<><<><><><><><><><><><><><><>
မှောင်ရည်ကပျိုး ရေအိုးလေးရွက်လာတဲ့ စာဥ ..... ယဉ်တကိုယ်မယ်အချိုးစား ပြောစရာအပြစ်ရယ်မရှိ
ချောချင်တိုင်းချော လှချင်းတိုင်း လှနေတဲ့ စာဥ လေးရဲ့ ပုံရိပ်တွေ မျက်လုံးထဲကမထွက်ဘူး.........
ဟော ပြောရင်း စာဥ တောင် အနားရောက်လာပြီကို..... ဘေးက တေနာမလေးတွေက ပါလာသေး..
(ရွှေချော)...း ဟိုးးးးးးး Stop စာဥ Stop ..............
စာဥ..း ဟဲ့ ဘာကို စတော့ပ် တာလဲ ငါ မျက်နှာဖြူ စာကားနားမလည်ဘူး လူစကားပြောဟဲ့... (ဂိန်).....
(ရွှေချော)..း စာဥ ကလဲ မသိရင်မှတ်ထားစမ်းပါ Stop ဆိုတာ ဆက်သွားလို့ ပြောတာ ဟဲဟဲ ...........
စာဥ..း ဟွင်း ရန်ကုန် မသာစော်က နံဟောင်နေတာပဲ...
(ရွှေချော)..း အမယ် နင်က ရန်ကုန် မသာကို နမ်းဘူးလို့ လား......
စာဥ..း ကောင်စုတ်ရဲ့  မသာကောင်ကို သွားနမ်းစရာလား နင့် ရေမွှေးကို နံတယ်ပြောတာ နင် ဝေးဝေးသွားပါ
ဟယ် မဟုတ်ရင် ငါ့ဘဒွေး တွက်ပီ နဲ့ တိုင်ပြောမှာနော် .. ဘာမှတ်နေလဲ....
(ရွှေချော)..း ခဏလေးပါ စာဥ ရယ် ငါ့ကို နှင်တော့မလွှတ်ပါနဲ့  နင်ရှိလို့ သာ ငါ့ဘ၀ အသက်ရှင်နေရတာပါ
နင်လေ တနေ့ တချား ကြီးကြီး လာတယ်နော်.....
စာဥ..း နင်ဘာစကားပြောတာလဲ ပါးကျိုးသွားမယ်နော်.........
(ရွှေချော) (အောင်းမငေးးး)
(ရွှေချော)..း တလွဲမတွေးပါနဲ့ စာဥရယ် နင်နဲ့ ငါနဲ့ က ငယ်..ငယ်လေးကတည်းက အတူတူ နေခဲံကြတော့ အခု
နင်က အပျိုဖားဖားကြီးဖြစ်နေတာရယ် ပြီးတော့ ကလာနာသား တိုင်းရဲ့  ပါးစပ်ဖျားမှာ ပါးစပ်ဝဲပေါက် အောင်
ကို ပြောပြောနေတဲ့ စာဥ ရဲ့ လှသွေးကြွယ်တဲံ့ သတင်းတွေ ကြားရတော့ ငယ်သူငယ်ချင်းဖြစ်တဲ့ (ရွှေချော)က
စာဥ ကို ဆုံးရှုံးရမှာ တွေးကြောက်နေမိတာပေါ့ စာဥ ရယ်.......... {အလဲ....မိုက်သဟ..။
စာဥ..း နင် နွားမသောက်တဲ့ အရည်တွေသောက်ပြီး ငါ့ကို ကလနာ စကားပြောနေတာပေါ့လေ.....
