အားလုံးပဲ မဂ်လာပါလို့ ဦးစွာပထမ စာဖတ်ပရိတ်သတ်ကြီးအား နှုတ်ခွန်းဆတ်သလိုက်ပါသည် ဒီဆောင်းပါးလေးကတော့ ဘယ်သူ့ကိုမှ မရည်ရွယ်ထားပါဘူး တိုက်ဆိုင်မှူရှိရင်တော့ ခွင့်လွတ်စေချင်ပါတယ် ခင်ဗျာ
လူ လူတဲ့ ပခုံး၂ဖက်ကြားခေါင်းပေါက်ထားတဲ့ လူကို လူလို့ ခေါ်ကြတယ် လူတွေအချင်းချင်း ချစ်ခင်သွားကြသလို မုန်းတီးသွားတာတွေလဲ ရှိကြတယ်ဆိုတာ စာဖတ်သူတို့ သိကြမည်ထင်ပါတယ်
တချို့ လူတွေကတော့ ငါဆိုတဲ့မာန်မာနကို ရှေ့တန်းတင်ထားကြတဲ့လူတွေလဲ ရှိပါတယ် မာန မာနဆိုတာကတော့ အသက်ရှင်နေသ၍ တော့ ရှိနေမှာပါ တစ်နေ့သေဆုံးသွားတဲ့အခါကျရင် မာနတွေကလဲ ပြာကျ ကုန်တာပါပဲ
ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်လေးက လူ့ပတ်ဝန်းကျင်ဆိုတော့ လူတွေနဲ့ပဲနေထိုင်ရတာပါ တချို့လူတွေကတော့ ကဲ့ရဲ့တက်ကြတယ် လူအမျိုးမျိုး စကားတစ်မျိုးဆီနဲ့ပေါ့ လူသားချင်းအတူတူ သူကဘာဖြစ်တယ် ငါကဘာဖြစ်တယ် အဆင့်အတန်းတွေ ကိုခွဲခြားထားကြတယ်
ဆင်းရဲတဲ့လူလဲ ချမ်းသားတဲ့လူတွေလို ထမင်းစားတာချင်းအတူတူပါပဲ စွန့်ပြစ်တဲ့ အခါလဲ ချမ်းသာတဲ့လူတွေစွန့်ပြစ်တဲ့ မြေကြီးထဲကိုပဲ စွန့်ပြစ်ကျတာပါပဲ ဒီလိုစွန့်ပြစ်တာချင်းအတူတူ မာန်မာနတွေတက်ပြီး ခွဲခြားနေတာကတော့ မကောင်းတဲ့အရာတစ်ခုလို့ မြင်မိပါတယ်
အခုပြောပြမဲ့အရာလေးကတော့ တကယ်လူ့ပတ်ဝန်းကျင်မှာ ပြောခဲ့တဲ့ စကားတစ်ခွန်းပါ တစ်နေ့ ချမ်းသာတဲ့ အမျိုးသမီး တစ်ယောက်နဲ့ မချမ်းသာတဲ့အမျိုးသမီးတစ်ဦး လမ်းတစ်လမ်းထဲမှာ တူတူလျှောက်လှမ်းလာခဲ့ကြတယ် သူလဲသူ့လမ်းသူသွား ကိုယ်လဲ ကိုယ့်လမ်းကိုယ်သွားပေါ့ဗျာ ချမ်းသာတဲ့အမျိုးသမီး ကအနောက်တိုင်း အဝတ်အစားကို ဝတ်ဆင်လာတယ် မချမ်းသာတဲ့ အမျိုးသမီးကလဲ ချမ်းသာတဲ့အမျိုးသမီးလို အနောက်တိုင်းအဝတ်အစားကို ဝတ်ဆင်လာခဲ့တယ် ပြောရမယ်ဆိုရင်တော့ စတိုင်ကျကျ ခတ်မိုက်မိုက်လေးပေါ့
အဲ့တာ ပတ်ဝန်းကျင်က လူတွေက သူတို့၂ယောက်ကို ဝေဖန်ကျတယ် ဘယ်လိုဝေဖန်လဲ ဆိုတော့ ချမ်းသာတဲ့အမျိုးသမီးဝတ်ဆင်လာတဲ့ အဝတ်အစားက ပူအိုက်တဲ့ရာသီမလို့ ဝတ်တာပါတဲ့ အရမ်းလှတာပဲ သူနဲ့လိုက်တယ်အေ ခန္တာကိုယ်လေးကလဲ သေးသေးသွယ်သွယ်လေးဆိုတော့ ကြည့်လို့ကောင်းတာပေါ့တဲ့ အဲ့လိုပြောဆိုလိုက်တယ်
