နေအလင်းရောင်က ကွယ်ပျောက်သွားပြီဆိုတာနဲ့ လမင်းဆိုတဲ့ ဖိုးလမင်းကြီးကတော့ နေမင်းရဲ့ အလင်းကို မမှီလောက်တဲ့ သူ့အလင်းရောင်လေးနဲ့ ညအမှောင်ကို ထိုးဖောက် လမင်းအလင်းရောင်လေးက ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်
လမ်းဘေး တစ်ဖတ် တစ်ချက်တွင်တော့ ထွန်းလင်းထားတဲ့ မီးအလင်းရောင်များနဲ့ မြို့ကြီးကတော့သာယာလျှက်
မောင်းနှင်လာတဲ့ ကျွန်တော်ကလေးကတော့ ဖြေးညင်းစွာနဲ့ပင် ရုတ်တရက်လို အရှေ့မှ အရာတစ်ခုကို ကျွန်တော် တွေ့လိုက်သည် ဟုတ်ပါသည် ခတ်ငယ်ငယ် အမျိုးသမီးတစ်ဦးပင်ဖြစ်သည် ကျွန်တော်ကားအလာအား လက်ပြ၍ တားဆီးနေလေသည်
ရုတ်တရက်လို တွေ့လိုက်တဲ့ ခတ်ငယ်ငယ် အမျိုးသမီး၏ လက်ပြတားဆီးမှူကြောင့် ကျွန်တော် မောင်းနှင်လာတဲ့ ကားလေးအား ရပ်တန့်လိုက်သည် ကျွန်တော်ကားရှိရာသို့ လျှင်မြန်စွာပြေးလာသော မိန်းကလေးကတော့ ကျွန်တော်အား တုန်ရီစွာနဲ့ပင်
'' ဟို ဟို ဟို မောင်းပါရှင် အချိန်ဆွဲမနေနဲ့ ဒီနေရာလေးကနေ မြန်မြန်လေးမောင်းပေး'' တုန်ခါနေသော အသံဖြင့် ပြောဆိုလိုက်သော မိန်းကလေးစကားအဆုံးတွင်တော့
'' အော် အင်း အင်း '' ပြောဆိုလိုက်ပြီး ကျွန်တော် မောင်းနှင်လာတဲ့ ကားလေးအား လျှင်မြန်စွာပင် ထိုနေရာလေးမှ ထွက်ခွာ လိုက်လေသည်
ဇောချွေးများပြည့်ကျပ်နေသော သူမ၏နဖူးပြင်လေးအား ကျွန်တော်ကြည့်မိလိုက်တဲ့ အချိန်မှာတော့ ကျွန်တော်ပင် သူမကဲ့သို့ မောဟိုက်လာမိသည် သူမအား ကျွန်တော် မေးခွန်းတစ်ခု မေးလိုက်သည်
'' ဟုတ် ကျွန်တော် ဘယ်နေရာကို မောင်းပို့ ပေးရမလဲ ခင်ဗျာ ဒီက ဘယ်ကို သွားမလို့လဲ ခင်ဗျ ''
'' ဟို ဟိုလေ ဟို ဟို '' ထစ်ငေါ့စွာ ပြောဆိုနေသော သူမ စကားကြောင့်
'' ဟုတ်ကဲ့ ပြောပါ ကျွန်တော် လိုက်ပို့ပေးပါ့မယ် နောက်ကြည့်ရတာ ဒီက အရာ တစ်ခုခုကို ရင်မဆိုင်ရဲလို့ ထွက်ပြေးလာတဲ့ ပုံစံမျိုးပဲနော် ဘာဖြစ်လာတာလဲဟင် လူသတ်လာတာလား'' ကျွန်တော် မေးလိုက်သော မေးခွန်းကြောင့်
'' ဟာ ပေါက်ကရ တွေ လာမေးနေတယ် နံသာက လူသတ်ဖို့ နေနေသာသာ သွေးမြင်ရင်တောင် လန့်နေတာ ''
'' အော် မသိဘူးလေ ဗျာ ခင်ဗျားက ရေးကြီးသုတ်ပြာ ပြေးလာတာဆိုတော့ ကျုပ်ဘယ်ကို မောင်းပို့ ပေးရမလဲ'' ပြောလိုက်သော စကားနဲ့ပင် ကျွန်တော်မောင်းနှင်လာတဲ့ တက္ကစီကားလေးကတော့ သွားနေလျှက်ပင်
