Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

**မိန်းမသားတစ်ယောက်ရဲ့..အချစ်..**

$
0
0

မိန်းမသားတယောက်ရဲ့အချစ်ကို တန်ဖိုးထားပါ ... ဘာကြောင့်လည်း....? ကျွန်မ တို့ မိန်မသားတွေဆိုတာ ကိုချစ်ရတဲ့ ယောကျာ်းလေးကို ချစ်ပါတယ်လို့ ဖွင့်ဟ ပြောပိုင်ခွင့်မရှိပါဘူး မောင်ရယ်.....။

မောင့်ဘက်ကစပြီးတော့ ဖွင့်ပြောလာမယ့် အချိန် အခါ ကိုစောင့်စားနေရတဲ့ ဘ၀ပါမောင် ပြီးတော့ မောင့်ဘက်က ချစ်ပါတယ် ဆိုတဲ့စကား ပြောလာခဲ့ရင်တောင် ချက်ခြင်းကြီးပြန်ပြီးတော့ ချစ်ပါတယ်လို့ ပြန်ပြောလို့ မရဘူးမောင် ဒါမိန်းမသားတိုင်းပါ.....။

ဘကြောင်လည်ဆိုတော့ ကိုယ်ချသ်ရတဲ့ ယောကျာ်းလေးတစ်ယောက် က ကိုယ့်ကို အထင်သေးမှာဆိုးလို့ပဲမောင်...။ကိုချစ်တဲ့ကောင်လေး တစ်ယောက်ကို ချစ်ပါတယ်လို့ ချက်ခြင်းကြီး အဖြေပြန်ပေး ခဲ့မယ်ဆို၇င်တော့ ထိုမိန်းကလေးကို ဘယ်ယောကျာ်းလေးက အထင်ကြီးတော့ မှာလည်း မောင်..။ဒါကြောင့် မောင့်ဘက်က ချစ်ပါတယ်လို့ပြောလာခဲ့ တော့ ညီမက ချစ်ပါရက်နဲ့ စဉ်းစား ပါဦးမယ်လို့ ပြောခဲ့တာ မောင့်ဘက်က အထင် မသေးရအောင်ရယ် မိန်းမသား တွေရဲ့ ဂုဏ်သိက္ခာကို ထိန်း သိမ်းလိုက်တာ တာပါပဲ မောင် ဒါကိုာနးလည်ပေး ပါ..။

ပြီးတော့ မောင့်ကို ချစ်ပါတယ်လို့ ပြန်အဖြေပေးခဲ့တယ်ဆိုရင်ပဲ ညီမတို့ မိန်းမသားတွေရဲ့စိတ်သဘောထား တ၀တ်ကို ပိုင်ဆိုင် နိုင်သွားတာ ဟာလည်း မောင်တို့ယောကျာ်းသားတွေပါပဲ မောင်..။

ဒီလိုအချိန်တွေမှာ ညီမတို့ မိန်းမသား တွေက ချစ်သူရည်းစား ဘ၀မှာ မေးလိုက် မြန်းလိုက် လုပ်တာဟာ ကိုယ်ချစ်ရတဲ့ ရည်းစားက ကိုယ့်အပေါ် ဘယ်လိုများ လည်း လိမ်နေတာလား မလိမ်ဘူးလား သိရအောင် မေးရမြန်းရ ဆုံစမ်းရနဲ့ ပင်ပန်း နေရတာညီမတို့ မိန်းမသားတွေပါမောင်..။

ကိုယ်ချစ်ရတဲ့ ရတဲ့သူပစ်သွားခဲ့မှာကိုလည်း ပူပန်ဆိုးရိမ်နေရတာလည်း မိန်းမသားတွေပါပဲ မောင် ..။

ယောက်ျားသားတွေက ရည်းစားများရင် တော့ပတ်ဝန်းကြင်က ဘာမှ မပြောပင်မယ့်..။

မိန်း မသားတွေ ရည်းစားများများထားတဲ့ မိန်းကလေးတွေဆို ပတ်ဝန်းကြင်က ဒီမိန်းကလေးတ်ေတော် ရည်းစားများတာ အတော် ချေရှုပ်တာ ဆိုကာ ပတ်ဝန်းကြင်က အမျိုးမျိုး အဖုံဖုံ ပြစ်တင်ဝေဖန်ရှုံ့ချခံရတာလည်း မိတ်းမသာေးတွပါပဲမောင်ရယ်...။

