက်နှာကို မည်သူမျှ မကြည့်ချင်၊ ထရိုက်ချင်စိတ်သာဖြစ်ချင်ဖြစ်မည်။ အပြုံးလှလှဟုဆိုရာတွင်လည်း ရုပ်ရည်လှခြင်း၊ မလှခြင်းနှင့် လုံးဝ မသက်ဆိုင်ပါဘူး။ ရုပ်လှပေမေယ့် မျက်နှာက မာထန်သောသူတွေရှိသည်။ လောကမှာ သူမရှိလျှင်မဖြစ်သည့်ပုံစံမျိုး လူတွေက သူ့ကိုမှီခိုနေရသောပုံစံမျိုးနှင့် မျက်နှာက ခက်ထန်နေသည်။ထိုလူမျိုးကို ဘယ်သူမှ မပါတ်သတ်ချင်။ အပြုံးတစ်ခုကို ဖန်တီးခြင်းသည် မည်သို့မျှ ပင်ပန်းခြင်းမရှိပါဘူး။ မိမိရဲ့ရင်ထဲက နှစ်လိုမှု၊ စာနာမှု ၊ နွေးထွေးလှိုက်လှဲ မှုတွေကို မျက်နှာ ပေါ်တင်လိုက်သောအခါ ရှုမငြီးသော အပြုံးတစ်ခုဖြစ်လာသည်။အပြုံးတစ်ပွင့်ဟာ လူတစ်ယောက်၏ ရင်ကို တိုက်ရိုက်ထိမှန်စေနိုင်သော တန်ခိုးသတ္တိရှိသည်။ ရင်ထဲကမေတ္တာဖြင့် လှိုက်လှဲစွာ ပြုံးပြသောကြောင့် အသက် ဘေးမှလွတ်သူများပင်ရှိသည်။အပြုံးကြောင့်ရန်သူကနေ မိတ်ဆွေဖြစ်ကြသည်။ အေးချမ်းစွာပြုံးပြလေ့ရှိသူတို့ကို လည်း ´လမင်းကြီးသာသလိုပဲ ရင်ကိုအေးသွားတာပဲ´ဟုဆိုကြသည်။ အပြုံးများစွာလည်းရှိသေးသည်။ အေးချမ်းသော အပြုံး၊ နှစ်လိုဖွယ်အပြုံး၊ နွေးထွေးသောအပြုံးစသည်ဖြင့်ရှိသည်။ဘယ်လို အပြုံးမျိုးပဲဖြစ်ဖြစ် ရင်ထဲက မေတ္တာနှင့် ပေါင်းစပ်၍ လှလှပပ ပြုံးဖို့လိုသည်။ အရင်းအနှီးမကုန်သောကြောင့်နှမြောစရာမလို၊ နှစ်လိုစဖွယ် အစွမ်းကုန် ပြုံးပြ သင့်သည်။ကိုယ်ကိုယ်တိုင်ရော သူတပါးကိုပါပျောရွှင်စေနိုင်သော အပြုံးများကို လှပစွာပြုံကြရအောင် တင်ပြလိုက်သည်။
↧