'' ဟို ဟိုလေ နံသာ သွားစရာမရှိဘူး ရှင့် အခုထွက်ပြေးလာတာလဲ အိမ်က ပေးစားမဲ့ ယောကျာ်းကို မယူချင်လို့ အိမ်ကနေ ထွက်ပြေးလာတာ နံသာမှာ သွားစရာ နေရာမရှိဘူး နံသာကို ကူညီပါလား နံသာ တကယ် သွားစရာ နေရာ မရှိလို့ပါ'' ငိုသံပါနေသော အသံဖြင့် ကျွန်တော်အားပြောဆိုလိုက်သည်
'' ဟား ဟား ဟား '' ကျွန်တော် ရယ်မော မိသွားသည် မိန်းကလေးဒုက္ခရောက်မည်ကို ပျော်ရွှင်လို့ မဟုတ်
'' ဒီလိုပါပဲ ဖြစ်တက်ပါတယ် ဟို သီချင်းလေးတောင် ရှိပါသေးတယ် ဘာရယ် ... အခုနေမချစ်နိုင်ဘူးကွယ် .... နောက်တော့ ချစ်သွားမှာပါကွယ် ... အဲ့လိုပေါ့ဗျ ခုနေမချစ်နိုင်ပေမဲ့ နောက်တော့ချစ်သွားမှာပေါ့ဗျ အိမ်ကပေးစားတဲ့ လူနဲ့ပဲ ယူလိုက်တာ မဟုတ်ဘူး''
'' ဟာ ရှင်ကလဲ နံသာက မှ မချစ်တာ မယူချင်ပါဘူး ''
'' ကဲပါ ထားလိုက်ပါ ကျွန်တော် တည်ခိုးခန်းတစ်ခု ဒါမှ မဟုတ် ခင်ဗျား အတွက် နားခိုလို့ ရမဲ့ နေရာလေးကို ကျွန်တော် မောင်းပို့ ပေးမယ် ဟုတ်ပြီလား '' ကျွန်တော်ပြောလိုက်သော စကားအဆုံးတွင်တော့
'' အဲ့ ဒိနေရာတွေမှာ သွားနေလို့ မဖြစ်ဘူး ''
'' ဘာဖြစ်လို့ လဲဗျ ဒီလိုပဲ လူအများနားခိုနေကျတာပဲလေ ဗျာ''
'' ဟုတ်တာတော့ ဟုတ်ပါတယ် ဒါပေမဲ့ နံသာက အဲ့နေရာတွေမှာ သွားနေတော့ အိမ်က ဒယ်ဒီက သူ့တပည့်တွေနဲ့ လိုက်ရှာခိုင်းရင် တွေ့သွားမှာ နံသာ ကြောက်တယ် အဲ့နေရာတွေကို လိုက်မပို့ပေးပါနဲ့ '' တုန်ခါနေသော အသံဖြင့်ပြောဆိုလိုက်သော သူမစကားကြောင့်
'' ကဲ အဲ့လိုနေရာတွေမှာလဲ သွားနေလို့ မဖြစ်ဘူးဆိုတော့ ကျုပ် ဘယ်ကို လိုက်ပို့ ပေးရမလဲ ပြော ''
'' ဟို ဟို ဟိုလေ ဒီက နေတဲ့ အိမ်မှာ ခဏလောက် ပုန်းခိုခွင့်ပေးပါလားဟင် နံသာ အိမ်လခ လဲ ပေးပါ့မယ် နံသာကို ကူညီပါနော် နံသာနတကယ်ကို သွားစရာမရှိလို့ပါ''
မိန်းမသားတစ်ဦး ဒုက္ခ ရောက်နေတယ်ဆိုတော့ မကူညီ လိုက်ရင် ကျွန်တော်သည် လူမတန်ရာကျမိမည် သို့ပါသောလဲ ထိုမိန်းကလေး တကယ်ဒုက္ခ ရောက်နေတယ် ဆိုတာကိုတော့ ကျွန်တော် ယုံကြည်မိလိုက်သည် အတွေးစိတ်နဲ့ပင်
