ချစ်သူ ကိုယ့်ဘက်စချစ်ခဲ့ကတည်းက ပေးဆပ်ခြင်းအပြည့်နဲ့ ချစ်မြတ်နိုးခဲ့တာပါချစ်သူ ။ မုန်းဖို့ဆိုတာကို အိမ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဘူးတဲ့ လူတစ်ယောက်ပါ။ မချစ်တတ်ခဲ့ပါဘူး ။ဒါပေမဲ့ ဖြူနဲ့တွေ့တဲ့အချိန်ကစပြီး အချစ်ဆိုတာကို နားလည်ခဲ့တယ် ။ စာနာနားလည်တဲ့ ချစ်သူတစ်ယောက်ရလို့လဲ ပျော်ရွှင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ လေထဲမှာပဲ ပျောက်သွားခဲ့မယ်လို့ ကိုယ်မထင်ခဲ့ဘူးချစ်သူ ။ မိန်းကလေးတစ်ယောက်ကို ချစ်ဖို့မပြောနဲ့ အနားကပ်ပြီးစကားပြောတာတောင် မကြိုက်တဲ့ကိုယ်က ဖြူ့စကားသံလေးတွေကို သာယာခဲ့တယ် ။ ဖြူနဲ့စကားပြောနေရရင် ပျော်ရွှင်ခဲ့တယ် ။ ဒါပေမဲ့ ဒီလောက်မြန်မြန် ပျော်ရွှင်မှုတွေဆိတ်သုန်းသွားမယ်လို့ ကိုယ်တကယ်မထင်ခဲ့ဘူး ။ ကိုယ်မင်းကို မမုန်းပါဘူး ..မမေ့ပါဘူး ချစ်သူ။ ချစ်သူအတွက်ဆို ချစ်သူနှစ်သက်ရာကို လုပ်ဆောင်ပေးခဲ့တာပါ …ချစ်သူအတွက် နောက်ဆို စိတ်မပျက်စေရပါဘူး ချစ်သူ ။ချစ်သူ သဘောပါ …ချစ်သူစေလိုရာစေပါ့မယ် ။ ချစ်သူ ဒီရင်ခွင်မှာမပျော်လို့ရင်ခွင်ပြောင်းမယ်ဆိုလည်း ကိုယ်လက်ခံပါ့မယ် ။ ဒါပေမဲ့ ဒီရင်ခွင်က ချစ်သူအတွက် ထာဝရနားခိုနိုင်ပါတယ်ဆိုတာကို ချစ်သူစိတ်ထဲမှာ ထည့်ပေးထားပါနော် ။ အချိန်မရွှေး ၀င်ရောက်နားခိုနိုင်ပါတယ်ချစ်သူ ။ သိပ်ချစ်တယ် ။ အရမ်းလဲလွမ်းတယ် ။ ဒါပေမဲ့….ချစ်သူအထင်လွဲတာ တော့ခံရခက်တယ် ချစ်သူ။ကိုယ့်ရင်ဘက်ထဲမှာ တစ်ယောက်သော သူအမြဲတမ်းရှိတယ်ဆိုတာ နားလည်ပေးပါချစ်သူ။ အလွမ်းတွေကို ယောက်ျားတန်မဲ့ မျက်ရည်အဖြစ် စေလွှတ်ခဲ့တာလည်း အကြိမ်ပေါင်းမနည်းဘူး ။ ခံစားရလွန်းလို့ ရင်ဘက်ထဲမှာ ဘလောင်ဆူနေတယ်ဆိုတာ ချစ်သူနားလည်မယ်ဆို သိပ်ကောင်းမှာပဲလို့ ကိုယ်တွေးခဲ့ဘူးပါတယ် ။ဒါပေမဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ ချစ်သူကို ဒီစိတ်က ဘယ်လိုခွန်အားတွေနဲ့ မုန်းဖို့ကြိုစားရမလဲ ချစ်သူ ။ ချစ်သူက မေ့နေပေမဲ့ သတိတွေရနေတဲ့ကိုယ်ကသာ အရူးကြီးတစ်ယောက်လို တမ်းတလွမ်းဆွှတ်နေရတာပါ ။အချိန်နေ့ရက်တိုင်း ချစ်သူတဲ့ဆုံတွေ့မယ်ဆိုတဲ့မျှော်လင့်ချက်လေးက ရင်ခွင်ကို အားအင်ဖြစ်စေပါတယ် ။ ချစ်သူနဲ့ဘ၀ကို ဖြတ်သန်းပြီး ပျော်ရွှင်စွာနေချင်ပါတယ် ။ အချိန်တွေက မျှော်မှန်းတဲ့နေ့ရက်တွေကိုရောက်ဖို့ တစ်ရက် တစ်ပတ် တစ်လ တစ်နှစ် အချိန်တွေတိုက်စားသွားပေမဲ့ဘယ်တော့မှ မမေ့တဲ့ လူတစ်ယောက်ရဲ့နှလုံးသားမှာ ကမ္ပည်းထိုးတာတယ်ဆိုတာ သတိရပေးပါချစ်သူ။ နောက်ဆုံးကြိုးစားခဲ့မျှ သဲထဲရေသွန်ဆိုရင်တော့ ဘ၀တစ်ခုကို ဘယ်တော့မှ တည်ဆောက်ဖို့ မဖြစ်နိုင်တော့ဘူး..............................
↧