ကိုချစ်ရတဲ့ သူရှေ့ ရောက်ရင် ချွဲ့နွဲ့ကာပြောတာကို အပြစ်မမြင်ပါနဲ့မောင် ဘာဖြစ်လို့လည်းဆိုတော့ ကိုချစ်ရတဲ့ သူ ကိုယ့်အပေါ်မှာ ပိုဂရုဆိုက်အောင် ကိုယ့်အပေါ် ပိုချစ်လာအောင် အဲ့လိုမျိုး ပြောမိတာပါ..။

ချစ်သူရည်းစားဘ၀မှာ တခါတလေ စိတ်ဆိုး စိတ်ကောက် မိတာကိုလည်း အပြစ်မဆိုပါနဲ့ မောင်...ကိုချစ်ရတဲ့ သူရဲ့ ချော့မော့တဲ့ စကား ပြောတဲ့ စကားအသံလေးနဲ့ ကိုယ့်အပေါ် ဘယ်လောက်ချစ် လည်းဆိုတာ သိချင်လို့ အချော့ခံချင်လို့ စိတ်ကောက်မိတာပါမောင်ရယ်..။

မိန်းကလေး တွေနဲ့ အရောတ၀င်နေတာကိုလည်း မကြိုက်ဘူးဆိုတာကို သ၀န်တိုတယ်လို့ ခေါင်းစဉ်မတက်ပြောရင်လည်းပြောပါမောင် ကိုယ်ချစ်ရတဲ့ သူကို သူများလက်ထည်း ပါမသွားစေချင်လို့ပါဖြစ်သွားတာပါမောင် ဒါကို နားလည်ပေးပါ..။

နောက်ဆုံး မောင်ရယ် မောင့်ဘက်က တကယ်ချစ်တာပါ ထာဝရပါ သက်ဆုံးတိုင်ပါ ဆိုပြီးတော့ ညီမကိုပဲလက်ထပ် ယူမှာပါလို့ ညီမယုံကြည်အောင်ပြော နေပြီး နှစ်တွေ အကြာကြီး တွဲ လာခဲ့မယ်ဆိုရင်တောင် ညီမတို့ လက်မထပ်က သေးတဲ့အထိ ချစ်သူရည်းစား ဘ၀မှာတော့ ညီမတို့မိန်းမသားတွေရဲ့ အပျိုစငိဘ၀ကိုတော့ မောင့်လက်ထဲ မပေးအပ်နိုင်ဘူးမောင် ဒါကိုတော့ မောင်နားလည်ပေးပါမောင် မောင့်ကို ညီမ ယုံကြည်ပါတယ် ချစ်ပါတယ် မောင့်တယောက်ကိုပဲ လက်ထပ်မှာပါ ဒါပင် လကိမထက်ကသေးသရွေ့တော့ အပျိုစင်ဘ၀မပေးအပ်ပါရစေနဲ့ မောင် မပေးအပ်နိုင်ပါဘူး ဒါကိုမောင်တစ်ယောက် သိပါတယ် ..။

ပြီးတော့ မောင့်ကိုယုံကြည်ပါတယ် ချစ်ပါတယ် ညီမကိုပစ်မသွားပါနဲ့မောင် မောင့်တယောက်ကိုပဲ ချစ်တယ်....။

မိန်းမသားတယောက်ရဲ့ အချစ် နဲ့ ဘ၀ ကိုစာနာ နားလည်ပေးစေချင်ပါတယ် သူငယ်ချင်းတို့ ဒါကိုယောကျာ်းလေးတိုင်း သိသင့်ပါတယ် .. ချစ်သူရည်းစား ဘ၀မှာ ကိုယ့်ကိုတကယ်ချစ်သော မိန်းမသားတယောက်က ဖော်ပြပါအထက်ပါအတိုင်း စိတ်သဘောထား ရှိပါတယ်... ဒါကိုယ် နားလည်ပေးလိုက်ပါ စာနာပေးလိုက်ပါ ....။

(ချစ်ဦးမောင်)***## ခံစားရေးသားတင်ဆက်သည်..။

ကျွန်တော်သိသလောက်မှတ်သလောက်လေးရေးသားထားတာပါ လိုအပ်ချက်လေးတွေရှိရင်ရှိနိုင်ပါတယ်ရှိတာလေးတွေတွေ့ရင်တော့မိန်းကလေးတွေထည့်ပြောကြားပေးပါ...။

ကျေးဇူးတင်ပါတယ်... ။

ကြိုးစားပါဦးမည် ....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>