'' အင်းလေ သွားစရာ မရှိဘူးဆိုတော့ ခဏတာ ပုန်းခိုချင်တဲ့ ဆန္ဒရှိတယ် ဆိုတော့လဲ လိုက်ရင်လိုက်ခဲ့ပေါ့ အိမ်လခကတော့ အရေးမကြီးပါဘူး မိန်းမသားတစ်ယောက်မို့ ကူညီတဲ့ သဘောပါ ''
'' ဟုတ် နံသာ ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိပါဘူး '' ချက်ချင်းလိုပင် ပူဆွေးသောက ရောက်နေသော မျက်နှာလေး ပြုံးရွှင်ပြီးပြောဆိုလိုက်သည်
'' ရပါတယ် ဒါပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားတို့လို မချမ်းသာဘူး ဆင်ခြေဖုံး ရပ်ကွက်လေးမှာ နေတာ ဗျ''
'' ရပါတယ် နံသာ နေတက်ပါတယ် နံသာ အတွက် ပုန်းခိုလို့ ရရင်ပဲ လုံလောက်ပါပြီ ''
'' ဟုတ် '' ပြောဆိုလိုက်သော စကားနဲ့ပင် ကျွန်တော် မောင်းနှင်လာတဲ့ တက္ကစီ ကားလေးကတော့ ကျွန်တော်နေထိုင်တဲ့ နေရာလေးသို့ ပင်ဦးတည်လိုက်လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ဟင့် ဟင့် ဟင့် မရှိတော့ဘူး မရှိတော့ဘူး '' ရှိက်ကြီးတငင် ငိုကြွေးလာသော ဇနီးမယားဖြစ်သူကတော့ ယောကျာ်း ဖြစ်သူ ထိုင်နေသော ဧည့်ခန်းထဲသို့ ဦးတည်၍လာခဲ့သည်
'' ဘာဖြစ်ရပြန်ပြီလဲ ကွာ ''
'' ဘာဖြစ်ရမလဲ ကျွန်မသမီးလေး အိမ်မှာ မရှိတော့ဘူး ဟင့်ဟင့်''
'' ဟေ '' ပြောဆိုလိုက်သော စကားနဲ့အတူ မိန်မဖြင့်သူဆီမှ စာရွက်အား လှမ်း၍ ယူလိုက်သည်
သို့
ဒယ်ဒီ နဲ့ မာမီ သမီးကို ခွင့်လွတ်ပါ ဒယ်ဒီတို့ မာမီတို့ ပေးစားမဲ့ သူနဲ့ သမီး လက်မထပ်နိုင်လို့ သမီး ဝေးရာကို ထွက်သွားပြီ သမီးကို ခွင့်လွတ်ပေးပါ
နံသာ
'' တောက် '' ဒေါသထွက်မိသော အဖေဖြစ်သူကတော့ တောက်တစ်ချက် ခတ်လိုက်သော အသံနဲ့အတူ
'' သမီး မိုက် မိဘက ကောင်းမယ် ထင်လို့ စီစဉ်တာကို မနာခံဘူး တောက်''
'' ဘယ်လိုလုပ်ကျမလဲ ကျွန်မတို့ သမီးလေး မကောင်းတဲ့ သူတွေနဲ့ တွေ့သွားမှဖြစ် ဟင့်ဟင့်ဟင့် ''
'' ဟိုကောင်တွေ '' သူဌေးဖြစ်သူ၏ခေါ်လိုက်သော အသံကြောင့်
'' ဟုတ်ကဲ့ပါ ဘောစိ ကျွန်တော်တို့ရှိပါတယ် ဘောစိ '' ဆိုပြီး ပြောဆိုလိုက်သော အလုပ်သမားလေးများ၏ စကားအဆုံးတွင်တော့
'' အေး ငါ့သမီးအိမ်ပေါ်က ထွက်ပြေးသွားတယ် အဲ့တာ မင်းတို့ကောင်တွေ လိုက်ရှာကြ ''
'' ဟုတ်ကဲ့ပါ ဘောစိ ''
'' ရန်ကုန်မြို့ အနှံ့ မတွေ့ တွေ့အောင် လိုက်ရှာကြကွာ ''
