Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♫ မာနကြီးတဲ့ ကျမချစ်သူ ♥

$
0
0

123Friendster.Com

123Friendster.com - More Beach Comments


မာန ဆိုတာ ...
မသိမသာ ဖုံးအုပ်နေတတ်တဲ့ အလွှာပါးလေးပါပဲ ။
ဒီတိုင်းကြည့်ရင် မမြင်ရအောင်သေးငယ်ပေမဲ့ သူက အလွန် စွမ်းအားကြီးမားပါတယ် ။
မာနစိတ် နဲ့ ဦးဆောင်ပြီး အောင်မြင်မူတွေ ရရှိနိုင်သလို ...
ဆုံးရှုံး နစ်နာမူတွေလဲ ပေးစွမ်းနိုင်ပါတယ် ။
ထိုကြောင့် တန်ဆေး ၊ လွန်ဘေး ဆိုတဲ့ စကားပုံလေး အတိုင်း ..
လွန်မသွား မိအောင် ... ဂရု စိုက်မိဖို့ တော့ ..လိုအပ်ပါတယ် ။


“ မောင် ...ကျမကို ဘယ်လောက်ချစ်လဲ ”
မေးနေကြစကားလုံးမို့ မောင်က ပြုံးလို့နေပါတယ် ။ လူနဲ မလိုက်အောင် ကလေးဆန်လွန်းတဲ့ ကျမ မေးခွန်းက လူအများအတွက် ရယ်စရာ ဖြစ်နိုင်ပေမဲ့ မောင့်ကို အရမ်းချစ်မိတဲ့ ကျမ အတွက်တော့ အင်အားဖြစ်စေတဲ့ စကားလေးတခွန်းပါ။
“ အရမ်းချစ်တယ် ..ကျေနပ်လား ”
“ ကျေနပ်တယ် ....ဒါပေမဲ့ တကယ်နော် ”
“ ရော် ..ခက်နေပါ ပြီကွာ ။ မောင့်ရုပ်က ညာတတ်တဲ့ပုံ ပေါက်နေလို့လား ”
“ မောင်က မညာတတ်တာ သိပါတယ် ။ ဒါပေမဲ့ ကျမက အရမ်းချစ်မိတော့ ..ဆတူအချစ်မျိုး လို ချင်တာပေါ့ ”
လူကြီး ဆန်တဲ့ မောင့်ကို ချွဲနွဲချင်တာ မောင်လဲ နားလည်မှာပါ ။
“ အရမ်းချစ်ပါတယ် ။ တကယ် ..ရင်ထဲက လာတဲ့ စကားပါ ”
ကျမမျက်နှာ ပြုံရွှင်သွားပြီ ။ မောင့်ကို သွားတွေ ပေါ်အောင်ရယ်ပြမိပါတယ် ။
အော် ...အချစ်က ..
နုပျိုနိုင်စွမ်းတယ် ။ အားအင်သစ်တွေ ပေးစွမ်းနိုင်သလို ... သာယာလှပမူတွေ နဲ အသက်ဆက် စေ နိုင်ပါတယ် ။ ဒီလို ကျတော့ အချစ်က နွေလည်ခေါင်က အိုအေစစ်ကလေးပေါ့ ။

123Friendster.Com

123Friendster.com - More Beach Comments


မောင်နဲ ကျမ က ၀ါသနာတူ ၊ စိတ်ကူးတူ ချစ်သူတွေပါ ။ အချစ်ချင်းလဲ ညီမျှမယ်လို ..ယုံ ကြည်မူတွေနဲ ဘ၀ကို လက်တွဲ ပြီး ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။ အနာဂါတ်မှာ ... အခိုင်မာဆုံး အိမ်လေးတစ်လုံး တည်ဆောက်နိုင်ဖို့ ရည်မှန်းချက်တွေ အပြည့်နဲပေါ့ ။
အချစ်ဆိုတာ စိတ်ကူးယဉ်တုန်းတော့ အလွန်လှပတဲ့ ကဗျာလေး တပုဒ် ဖတ်ရသလိုပါပဲ ။ တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ ရင်ခုန် ကြည်နူးစရာအပြည့်ပါ ။
လက်တွေ့ကျကျ ရင်ဆိုင်ကြည့် တဲ့ အခါ .....
အွန်လိုင်းမှာ သူ့အကောင့်လေးမီးလင်းလာတော့ ပျော်လိုက်တာ ...
“ မောင် ”
“ မောင် မအားသေးလို့ ခဏလေးစောင့်နော် ”
“ ဟုတ်ကဲ့ပါရှင့်”
အလုပ်များသူကို ချစ်သူ တော်မိမှတော့ စောင့်ယုံပေါ့ ။ စူချင်ချင် နှုတ်ခမ်းကို ဖိကိုက်ရင်း... ဒါ ကလေးဆန်လို့ မရဘူး။ နားလည်ပေးရမယ်လို့ ဦးနှောက်က သတိပေးချက် ထုပ်ပြန်နေပါတယ် ။
“ အားပါ ပြီခင်ဗျာ ။ လွမ်းလိုက်တာကွာ ..မောင်ကလဲ စကားပြော ချင်တာပေါ့ ။ အလုပ်တွေက လွဲ ထားလို့ မရ လို့ပါ ကွာ ”
“အင်းပါ ။ ဒါဆိုလဲ ပြီးရော ”
ချစ်စကားလေးတွေ ပြော ရင်း ..အချိန်တွေ မသိမသာ ကုန်ဆုံးသွားစေပါတယ် ။ ဒီလိုပါပဲ ခိုးလိုး ခုလု စိတ်ကလေး ခုတော့ ဘယ်ရောက်သွားမှန်းမသိ မောင့်ရဲ့ ချစ်စကားတွေမှာ ရင်ခုန်ရင်းကျေနပ်နေမိပါတယ် ။