(ရွှေချော)..း ပြောရက်လိုက်တာ စာဥ ရယ် ငါနွားမသောက်တဲံအရည်မသောက်ခဲံ့ပါဘူး နွားတွေ မသောက်ခင်
အရင် ထလုံး ထဲကသောက်လာတာပါဟ ...အာ............ယောင်ကုန်ပြီ... ဘာအရည်မှမသောက်ခဲ့ပါဘူးဟ
စာဥ နဲ့ တွေ့ ရင် ပြောဖို့  စကားစီနေတာနဲ့  ထန်းတောမရောက်တာတောင်ကြာလှပြီ တကယ်ပါ စာဥ ရယ်
ငါလေ နင့် ကို ဘယ်လို ကြည့်ကြည့် ကြည့်လို့ ကို မ၀ ဘူး ဖြစ်နေတယ်........
စာဥ..း (ရွှေချော) နင် အခုချက်ချင်း ဖယ်မှာလားမဖယ်ဘူးလား ငါရေအိုးရွက်ရလို့ သေတော့မယ် ဖယ်ဟာ
နင်ငါ့အကြောင်းကို သိတယ်နော် .......
(ရွှေချော)..း ငါက အလိုက်သိပါတယ် စာဥ ရယ် နင်က သာ မသိချင်ယောင်ဆောင်နေတာပါ အခုငါဘာပြောချင်
နေတယ်ဆိုတာ ကို စာဥ က မှ သဘောမပေါက်တာ ကဲပါ စာဥ ရယ် ငါ နင့်ကို အမှန်တိုင်းပြောမယ်ဟာ နင်ကို..
ချစ်....ချစ်..........................{ အရေးထဲ စကားထစ်နေသေးတယ် ထိုစဉ်....
စာဥ..း ကဲဟာ..... ဒီလောက်လေကျောရှည်နေတာ.. ကဲဟာ.... { ခြေမကို ခုန်ဖိနပ် နဲ့ နင်းသွားသည်...
စာဥ..း ရုပ်ကိုက လူရွှင်တော် ရှဲဒိုး ကို မသာခန်း ငိုခိုင်းထားတဲ့ ရုပ်နဲ့  လူကို လာပြီးချစ်ရေးဆိုနေတယ် မှတ်ထား
စာဥ မတို့  က ကိုကို နေတိုး လာချစ်ရေး ဆိုတာတောင် ခဏ ငြင်းထားတာ (ရွှေချော ) လို ကောင်မျိုးကိုတော့
တနားပါ့ အိမ်မက်ထဲတောင် အိပ်ရေးပျက်လို့ ထည့်မမက်ဘူး (ရွှေချော) ရေ ကြွလိုက်ပါအုံမယ်....တတာပါရှင်..
ဟိဟိဟိဟိ ခစ်ခစ်ခစ်ခစ်ခစ်ခစ်စခ်.........
(ရွှေချော)..း ရက်စက်လိုက်တာ စာဥမ ရယ် နင်ဒီလောက်ရက်စက်လိမ်လို့ တွေးတောင်မတွေးမိဘူး ဒီလို အပေါက်
ဆိုးလို့ လဲ ယော်ျားမရသေးတာ နင်လာခဲ့ပါ ငါတို့ ယာခင်းထဲက လမ်းအတိုင်း အဲကြမှ နင် (ရွှေချော) အကြောင်း
ကောင်းကောင်း သိမယ်..... အခုတော့ အခုတော့ အောင်းမငေး နာတယ်ဗျ မသာမ ထိပ်ကို
နင်းသွားတယ်...။..။.။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
post မရေးဖြစ်တာကြာလို့  စိတ်ကူးပေါက်မိတာလေး ရေးထားသည်
ဇာတ်ကောင်တွေက ရိုးနေပေမယ့် စိတ်ကူး အသစ်လေးနဲ့ ပေါ့့သူငယ်ချင်းတို့ 
ဖတ်ရတာ အဆင်ပြေမယ်လို့  မျှော်လင့်မိပါတယ်.......
ကြိုးစားပါအုံးမည်
ကို♦ရွှေ♦ချော♥★ရွှေညာ♪♫
6.0.2012