မချမ်းသာတဲ့ အမျိုးသမီး ဝတ်ဆင်လာတဲ့ အခါကျတော့ ဒီလိုလေ ဝေဖန်ကျတယ် ကြည့်ပါအုံးအေ အနေမတက် အထိုင်မတက် ဝတ်လာလိုက်တာ ကြည့်လို့ကိုမရဘူးတဲ့ ကိုယ်နဲ့လိုက်မှန်းမသိမလိုက်မှန်းမသိ ဝတ်လာရတယ်လို့ ဒီကောင်မလေး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောလိုက်တာ တစ်ယောက်တစ်ခွန်းနဲ့ ထိုအမျိုးသမီးတစ်ယောက်မှာတော့ ရစရာကိုမရှိလောက်အောင်ပါပဲ
တကယ်တော့ဝတ်ဆင်လာတဲ့ အရာချင်းအတူတူ မချမ်းသာတဲ့ အမျိုးသမီးကို ဘာလို့ ကဲံရဲ့ပြစ်တင်ကြတာလဲ ထိုအမျိုးသမီးက ငွေကြေးမချမ်းသာလို့လား ငွေမျက်နှာကြောင့်ပြောလိုက်တာလား
တကယ်တော့ ဒီလို မဖြစ်သင့်ပါဘူး လူသားချင်းအတူတူ ဒီလိုပြောတဲ့ လူတွေက မကောင်းတဲ့လူတွေလို့ ထင်မြင်မိတယ်
နောက်ထက်ပြောပြရမယ်ဆိုရင်တော့ ကျွန်တော်မြင်တွေ့ခဲ့တဲ့အရာတစ်ခုပေါ့ မိုးတွင်းကာလ လဲဖြစ်တယ် မိုးတွင်းဆိုတော့ မိုးတွေလဲ ရွာတယ် မိုးကြိုးတွေလဲ ပြစ်တာပေါ့ဗျာ အဲ့တာ မိုးကြိုးက ကောင်းကင်ထက်ယံဆီက ပြစ်ချလိုက်တာ တစ်ယောက်သောသူကိုသွားထိတယ် ထိမှန်သွားတဲ့သူကတော့ မိဘကိုလုပ်ကျွေးသမှူပြုနေတဲ့ ကောင်လေးတစ်ယောက်ပေါ့ဗျာ အဲ့တာလူတွေကက ဘာပြောလဲဆိုတော့ အဲ့ကောင်လေးသေဆုံးသွားတဲ့အခါပြောကျတာပေါ့
အော်ဒီကောင်လေး သနားလိုက်တာ အေးလေကွယ် သူ့ရဲ့ အထုံပါလို့နေမှာပေါ့ စိတ်မကောင်းလိုက်တာ အသေစောလို့နှမျောလိုက်တာ စသဖြင့်ပြောကြတာပေါ့
တကယ်လို့ အဲ့နေရာမှာ မိဘကိုလုပ်ကျွေးသမှုမပြုတဲ့ ကောင်လေး အရမ်းကိုဆိုးသွမ်းတဲ့ကောင်လေးဆိုရင်ကော လူတွေကဘာပြောကျမှာလဲ စာရေးသူဖြစ်တဲ့ ကျွန်တော်အမြင်တော့ ဒီလိုလေးပြောကျမှာပေါ့
သေတာတောင်နည်းသေတယ် မိုးကြိုးက ၁လုံးထဲပြစ်ချရမှာ မဟုတ်ဘူး အလုံးတစ်ရာလောက်ပြစ်ချရမှာ မြန်မြန်သေစေချင်နေတာ အခုတော့ မိုးကြိုးပြစ်ခံရလို့သေပြီ ဝမ်းသာလိုက်တာ စသဖြင့်ပြောကျမှာပေါ့ ဒါတွေကတော့ လူတွေပြောနေကျစကားတွေပါ တကယ်တော့ အဲ့လိုမပြောသင့်ဘူးလို့ထင်မိတယ် အမှန်မှာ ဆုံးရှုံးသွားတဲ့ လူ၂ယောက်အတွက် ဝမ်းနည်းပေးရမှာပေါ့ ဒါပေမဲ့လူတွေက အဲ့တာတွေကိုနားမလည်ကျဘူး ပြီး ပြီးရောဆိုပြီး ပြီးလိုက်ကျတာပါပဲဗျာ