“ မောင် ရေ ...ပြောစရာ ရှိတယ်”
“ အင်း။ ခဏလေးစောင့်နော် ”
နာရီဝက်ခန့် ကြာတော့ ..
“ မောင် မအားတော့ရင် ..ကျမ အောက်တော့မယ်နော် ”
“ ဒီနေ့မှ အလုပ်များနေတယ်ကွာ ...ညကျရင်တော့အားတယ် ၊ စောင့်နေမယ်နော် ”
“ဟုတ်ကဲ့ ”
ညရောက်သော အခါ ...
“ မောင် ..စောင့်နေတာ ကြာ ပြီလား ”
“ သိပ်တော့ မကြာသေးဘူး။ အလုပ်တွေက အိမ်ထိပါလာတယ် ခုထိ ထမင်းမစားရသေးဘူး ”
“ ဟုတ်လား ။ ဒါဆို အရင်သွားစားနော် ။ ကျမ စောင့်နေမယ်လေ ”
“ အင်းဒါဆို သွားစားမယ် ။ စောင့် နေနော် အောက်မသွားနဲ ”
“ အင်းပါ ”
၉ နာရီသာ ကျော်ခဲ့ပါသည်။ မောင်က ပေါ်မလာခဲ့ ပါ။
အစပျိုးလုဆဲဆဲ ရင်ထဲက သံသယ ပင်တွေက အပြိုင်အဆိုင်ရင့်သန်လာခဲ့ပါပြီ ။

123Friendster.Com

123Friendster.com - More Beach Comments


မောင် နေနိုင်လိုက်တာ ။ စောင့် ခိုင်းပြီး ထားခဲ့ရက်တယ် ။ ညဘက်ဆို အားနေမှန်းလဲ သိသိကြီးမို့ ..
ချစ်သူရဲ့ ဥပက္ခာက ရင်ထဲကို လောင်ကျွမ်းစေပါတယ် ။ မောင် စိတ်ကုန်သွားပြီလား ဆိုတဲ့ အတွေးက မျက်ရည်ကို ရစ်ဝိုင်းလာစေပြီ ။ စိတ်ကို ခက်ထန်စေတဲ့ အတွေးများတွေကို ၀င်စေနိုင်ပါသည် ။
သူတောင်နေနိုင်တာ ..ငါက ဘာလို့ မနေနိုင်ရမှာလဲ ။ ပျော့ညံနေတဲ့ ကိုယ့်စိတ်ကို ပြန်လည်ဆွဲဆောင် ထားပါသည် ။
ငါမှာလဲ ..မာနရှိတာပဲ ။ ဒီလောက် လိုက်ခေါ်နေရတာ မိန်းမ မာန ရှုံးနေပြီ ။ ဒါထက်ပို ပြီး အရှုံး မပေးမိစေနဲ ။
ကျလုလု မျက်ရည်များကို .. မာန်ကိုတင်းကာ ပြန်လည်သွတ်သွင်းဖို့ ကြိုးစားနေမိပါသည် ။ အချစ်က မီးလို ပူနေစေ ပြီး ။ အရမ်းချစ်တတ်တဲ့ အသဲနှလုံးလေးက ချစ်လွန်းတော့  မာနဆိုတာလဲ ပါလာခဲ့ပြီပေါ့ ။


