တစ်ခုသောဆောင်းဦးရာသီရဲ့နံက်ခင်းမှာ သူငယ်ချင်းများနဲအတူ စောဝေလူး
တစ်ယောက်ရန်ကုန်မှ မန္တလေးသို့ရှေးဟောင်းစေတီများလေ့လာရေးခရီးထွက်ရန်
ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိနေကြတယ်။
ဘူတာပလက်ဖေါင်းပေါ်တွင် ရထားစီးရန်စောင့်နေသူများကြားတွင် အမေတစ်
ဦးနှင့် မိန်းမပျို နှစ်ဦးလည်းရထားစောင့်နေကြသည်။ အကြီးဟုထင်ရသူအမျိုးသမီးမှာ
မြန်မာဆန်စွာဝတ်စားဆင်ယင်ထားမှုကို စောဝေလူးတစ်ယောက်သတိပြုမိနေသည်။
စောဝေလူးနဲ့ပါလာသူ သူငယ်ချင်းများလဲခရီးအစမို့ပျော်ရွှင်တက်ကြွစွာရှိနေ
ကြသည်။ ပါလာသူများထဲမှ တင်ဝင်းကပြောတယ် ဟေ့ကောင် ဝေလူး ဟိုကောင်မ
လေးတယ်လှတာဘဲလို့ပြောတယ်။ သူပြောရာကိုကြည့်လိုက်တော့သူသတိထား
မိတဲ့ကောင်မလေးဖြစ်နေတယ်။
ဒီလို့နဲ့ခရီးစတင်ဘို့ရထားပေါ်တက်ကြ တယ်။ ရထားပေါ်တွင် အထက်တန်း
တွဲဆိုတော့သူ့ခုံနံပါတ်နဲ့သူနေရာယူကြတယ်။ ကံကောင်းချင်တော့ စောစောကောင်မ
လေးမိသားစုထဲက စောဝေလူး တို့နှစ်ယောက်ထိုင်တဲ့ထိုင်ခုံရှေ့မှာ ခုနကကောင်မလေး
ညီအစ်မလာထိုင်တယ်။ သူအမေကတော့နောက်ခုံတန်းမှာပေါ့။ စောဝေလူးအတွက်
မုတ်ဆိတ်ပျားစွဲပြီပေါ့။ကောင်းကင်ပြာ နံနက်ခင်းနေခြည်အောက်တွင် ရထားအပြင်
တွင်သာယာလှပနေသည်။
စောဝေလူးသည်သမိုင်းအဓိကနောက်ဆုံးနှစ်ကျောင်း သားဖြစ်သည် ။ သူတို့အား
လုံးစာတမ်းပြုစုရန် ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်။ စောဝေလူးသည် တက္ကသိုလ်ကျောင်း
ကအတွဲလေးများကိုမြင်ရောင်နေမိသည်။တစ်ယောက်နဲ့တစ်ယောက်ကြင်နာယုနေ
သောအတွဲလေးများကိုမြင်တိုင်းသူတို့၏အပျော်သည် စောဝေလူးရင်ထဲသို့ကူးစက်လာ
သယောင်ခံစားရသည်။ ယခုသူ့ရှေတွင်ရောက်နေသောကောင်မလေးနှစ်ဦးအနက်
အကြီးမကို သူသိပ်သဘောကျရင်ခုံနေမိသည်။
ရထားစထွက်ပြီးသိပ်မကြာခင်မှာဘဲစောဝေလူးကကောင်မလေးများကိုမိတ်ဆက်
သည်။ ကောင်မလေးများကလဲရန်ကုန်ကိုအလည်လာပြီးပြန်ကြောင်း ရန်ကုန်တွင်အမျိုး
များရှိကြောင်းကိုဖော်ရွေခင်မင်စွာပြန်ပြောကြသည်။အငယ်လေးက မယုတဲ့ ၊ အကြီးမ
လေးက မကက် တဲ့ မကက်ဆိုတာအတော်လှတဲ့မိန်းကလေး မြင်သူတိုင်းငေးလောက်
တယ်။ သူနဲ့သူမဟာ မျက်နှာခြင်းဆိုင်တည့်တည့်ကြီးဆုံတာမို့ သူမကလည်းသူ့ကိုမြင်
တော့တုန်လှုပ်သွားသည်ကိုသိပြုမိသည်။ ဘေးဘက်ထိုင်ခုံများတွင်ထိုင်နေသော
သူငယ်ချင်းများကလဲပြုံးစေ့စေ့သဘောကျအမူအရာဖြင့် သူတို့ကိုကြည့်နေကြသည်။
