သက်ဆိုင်သူများ၊ဒီစာလေးဖတ်ပြီးရင်၊ချက်ခြင်းဆက်သွယ်ပေးကြပါရန်..................
စက်မှု၊လက်မှု၊အ.ထ.က(တောင်ကြီးမြို့ )နာရေးကူညီမှုအသင်းကြီး။
နေ့ တနေ့ မှာပေါ့။မမျှော်လင့်ဘဲနဲ့  လူကြီး၃ယောက် ရိုးစင်းစွာနဲ့ ပေါက်ချလာတယ်။သူတို့ ကတဲ့။ဟိုး............
လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်လောက်က ငယ်သူငယ်ချင်းတွေတဲ့။ကျွန်တော် ချက်ခြင်းအကဲခတ်ကြည့်တယ်။
အလို..........သူတို့ မျက်နှာတွေ..၀င်းလက်လို့ ပါလား။...သူတို့ ရင်ထဲကအပြုံးက...
မျက်နှာဖုံး တတ်လိုက်သလိုဘဲ။ကုန်ခဲ့တဲ့ အတူနေစဉ်က ပုံစံဘဲလို့ ထင်တယ်။ရင်ထဲရှိတာတွေ အကုန်လျှောက်
ပြောတော့တာဘဲ။ပျော်မဆုံး၊မော်မဆုံး၊တအုန်းအုန်း နဲ့ ။နံဘေးကလူတောင် ထခုန်ချင်စိတ်ပေါက်လာတယ်။
တကယ်တော့ သုံးယောက်စလုံးရဲ့  ဆံပင်တွေက အနက်ကို အဖြူဖုံးနေပါပြီ။............
ဒါနဲ့ မေးကြည့်မိတယ်။ဘယ်လိုအကြောင်းနဲ့ ကျွန်တော့်ဆီကို နယ်ချဲ့ လာရတာလဲပေါ့။
ဒီလိုကွာ.....ငယ်စဉ်တောင်ကျေးက ဒို့ သူငယ်ချင်းတွေ ၊တချို့ က တပြည်ခြားမှာ၊
တချို့ က ဖေါ်ကွာဝေးတဲ့အဆွေးသမားကြီးဖြစ်၊တချို့ ကကြီးပွား၊တချို့ က ငြီးတွားကာမှိုင်တွေ။အထွေထွေ
ဘယ်လိုကွဲပြား။ကွဲပြား။ခွဲခြားလို့ မရတာကတော့။နေခြင်းတရားရဲ့ နောက်ဆုံး၊သေမင်းတံခါးမှာဂိတ်ဆုံး။
ကြရမှာပါ။ဒီအခါမှာ၊ကျန်ရစ်တဲ့၊ချစ်ဇနီးမယား၊သ္မီး၊သားတွေတွက်၊ပိုပို လိုလို မထားခဲ့နိုင်တဲ့ သူငယ်ချင်းတွေ
အတွက် ဒို့ တွေ ၀ိုင်းပြီး ...စေတနာ ကွက်ပေး ရအောင်လေ။ ဒါ့ကြောင့်.......နာရေးပရဟိတလေး၊
ထူထောင်ပေးရအောင်လို့  ..ကူလောင်ပေးပါအုံး..မိတ်ဆွေရ။
ကိုယ်ကျိုးမဖက် ငယ်ဆွေမျိုးတွေအတွက် ..ဒို့ တွေ အကြံတွေတကတ်ထုတ်ပြီး ..ရန်ပုံငွေ ရှာထုတ်တဲ့၊
ပွဲလေး၊လုပ်ရအောင်လေ။
သွားလေသူ၊ သူငယ်ချင်းတို့ အတွက်၊အပါယ်မျဉ်းလေး၊ဖျက်ပေးရအောင်၊သူငယ်ချင်းလေးတို့ ၊တတ်အား
သမျှ၊စုပြီး၊ကုသိုလ်ပြုကြရအောင်။
ဒီလိုပြောတော့..ကျွန်တော်လည်း၊အတိုင်းထက် အလွန် ၊လွန်ကဲ ၀မ်းသာစွာနဲ့ အားအင်ရှိသမျှသွန်ချလို့ ..
၀၉-၄၃၀၈၈၉၀၁။၀၉-၅၄၀၈၃၆၀။၀၉-၅၁၈၈၅၄၁။
၁၉၆၈.....၁၉၉၈။စက်မှု၊လက်မှု အထက်တန်းကျောင်း(တောင်ကြီးမြို့ )ကျောင်းသားဟောင်းများ၏
နာရေးကူညီမှုအသင်း။ဖွဲ့ ခြင်းအောင်မြင်မှုအတွက်၊ဒီဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။