ကျွန်တော် ဒီစာရေးတာ သည်းခံနိုင်လို့တော့မဟုတ်ပါဘူး .တွေးမိတာလေးတွေ ရေးကြည့်တာပါ .သူငယ်ချင်းတို့ လည်း သူတို့လို ကျင့် ကြံ ကြည့်ကြပေါ့နော်။ သူ့နာမည် က မမြင့်သူဇာလို့ ခေါ်တယ် . သူက ရန်ကုန်နဲ့ မန်းလေးကို အရောင်းအ၀ယ် လုပ်တာပေါ့နော်။တစ်နေ့ သူရန်ကုန်ပြန်မယ်ဆိုတော့ မန်းလေး ဘူတာကြီးမှာ ရထားစီးပါလေရေ .အဲ့မှာတင် သူစီးမယ့်၇ထားက ရာသီဥတု အခြေအနေကြောင့် နောက်ကျမယ်ဆိုပြီးတော့ ကြေညာချက်ထွက်လာတယ်.သူလည်း စိတ်ညစ်ညစ်နဲ့ စာအုပ်တစ် အုပ်ရယ် မုန့်တစ်ထုပ်ရယ် ၀ယ်ပြီးတော့ စောင့်နေလိုက်တယ် .ခဏနေတော့ သူ့ဘေးနားကို လူတစ်ယောက်လာထိုင်တယ် . မမြင့်က တော့ဘေးကို ခဏလေး ကြည့်ပြီးစာဖတ်တာပေါ့နော် .မုန့်ထုတ်ကို လှမ်းတော့ မကြည့်ဘဲ စာထိုင်ဖတ်နေတယ်.အဲ့မှာတင် မုန့်ထုတ်ထဲကို လက်တစ်ဖက် ရောက်နေတာ သတိထားမိတယ်.အေးပေါ့ ဗိုက်ဆာလို့နေမှာပါဆိုပြီးတော့ သည်းခံနေတယ် အဲ နောက်တော့လည်း လက်တွေက ခဏခဏ ရောက်လာတာ .အေးပါလေ ဆိုပြီးသည်းခံနေတယ် မုန့်က တဖြည်းဖြည်းနဲ့ လျော့ လာပြီဆိုတာ သတိထားမိတယ်.ဒါလည်း ထားပါလေဆိုပြီးတော့မပြောဘူး။ဘယ်လောက်ထိဖြစ်သလဲဆိုရင် နောက်ဆုံးတစ်ခုကိုရောက်တော့ အဲ့လူက ပြုံးစစနဲ့ တစ်ဝက်ဖဲ့ပြီးတော့ လာပေးတယ်ဗျာ.ဘယ်လောက်ဒေါသထွက်မလဲ တွေးကြည့် ။ဒါတောင်ဘာမှ မပြောဘူး ရထားလာတော့ ရထားပေါ်တတ်သွားပြီး ထိုင်ခုံမှာ တွေးနေတာပေါ့ ။အဲ့လူတော်တော် မျက်နှာ ပြောင်တဲ့ လူဆိုပြီးတော့ တွေးနေတယ်. လက်မှတ်စစ်လာတော့ လက်မှတ်ထုတ်တဲ့ အခါမှာ သူ့မုန့် က အိပ်ထဲမှာ အထုတ်တောင်မဖေါက်ရသေးဘူးဗျာ။။အဲ့မှာတင်တွေးမိတယ် ။။
ဘယ်လိုတွေးလဲ စဉ်းစားတော့်နော်