မြင့်သိန်းအောင် ပဲခူးသားက အဟမ်းဟမ်းအဆင်ပြေကြပါစေလို့နောက်လိုက်
တယ်။ကျန်တဲ့သူများကလဲတခိခိနဲ့ရယ်နေကြတယ်လေ။
ရထားက နံနက်ထွက်လာတာမို့ အတော်လေးသာယာစိမ်းလန်းတဲတောတန်း
တွေကိုဖြတ်၊ လယ်ကွင်းတွေက်ဖြတ်နဲ့သာယာလှပါပေတယ်။
စောဝေလူးကိုယ်တိုင်ကမြင်မြင်ချင်းဆိုသလိုစိတ်ဝင်စား မကက် ကလဲစိတ်ဝင်
စားသလိုဖြစ်နေတယ်လေ။ ကျွန်တော်ကစောဝေလူးပါတဲ့ မကက် ကိုမိတ်ဆက် ၊
မကက်ကလဲ မိတ်ဆွေအဖြစ်လက်ခံလို့ အားလုံးရင်းနှီးသွားကြတယ်။
စောဝေလူဘေးတွင်ကပ်ထိုင်နေသောသူငယ်ချင်းကတင်ဝင်းပါ ၊ တင်းဝင်း
ကလဲခပ်နောက်နောက်ဆိုတော့ကာခနလေးနဲ့တရင်းတနှီးသူငယ်ချင်းတွေဖြစ်
သွားကြတယ်။
စောဝေလူးကလဲ မကက် လိပ်စာတောင်းယူ ပြီးတော့သူ့လိပ်စာလဲပေးတယ်
မကက် အီးမေးလိပ်စာလဲရအောင်ယူတယ်လေ။ မကက် က မန္တလေးတက္ကသိုလ်က
ရူပဗေဒ အဓိကနဲ့ဘွဲ့ရပြီးကြောင်း သူညီမလေးကလဲ ဆယ်တန်းတက်နေကြောင်း
ပြောတယ်။
မန္တလေးကို ရထားဆိုက်တော့ညနေစောင်းနေ၀င်နေပြီ၊စောဝေလူးတို့လူသိုက်
လဲမန္တလေး တဲခိုးခန်းတစ်ခုမှာငှားပြီးညအိပ် လေ့လောရေးခရီးဆက်ပြီးတစ်ပတ်လောက်
အကြာမှာရန်ကုန်ပြန်ဘို့မန္တလေးကိုဝင်တယ်။ ညနေစောင်းတော့မကက်တို့အိမ်ကို
လိပ်စာအတိုင်းသွားလည်တယ်လေ။ မကက် ကလဲဖော်ရွေစွာဘဲ လက်ခံတွေ့
ဆုံ သူ့မိသားစုနဲ့မိတ်ဆက်ပေးကော်ဖီနဲ့ မုန့်တွေချကျွေး တရင်းတနှီးပါ။
သူငယ်ချင်းတွေပေါ့ဒါပေမဲ စောဝေလူး မနေနိုင်မထိုင်နိုင်မကက်ကိုတွေ့ရအောင်
နောက်နေ့မပြန်ဘူး မန္တလေး မှာလည်မယ်လို့ပြော နံနက်စောစောမကက် တို့ညီအစ်မက
လိုက်ပြဘို့ စီစဉ်တယ်။ မိဘတွေကလဲသူငယ်ချင်းတွေမို့ခွင့်ပြုခဲ့တယ်။
နံနက်စောစောအချိန်မို့ ဘုရား မှာ ညမွှေးပန်းလေးတွေကပ်ထားလိုက်တာ
ဘုရားတန်ဆောင်းတစ်ခုလုံးမွှေးကြိုင်နေတာဘဲ။ညမွှေးပန်းလေးရယ်….
လို့မကက်ကို စိတ်ထဲကတင်စားမိတယ်လေ…………..မကက်ညီအစ်မနဲ့ မဟာမြတ်
မုနိဘုရားမှာတော့ တကယ်……….အမှတ်ရစရာပါ ၊ မကက်ကို စောဝေလူးကလဲချစ်မိ
တဲံ့အကြောင်းဖွင့်ပြောတယ်၊ မကက် ကလဲအစထဲကစိတ်ဝင်စားမိသူမို့ လက်ခံခဲ့ ကြရာ
ကအရူးအမူ ချစ်သူတွေဖြစ်သွားကြတယ်လေ။
မန္တလေးမှာ သူ့ သူငယ်ချင်းအတစ်ဦးဖြစ်တဲ့ လှဝင်း နဲ့ စောဝေလူးအမှတ်မဲ့
မထင်မှတ်ဘဲသွားတွေ့တယ် လှဝင်းက မန္တလေးရောက်နေတာကြာပြီ။စောဝေလူးက
ကောင်မလေးအကြောင်းကို သူ့သူငယ်ချင်းလှဝင်းကို ပြောပြတော့လှဝင်းကလဲတအံ့တ
သြနဲ့သူကို ပြန်ပြောတယ်……….အဲဒီမကက်ဆိုတာ မန္တလေးမှာ အလှပဂေးပဲ ဒါပေမဲ့