'' ဟုတ်ကဲ့ပါ အာစိ '' ပြောဆိုလိုက်သော စကားနဲ့အတူ နံသာ ဆိုသော အမျိုးသမီးအား ရှာဖွေရန် ထွက်ခွာ သွားလေသည်
ငိုကြွေးနေသော မိန်းမဖြစ်သူအား
'' မငိုပါနဲ့တော့ ကွာ မင်း သမီးလေးကို မတွေ့တွေ့အောင် ပြန်ရှာပေးပါ့မယ် ''
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' ကဲ ဒီအိမ်ကတော့ ကျွန်တော် နေထိုင်တဲ့ အိမ်ပဲ ဒါပေမဲ့ ကျွန်တော် ကိုယ်ပိုင်အိမ်တော့ မဟုတ်ဘူးဗျ ဌားနေတာ ''
'' ဟုတ် နံသာ အတွက် ပုန်းခိုလို့ နေရာတစ်နေရာစာ ရတာနဲ့ပင် ကျေနပ်နေပါပြီ''
'' အခန်းကတော့ တစ်ခန်းပဲ ရှိတာဆိုတော့ ဒီက နံသာပဲ နေပေါ့ ကျွန်တော်ကတော့ ဘုရားစဉ်ရှေ့မှာပဲနေမယ် လောလောဆယ် ဝတ်စရာ မရှိသေးဘူးဆိုတော့ ကျွန်တော် င်္အကျီလေးတွေပဲ ဝတ်ထားပေါ့ ကျွန်တော် ဥုန္နာကို ကားသွားအပ်ရင်း အပြင်ကစားစရာ တစ်ခုခုဝယ်လာခဲ့မယ် ဒီနေ့ အိမ်မှာ ဆန်ကုန်နေတယ် ဗျ '' ပြော ဆိုရင်း ကျွန်တော် အိမ်ရဲ့ အပြင်ဘက်သို့ ခြေဦးတည်လိုက်သည်
'' ခဏ အခုလို ကူညီလို နံသာ ကျေးဇူးတင်ပါတယ် ''
'' ရပါတယ်ဗျာ ''
'' ဒါနဲ့ ရှင့် နာမည်လဲ နံသာကို ပြောမပြရသေးဘူး နံသာက ရှင့်ကို ဘယ်လိုခေါ်ရမှာလဲ ''
သူမပြောလိုက်မှပင် ကျွန်တော် သတိရမိသွားသည်
'' အော် ဟုတ်သား ကျွန်တော်နာမည်ကတော့ ကံဆိုးပါ နံသာလဲ ကံဆိုးလို့ပဲခေါ်ပေါ့ ''
'' ကံဆိုးးးးးးးးးးး နာမည်ကြီးကလဲ ဘယ်လိုကြီးလဲ မသိဘူး '' နံသာပြောလိုက်သော စကားကြောင့်
'' အော် နာမည်အရင်းကတော့ ညီထူးနိုင်ပါ ကံဆိုး ဆိုတာက အမြဲတမ်းလိုလို ကံဆိုးမှူတွေကိုပဲ ရရှိနေလို့ ကံဆိုးဆိုပြီး အမည်တွင်သွားတာပါ ဒါပေမဲ့ နံသာ အစဉ်ပြေမဲ့ နာမည်ကိုပဲ ခေါ်ပါ ကျွန်တော်ကိုတော့ ကံဆိုးလို့ ခေါ်ကျတဲ့လူ သိကြတဲ့ လူတွေများတယ်လေ ဒါပဲနော် ကျွန်တော် အပြင်သွားလိုက်မယ် ပြန်လာရင် စားစရာတွေ ဝယ်လာခဲ့မယ်'' ပြောဆိုလိုက်သော စကားအဆုံးမှာပဲ ကျွန်တော် နေရာလေးမှ ထွက်ခွာ သွားလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
'' နံသာ စားရတာ အစဉ်ပြေတယ်ပဲလား '' ထမင်းစားနေရင်းမေးလိုက်သော ကံဆိုး စကားကြောင့်
'' ပြေပါတယ် ပြေပါတယ် ''
'' ပြေပါတယ်သာ ပြောတယ် စားတာကလဲ ကုန်လဲ မကုန်ဘူး ''
'' အော် ဒါက ဒီလို လို'' ထစ်ငေါ့စွာနဲ့ပင်