တချို့သူတွေကတော့ မိမိကိုယ် မိမိမမြင်ဘူး သူများတွေကိုသာ အပြစ်လိုက်မြင်နေကျတဲ့သူတွေရှိကြပါတယ် အဲ့လိုလူတွေက ဘာအရာနဲ့တူသလဲဆိုတော့ ကျွန်တော်နားထောင်ဖူး တဲ့ပုံပြင်တစ်ပုဒ်နဲ့တူနေတယ် အဲ့ပုံပြင်လေးကို စာဖတ်သူတို့ကိုပြောပြမယ်
ဟိုးရှေးရှေ့တုန်းကပေါ့ဗျာ တိုင်းပြည်တစ်ပြည်မှာ ဆေးဆရာကြီးရှိသတဲ့ သူက ဆေးဝါးတွေလိုက်လံပြီးရောင်းတဲ့သူတစ်ဦးပေါ့ သူရောင်းတဲ့ဆေးကတော့ ဝဲဆေး ခန္တာကျုယ်မှာပေါက်ရောက်နေတဲ့ အနာတွေကို ပျောက်ကင်းအောင်လိမ်းတဲ့ဆေးပေါ့ဗျာ ဝဲဆေး အဲ့ဆေးတွေလိုက်ရောင်းတာ တစ်ရွာဝင်တစ်ရွာထွက်ပေါ့ ဒါပေမဲ့ သူရောင်းတဲ့ ဆေးတွေကို ဘယ်သူကမှ မဝယ်ကျဘူး တစ်နေ့ ရွာတစ်ရွာရောက်သွားတယ် ထုံစံအတိုင်းပဲ ဆေးတွေကိုရောင်းချတာပေါ့ အဲ့တာ လူငယ်လေးတစ်ယောက်က ဆေးရောင်းတဲ့ဆေးဆရာကြီးကို မေးလိုက်တယ် ဘာမေးလိုက်လဲ ဆိုတော့ ဘာတွေရောင်းနေတာလဲပေါ့ ဆေးဆရာကြီးကလဲ ပြန်ဖြေတယ် ဝဲဆေးတွေရောင်းနေတာတဲ့ အဲ့လိုဖြေလိုက်တော့ လူငယ်လေးကပြန်ပြောတယ် ရောင်းမဲ့ဆေးတွေကို မရောင်းပဲ ဆေးဆရာခန္တကိုယ်မှာရှိတဲ့ဝဲတွေကို လိမ်းလိုက်ပါလားတဲ့ ဝဲတွေပေါက်နေတဲ့ ဆေးဆရာက ဝဲဆေးတွေလိုက်ရောင်းတော့ ဘယ်သူကဝယ်မတုန်းတဲ့ အဲ့လိုလေးပြောလိုက်ပါတယ် ပုံပြင်လေးရဲ့ အဓိပ္ပါယ်ကို စာဖတ်သူတို့ သိမည်ထင်ပါသည်
အခု အထက်မှာပြောပြခဲ့တဲ့လူတွေကလဲ ဆေးဆရာကြီးလိုပေါ့
သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူသားချင်အတူတူ မနာလိုမှူတွေ ခွဲခြားမှူတွေ ရန်လိုမှူတွေ စသည့်အရာတွေက အဘယ်ကြောင့်ရှိရတာလဲ
တကယ်တော့မဖြစ်သင့်တဲ့အရာတစ်ခုလို့ စာရေးသူဖြစ်တဲ့ ကျွန်တော် လက်ခံမိတယ် စာဖတ်သူတို့လဲ ကျွန်တော်လိုပဲခံယူမည်ဆိုတာ ယုံကြည်မိပါတယ်
မာန်မာနတွေ အညှိုးတရားတွေ ရန်လိုမှုတွေရှိကြတဲ့ လူတွေကိုတော့ စကားလက်ဆောင်လေး ပါးလိုက်ချင်တယ် သင် သေတဲ့တစ်နေ့ကျရင် ထိုမာန်မာနတွေ အညိုးတရားတွေ ရန်လိုမှူတွေကို ပါဆယ်ထုတ်ပြီးယူသွားပါလို့ စကားလက်ဆောင်အဖြစ် ပါးလိုက်ချပါတယ်
စာဖတ်ပရိတ်သတ်ကြီးကိုတော့ စကားလက်ဆောင်အဖြစ်ပါးချင်တာကတော့ တခြားသူသောသူကို အပြစ်မတင်ပဲ ချစ်ခင်ပါလို့ ပြောကြားရင် ကျွန်တော်ဆောင်းပါးလေးအား ရပ်နားလိုက်ပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အစဉ်ထာဝရချစ်ခင်လေးစားလျှက်
ရဲရင့်ရထာ
↧
နည်းနည်းလေးပြောချင်တယ် (စိတ်မဆိုးရဘူးနော်)
↧