နောက်တနေ့ ...
“ မောင် စောင့်နေပါတယ် ။ ရှိနေတာ သိတယ်နော် ။ တက်လာခဲ့ပါ စကားပြော ရအောင်ပါ ။ ”
မောင် က မက်စေ့ခ်ျ အမျိုးမျိုး ပို့သော်လည်း စိတ်ကမပြေနိုင်ပါ ။ အချစ်ကြီးတော့ အမျက်ကလဲ ကြီး ပြီပေါ့ ။
မောင်လဲ သူမှန်တယ်ထင်ရင် မာနအလွန် ကြီးတာမို့ ..
“ မောင်က အရမ်း အလုပ်ရှုပ်တဲ့လူ အဲ့ဒါလေးတော့ နားလည်ပေးနိုင်ရမှာပါ ။ ဒါကိုမှ နားမလည်ပေးနိုင်ဘူး ဆိုရင် .. နှုတ်ဆက်ရတော့မှာပေါ့ ။ မောင်က ဘ၀နာခဲ့သူမို့ မာနကြီးခဲ့ပါတယ် ။ အဲ့င်္ဒီမာနနဲပဲ ကြိုးစားခဲ့လို အောင်မြင်မူတွေ အများကြီးရခဲ့တယ် ။ ဒါကြောင့်မို့ မာနဆိုတာ ရှိသင့်တယ် ။ မင်းကို အရမ်းချစ်ခဲ့ပေမဲ့ ကိုယ်မှန်တယ်ထင်လို့ မာနကြီး ခွင့်ပြုပါ ”
မောင့်စကားက ရိုးရိုးလေးပေမဲ့ ကျမရင်ကို ဓါးနဲ မွန်းနေသလိုပါပဲ ။ လမ်းခွဲစကားပြောနိုင်တယ်လား မောင်ရယ် ။

123Friendster.Com

123Friendster.com - More Beach Comments


လေနဲ့ မိုး တဝေါ ဝေါ တိုက်ခတ်နေတဲ့ မိုးရာသီနဲ အပြိုင် ကျမရင်ထဲမှာလဲ မုန်းတိုင်းထန်လို့နေပါတယ် ။
ကျမမျော်လင့်ထားတာ မောင့်ရှိက ချော့ တဲ့ အကြင်နာစကား၊ ကျမ ရခဲ့တာ မာနတွေနဲ ပြတ်သားတဲ့ စကားလုံးတွေ ။ မုန်းတယ် ၊ အဲ့ဒီမာနတွေကု မုန်းတယ် ။ မျက်ရည်တွေ အဆက်မပြတ်ကျနေပေမဲ့ တချက်မှ မသုတ်မိပါ ။ ရင်နှင့် အမျှပါမောင်ရယ် ။ ကျမလေ မောင့်ကို အရမ်းချစ်ခဲ့တာပါ ။ ချစ်လို့ကို စိတ်ကောက်မိ တာ ။ မောင့်ရဲ့ ဥပက္ခတွေကို မခံစားနိုင်ခဲ့တာပါ ။ ရင်ထဲမှာ မောင့်ကို ချစ်တဲ့ အကြောင်းတွေ အများကြီး ပြည့်ကျပ်နေပေမဲ့ အပြင်မှာ ဖွင့်ဟ လို့ မရ ။ မထွေးနိုင်မအန်နိုင် အချစ်တွေနဲ နာကြင် ခါးသက် လွန်းလှပါတယ် ။ဒါပေမဲ့ ရင်ထဲက အချစ်တွေက ဒူးထောက်ခွင့်မပြု ။


မာနကြီးလွန်းတဲ့ ကျမ ချစ်သူ သို့ ...
မောင် ..ကျမက မာနမကြီးတတ်ပေမဲ့ ။ အရမ်းချစ်မိသွားတဲ့ ကျမ နှလုံးသားလေး မာနကြီးနေတယ် ။
သူ ပေးခဲ့တဲ့ အချစ်ကို ၊ ထပ်တူညီတဲ့ အချစ်ပဲ ပြန်လို ချင်ပါတယ်တဲ့ ။ မောင်က ကျမထက် ..မောင့်မာနကို ပိုချစ်သူလေ ။ မောင်လဲ မှန်သလို ၊ ကျမလဲ မမှားခဲ့ပါဘူး ။ ဒါကြောင့်မို့ ကျမအသဲနှလုံးလေးက ပြောတယ် ။ အရမ်းချစ်ခဲ့ ပြီးလို အရမ်းနာခဲ့ပြီတဲ့ ။ အချစ်ကို အချစ်နဲပဲ ကုလို့ ရပါတယ်တဲ့ ။ မာနနဲ ကုလို့ မရပါဘူး တဲ့ ။
ထပ်တူညီတဲ့ အချစ်တွေ ပေးနိုင်မဲ့ တနေ့ ပြန်လာခဲ့ပါတဲ့ ။
သူက လဲ မာနကင်းတဲ့ အချစ်တွေနဲ ကြိုနေမှာပါတဲ့ ... ..
မောင့်ကို အရမ်းချစ်တယ် ။
ထာဝရ မပြောင်းလဲပါဘူး ။


စာလေးတစောင် ပို့ပေးခဲ့ပါတယ် ။
မာနကြီးတဲ့ ကျမ ချစ်သူက ခုထိပေါ်မလာ သေးပေမဲ့ ...
ကျမနှလုံးသားလေးကတော့ ..စောင့်မျှော်နေတုန်းပါ ။
မာနကြောင့် ကျမတို့ နှလုံးသားတွေ အဆိပ်သင့်ခဲ့တာ လို ပြောရမှာပါပဲ ။


ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့် ..
မှုံနံ.သာဖြူ...
( ၈. ၈. ၂၀၁၂၊ နေ့လည် ၁နာရီ ၄၆ မိနစ် )

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...