'' ဒါကဒီလိုတွေ လုပ်မနေနဲ့ ကျွန်တော်သိပါတယ် ဒီနေ့တော့ ဒါနဲ့ပဲ စားလိုက်နော် ကျွန်တော် နောက်နေ့ကျရင် ကောင်းကောင်းဝယ်လာပေးပါ့မယ် နံသာကော ဘာတွေကြိုက်လဲ ပြောထားပေါ့ နောက်ကျွန်တော် ပြန်လာရင်ဝယ်လာပေးမယ်လေ ''
'' ရပါတယ် အပိုကုန်မဲ့အလုပ်တွေ နံသာ အတွက် မပူပါနဲ့ နောက်ဆို ဒီလိုပဲ စားတက်သွားမှာပါ ''
'' အော် ဟုတ် အစဉ်မပြေရင်ပြောနော် နောက်ကျွန်တော် ကောင်းကောင်းလေးတွေ ဝယ်လာပေးလို့ရအောင် '' ပြောဆိုလိုက်သော စကားနဲ့အတူ ထမင်းပန်ကန်ထဲမှ ထမင်းများအား စားလိုက်လေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နေထိုင်တဲ့ ရပ်ကွတ်လေးက ဆင်ခြေဖုံးရပ်ကွက်လေးဖြစ်သောကြောင့် နံနက် 7 နာရီ ဆိုလျှင်ပင် လူသွားလူလာ လှုပ်ရှားမှူမျိုးစုံနဲ့ပင် အသံပေါင်စုံလဲ ထွက်ပေါ်လာခဲ့သည် ရုတ်တရက်လို့ နံသာ တစ်ယောက် အိပ်စက်နေသော အိပ်ရာ လေးမှ နိုးထ လာခဲ့သည် အိပ်ရာမှ နိုးထလာပြီး ပထမဦးကြည့်မိလိုက်သည် နေရာကတော့ ဘုရားစဉ် အရှေ့လေးပင်ဖြစ်သည် ကံဆိုးအား မတွေ့ရပါ စာရွတ်တစ်ခုကို အသုံးပြုပြီး စာတစ်ချို့အား ရေးဖွဲ့ထားတာကို နံသာ တွေ့မိလိုက်သည်
နံသာ ကျွန်တော် တက္ကစီ ဂိတ်ကို တက္ကစီမောင်းရန်အတွက် သွားလေပြီ
ကံဆိုးရေးသားထားသော စာလေးအားဖတ်ပြီးတာနဲ့ပင် နံသာ တစ်ယောက် ညစ်နွမ်းနေသော မျက်နှာပြင်အား ဆေးကျော်ရန်အတွက် ရေရှိရာ နေရာဖြစ်တဲ့ နောက်ဖေးဘက်သို့ ဦးတည်လိုက်လေသည်
'' နံသာ ဆိုတဲ့ ကောင်မလေးရေ နံသာ ဆိုတဲ့ ကောင်မလေး '' အိမ်ရှေ့မှ ခေါ်သံ တစ်ခုကြောင့် နံသာ အသံလာရာ အရပ်သို့ လျှောက်လှမ်းသွားခဲ့သည်
'' ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲဟင် နောက် နံသာ နာမည်ကိုလဲ ဒီက အဒေါ်ကြီးက သိနေတယ် ''
'' အော် သမီး နာမည်ကို ကံဆိုးပြောပြလို့ သိတာလေ အိုကွယ် ကံဆိုး ခိုးလာတဲ့ မိန်းမက ချစ်စရာလေးအေ ''
'' ရှင် '' အံအားသင့်သော ပုံစံဖြင့် ပြောဆိုလိုက်သော စကားအဆုံးတွင်တော့