သူကစိတ်သိပ်မမှန်ဘူးပြောတယ်။ ဒါပေမဲ့စောဝေလူး မယုံကြည်ခဲ့ဘူး မကက်ကိုသိပ်
ချစ်နေမိတယ်။ အချိန်ရှိသမျှ သူ့ရင်ထဲမှာမကက် ဘဲရှိနေတယ်။
ရန်ကုန်ပြန်ရောက်တော့မကက်နဲ့ဆက်သွယ် အီးမေးပို့ စာရေး မကက်ကလဲ
စာပြန်နဲ့ အလုပ်ကိုရှုပ်နေသူက စောဝေလူးပါ။
စောဝေလူးသည် အိပ်ရထက်ကိုပစ်လှဲလိုက် ကာနဖူးပေါ်လက်တင်ကာစဉ်းစား
နေမိသည်။ ဒီအကြောင်းကိုတွေးမီလေတိုင်း မကက်အပေါ်အမှန်ပင်စွဲလမ်းချစ်ခင်နေ
ကြောင်းသူ့ကိုယ်သူသတိထားမိလာသည်။ သူငယ်ချင်းမ မဆောင်းလေးကို သူရင်ဖွင့်
ပြောတယ် တစ်နေ့တစ်နေ့မကက်အကြောင်းသူငယ်ချင်းတွေကလဲ စိတ်ညစ်လှပြီလေ။
အဆောင်ယောက်တော့လဲမကက် ကျောင်းရောက်တော့လဲမကက်နဲ့ တကက်ထဲ ကက်
နေတဲ့စောဝေလူးတယောက်တွေ့လေပြီး ဒုက္ခနဲ့။ မကက်စာမရေးတာကြာပါပြီ………
ဘာကြောင့် တော့မသိ စောဝေလူးတစ်ယောက်အသဲအသန်ဖြစ်နေလေပြီ။ ခါတိုင်း
ဂျီတော့နဲ့စကားပြောလိုက် ၊ချစ်သူ့မြို့တော်မှာ တွေ့ပြောနဲ့ပျော်လိုက်တဲ့ဖြစ်ခြင်း။
စကားလုံးလှလှလေးတွေနဲ့ မကက်ကိုချစ်တဲ့အကြောင်းစာစီ ဂျီတော့နဲ့ပြောပေါ့ ဘ၀င်ခွေ့
အစဉ်မမေ့နိုင်စရာတွေဖြစ်ခဲ့တယ်……… ခုတော့ မကက်ဆီကဘာအဆက်အသွယ်မှ
မရတော့ တာ ငါးလလောက်ရှိသွားပြီ။ စောဝေလူးကတော့ ဒါတွေကို မေ့မရတဲ့အ
ကြောင်းသူ့ငယ်ချင်းမဆောင်းကိုနေ့တိုင်းပြောတယ်ကြာတော့ ညဘက်စောဝေလူး
အိပ်မပျော်လို့ကျန်းမာရေးပါထိခိုက်လာတော့မဆောင်းကလဲစိုးရိမ်လာတယ်။
နောက်တော့သိလိုက်ရတာက သူငယ်ချင်းတင်ဝင်းဆီကို မကက်ညီမ ဆီက
စာလာကြောင်း မကက် တစ်ယောက်စိတ်ပြန်ဖောက်သဖြင့်ဆေးကုသနေရကြောင်းတွေ
ပါတယ်။ စောဝေလူးကိုလဲ ဒီ အကြောင်း တင်ဝင်း ကပြောပြပေမဲ့စောဝေလူး တယောက်
ခံစားရတဲ့နှလုံးသားဝေဒနာတွေကိုဖျောက်ဖျက်လို့မရခဲ့ပါ။
စောဝေလူးသည်တစ်ယောက်တည်းတွေးနေမိသည်။ မကက် ရယ်မင်း…..ကိုယ့်ရဲနှ
လုံးသားကိုမင်းကြိုက်သလိုစီရင်ခွင့်ရှိပါတယ်။
ကိုယ်နှလုံးသားကအလွယ်တကူမပြောင်းလဲတတ်တဲ့နှလုံးသားမျိုးပါမင်းကိုအမြဲ
တမ်းမျှော်လင့်နေမှာပါ။ မကက်ရယ် မင်းရဲ့ မျက်ဝန်းတွေကတဆင့် မင်းတစ်ကိုယ်လုံးမှာ
အံ့သြစရာကောင်းလောက်အောင်နူးညံ့ရိုးသားနေမယ်ဆိုတာ ကိုယ်ယုံပါတယ်။
ညမှာမွှေးတဲ့ညမွှေးပန်လေးဟာမနက်မှာမမွှေးနိုင်တော့ဘူးလား မကက်လေးရယ် ။
ညမွှေးပန်းဆိုတာ ညမှာဘဲမွှေးပြီ၊ အဖြူနဲ့အစိမ်းရောင်ရောရှက်ထားတဲ့ပန်းဆို ၊ မကက်ဆိုတဲ့
ညမွှေးပန်းလေးမှာ အဖြူရောင်တွေပျောက်ပြီး အစိမ်းရောင်တွေများလွှမ်းသွားလေးလား
မကက်လေးရယ်…………….….။