အရက်ကို မကောင်းဘူးဟု ကလေးများပင်သိသည်။ ဒါပေမယ့် အရက် ကြိုက်လို့သောက်သော
သူများရှိသလို ပျော်၍သောက်သော သူများလည်း ရှိကြသည်။ ကြိုက်၍ပင် သောက်သောက် ပျော်၍ပင်သောက်
သောက် အရက်ကကောင်းကျိုးမပေးတာတော့ သေချာသည်။ အရက်ကြောင့် မျက်ရည်များစွာ ကျနေကြသည်။
အရက်ကြောင့် ပျော်သည်ဆိုလျှင် အရက်ရောင်းသော သူများပင် ဖြစ်လိမ့်မည်။ အရက်ကြောင့် လူ့ဘ၀တွေ
မိသားစုတွေ၏ ဘ၀တွေ နစ်မွန်းကြသည်။
ထိုအရက်ကြောင့် ကျွန်တော့်နှင့် ညီအစ်ကို ကဲ့သို့ခင်မင်သော သူများ၏ အဖြစ်ဆိုးများကို တင်ပြလိုသည်။
တစ်ယောက်က အသက်အရွယ်အားဖြင့်လည်း လူငယ်အရွယ်ပင်ရှိပါသေးသည်။ သူက သင်္ကြန်မှာ အရက်
အလွန်အကျွံသောက်ပြီး ဆိုင်ကယ်မောင်းသည် အမူးလွန်သောကြောင့် ဆိုင်ကယ်မှောက်ကာ ခြေလက်တွေ
က အလုပ်လုပ်လို့မရတော့ ပါဘူး နှမြောစရာကောင်းလှသည်။ သူ့ကအလုပ်လုပ်ကိုင် ရာတွင်လည်း
တော်သည်။ အရက်ကြောင့် အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်။
နောက်တစ်ယောက်၏ အဖြစ်မှာ ပို၍ပင်ဆိုးသေးသည်။ သူကရိုးအေးသည်။ ခင်မင်တတ်သည်။
သူ့ကို အားလုံးကချစ်ခင်ကြသည်။ သူကအမြဲတမ်းပျော်ပျော်နေတတ်သူ ဖြစ်သည်။ ကျွန်တော့်ကိုလည်း
ပညာတွေ အများကြီးသင်ပေးခဲ့သော ဆရာသမားဟု ပြော၍ရသည်။ သူလည်း ထိုအရက်ကြောင့်ပင် ဘဝ
ဆုံးခဲ့ရသည်း သူဆုံးသောညက မိုးနည်းနည်းရွာနေသည်။ အဲဒီနေ့ အခါတိုင်းလိုပင် အားလုံးကို နှုတ်ဆက်
ပြီးသူပြန်သွားခဲ့သည်။ နောက်တစ်နေ့ရောက်တော့ သူရောက်မလာဘဲ သူ့ရဲ့ သတင်းဆိုးသာ ရောက်လာခဲ့
သည်။ သူအရက်မူးပြီးတွင်းထဲ ကျသေသွားပြီဟဟု ကြားလိုက်ရသည်။ကျွန်တော်တို့ မယုံနိုင်ခဲ့။ မဟုတ်ပါစေ
နဲ့ဟု ဆုတောင်းခဲ့ကြသည်။ ဒါပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။ အရက်မူးနေသောကြောင့် ကလေးပင်တက်
နိုင်သော တွင်းတစ်ခုထဲသို့ သူကျသေခဲ့သည်။ သူ့အသက်က လူလတ်ပိုင်းအရွယ်ပဲ ရှိသေးတာပါ။ သူ့မှာ
ဇနီးနှင့် သားသမီး ငါးယောက်ကျန်ခဲ့သည်။ သုံးယောက်က လူမမည် ကလေးတွေပါ ။အရက်က လူတစ်ယောက်
၏ဘ၀နှင့် မိသားစုကို ဖျက်ဆီးလိုက်တာပါ။ သူ့နှင့် သူ့မိသားစု၏ အဖြစ်ကို ကြည့်ယင်း ကျွန်တော်တို့
ပင် မျက်ရည်ကျချင်သည်။ ယူကြုံးမရခံစားရသည်။
ပတ်ဝန်းကျင်မှာလည်း အရက်ကြောင့် လူမှုဘ၀ဆုံးရှုံးမှုတွေ ကို တွေ့နေရသည်။ အရကိ သမား
ကို အထင်ကြီးသူ မည်သူမှ မရှိနိုင် အရက်သမားအချင်းခင်းသာ ရှိလိမ့်မည်။ကောင်းကျိုးမပေးသော အရက်
ကြောင့် မျက်ရည်မကျ ရလေအောင် တင်ပြပေးလိုက်ခြင်းဖြစ်သည်။
↧
မျက်ရည်ခြွေသောအရက်
↧