ဒီခေတ်မှာ..စာပေအနုပညာဝါသနာရှင်လေးများ ကလောင်စမ်းဖို့ဆိုရင်
မြန်မာလူမှုရေးဝက်ဆိုက်များဟာ အကောင်းဆုံး ပျိုးဥယျာဉ်ပါ ။
မိမိအားသန်ရာ..ကဗျာ..၀တ္ထုတို နှစ်သက်ရာ ရေးသားခွင့်ရှိပါတယ်
မြေထောင်မြှောက်ပေးမဲ့..အက်မင်များ..မင်ဘာများက အဆင်သင့်ပါ ။
ဒီဝက်ဆိုက်တွေကနေ မိမိအရည်သွေးကို ယုံကြည်လာပြီဆိုရင်
မဂ္ဂဇင်း ဂျာနယ်လိုင်းဖက် ကူးလို့လည်းရနိုင်တာပါ..
ချစ်သူမြို့တော်ဆိုက်ကတော့..ကလောင်ဟောင်း..ကလောင်သစ်ကြိုဆိုလျက်ပါ ။
ချစ်သူမြို့တော်မှာ ဘလော့တွေကို ချပေးရတဲ့သူတစ်ယောက်အနေနဲ့
ကလောင်စမ်းစ ကဗျာဆရာ ၀တ္ထုတိုဆရာ/ ဆရာမလေးများကို
အနည်းငယ် အကြံပေးလိုပါတယ်..။ဝါရင့်ကလောင်ရှင်များအတွက်မဟုတ်ပါ ။
ကျွန်တော်ကျင့်သုံးတဲ့နည်းလေးပါ..ကြိုက်ရင်ယူ..မကြိုက်မယူပါနဲ့..
ဈေးပေါပေါ မန်မိုရီစတစ်လေး ထဲမှာ ကိုယ်ရေးချင်တာလေးတွေ အားတုန်းရိုက်ထားပါတယ်..
စတစ်မရှိရင်လည်း..ကိုယ်သုံးတဲ့စက်..Microsoft Word ထဲမှာ ဇော်ဂျီနဲ့ရိုက်လည်းရပါတယ်..
ဒါမှမဟုတ်..မေးဘောက်မှာ..Compose ခေါ်ရိုက်ပီး သိမ်းထားရင်တောင်ရပါတယ်..။
လက်စသတ်တာတွေရော..လက်စမသတ်ရတာတွေရော..စိတ်ရှိတိုင်းရိုက် ထည့်ထားပါတယ်..
ကိုယ့်စတစ်ထဲမှာ ရိုက်ထားတော့..ကိုယ့်လက်ရာလေးတွေလည်း အမှတ်တရသိမ်းရတာပေါ့..။
လက်စသတ်တာလေးတွေကို စိတ်ကြိုက် ပုံစံချပါတယ်
စကားပြောလေးတွေပါရင်..မျက်တောင်ခပ်ကွင်း “ ….” နဲ့ရေးပါတယ်..
ခုနစ်လိုင်း..ရှစ်လိုင်းလောက်ကို တစ်ပုဒ်ခြား..Enter ခေါက်ပါတယ်..
စာဖတ်သူ မျက်စေ့သက်သာအောင်..တောက်ပတဲ့ Font Color မသုံးပါဘူး..။
စာကြောင်းလိုင်းတွေကို ၆လက်မ.၇လက်မ ထက်ပိုမရိုက်ပါဘူး..
စာမျက်နှာ အပြည့် အပြင်လိုက်ကြီးဆိုရင်..စာဖတ်သူ စိတ်ထဲ
အီလည်လည်ဖြစ်သွားတတ်ပါတယ် ။ကိုယ့်စိတ်ခံစားချက်နဲ့နိုင်းပါ..။
ကဗျာဆရာ/ဆရာမလေးများ အတွက်ကတော့ မိမိကဗျာလေးကို
အမြင်လှအောင် ပုံစံလေးတွေကို ဂရုစိုက်သင့်ပါတယ်..မဂ္ဂဇင်း..ဂျာနယ်တွေထဲက
ကဗျာ ပုံစံချတာလေးတွေ အတုခိုးစေချင်ပါတယ်..။
ရေးဖွဲ့ထားတဲ့ ကဗျာနေရာချထားမှုဟာအင်မတန်အရေးကြီးပါတယ်
ဟော်တယ်က ထမင်းပွဲပြင်သလိုပေါ့..
မျက်စေ့နဲ့အရင်စား..နောက်မှပါးစပ်နဲ့စားဆိုသလိုပါ..။
ဆိုက်ထဲ စာရေးဖို့စိတ်ကူးပီဆိုရင်တော့..ကိုယ်ပိုင်စာမူလား..ကော်ပီလား..
ကဗျာလား..သူနေရာနဲ့သူတင်ဖို့ရှိပီးသားပါ..
ဆိုက်ထဲ..ထည့်ရန်..Add ရမဲ့နေရာမှာတန်းရိုက်တာကတော့ မရှိသုံးပဲကောင်းပါတယ်..
အသင့်လုပ်ပီးသားကို ကော်ပီကူးထည့်တာက..အမှားနည်းပါတယ်..။
သရုပ်ဖေါ် ပုံလေးတွေသုံးချင်လည်း..Image..မှာကြိုရှာထားပေါ့..။
ဒီဆိုက်ထဲက..ဘလော့ဂါ..ကိုကွန်ဆူးမား..စာတွေလေ့လာသင့်ပါတယ်..
စာနဲ့ ပုံအတွဲသိပ်လိုက်ဖက်ပါတယ်..။
စာကိုယ်ထည့်ပြီးတာနဲ့……
ခေါင်းစဉ်ပါပြီလား..သတ်ပုံမှန်လား..အမျိုးစားပါပြီလား..
အမျိုးစားကလည်းရှိတာပဲထည့်တာကောင်းပါတယ်..
အတတ်ဆန်းလို့..(ကျွန်တော်ကောင်မလေးတွက်…)တို့ဘာတို့မလုပ်ပါနဲ့..။
အိုကေပြီဆိုရင်..Preview..ပြန်ကြည့်ပါ..။ကြိုက်ပီဆိုရင်..အပြီးတင်လိုက်ယုံပါဗျာ..။
ဘလော့ချပေးတဲ့ အက်မင်ကလည်း သူပြန်ပြင်မပေးရလို့..ကျေနပ်သဘောကျ
မြန်မာ့ကွန်နက်ရှင်ကောင်းတုန်းလေးလု ချပေးနေရတာပါ..။
ချစ်သူမြို့တော်မှာ..ကလောင်သွေးနိုင်ကြပါစေ…
(ကိုကြီး..အောင်ထက်)