'' အော် သမီးရယ် ကံဆိုးမှူကိုသာ ရရှိနေတဲ့ ကံဆိုးကတော့ ဒီလို ချောမောလှပတဲ့ သမီးကို ရလိုက်တာကတော့ ကံဆိုးတို့ ကံကောင်းသွားတာပဲ ကဲကဲကဲ ဒီမှာ သမီးစားရအောင် ဆိုပြီး မနက်က အဒေါ် ဂိတ်ဘက် လှည့်ရောင်းတုန်း သမီးအတွက် ကံဆိုးက အိမ်မှာ ကောက်ညှင်းပေါင်းသွားပို့ပေးပါဆိုလို့ လာပို့ပေးတာ ပို့ ခိုင်းတာတင် မဟုတ်သေးဘူး လက္ဘရည်လေးပါ ဝယ်သွားပေးပါဆိုလို့ အဒေါ် လမ်းထိပ်ဆိုင်က ဝယ်လာတယ် ကဲကဲ ရော့ရော့''
'' ဟုတ် ကဲ့ ကျေးဇူးပါနော် အဒေါ်ကြီး ဘယ်လောက်ကျလဲဟင် '' ပေးလာသော ကောင်ညှင်းပေါင်းနဲ့ လက္ဘရည် အားယူ၍
'' အော် သမီး ပေးစရာမလိုတော့ဘူး အဒေါ်ကို ကံဆိုး ပေးပြီးသွားပြီ ကဲကဲ အဒေါ်လဲ နည်းနည်းလေးကျန်သေးလို့ လိုက်လံရောင်းလိုက်အုံးမယ်ကွယ် ''
'' ဟုတ် ဟုတ်ကဲ့ ကျေးဇူးပဲနော် အဒေါ်ကြီး ''
'' အေးအေး '' '' ဒီဘက်က ကောင်ညှင်းပေါင်း ပူပူလေး '' အော်၍သာ အိမ်ရှေ့အပေါက်ဝလေးမှ ထွက်ခွာသွားလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပူနွေးနေသော ကောင်ညှင်းပေါင်းလေးနှင့် နွေးတေးတေးလေးဖြစ်နေသော လက္ဘရည်လေးအား နံသာတစ်ယောက် စားသောက်လို့အပြီးမှာတော့ ရှုတ်ပွနေသော အရာများအား ရှင်းလင်းရန်ပြင်ဆင် လိုက်သည် သန့်ရှင်းရေးကို မလုပ်တက်ပေမဲ့လဲ တက်သလောက် မှတ်သလောက် နဲ့ပင် သန့်ရှင်းရေးအား လုပ်ကိုင်နေချိန်တွင်ပဲ
'' ဟဲ့ ကံဆိုး ကံဆိုးရေ '' ခေါ်သံတစ်ခုအား နံသာကြားမိလိုက်သည်
'' ဟုတ်ကဲ့ ဘာကိစ္စများ ရှိလို့ပါလဲ ရှင် ''
'' အော် ညည်းက ဟိုနေ့က ကံဆိုးခိုးလာတဲ့ မိန်းကလေးဆိုတာလား ''
ပတ်ဝန်းကျင်ကတော့ ဤသို့ ပင်ထင်ကျပါမည် နံသာနဲ့ ကံဆိုးအား လင်မယားအဖြစ်နေထိုင်ရန် ခိုးပြေးလာသည်လို့ပင် နံသာအတွက်တော့ ပုန်းခိုရန်အတွက် ခဏတာ ခိုလှုံနေခြင်းသာဖြစ်လေသည် သို့သော ပတ်ဝန်းကျင်က လူများကတော့ မသိပေ နံသာကတော့ ပတ်ဝန်းကျင်က လူတွေအဖို့တော့ ကံဆိုးရဲ့ မိန်းမအဖြစ်သာ တွင်ကျယ်နေလသည်
'' ဟုတ်ကဲ့ ''
'' ညည်းယောကျာ်း ကံဆိုးပေါ့ အိမ်လခလေးပေးဖို့ကို နေ့ ရွှေ့ ညရွှေ့ ဟိုရွှေ့ ဒီရွှေ့နဲ့ ကဲဘယ်မလဲ အခု အိမ်လခ အိမ်လခ မရလို့ကတော့ ငါကတော့ လူအသစ်တင်မှာ '' အိမ်ရှင်အမျိုးသမီးကြီး ၏ပြောလိုက်သော စကားကြောင့်
'' အို................အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ရှင် အိမ်လခ ဘယ်လောက်လဲ ဆိုတာကိုပဲ ပြောပါ ကျွန်မ အခုပေးပါ့မယ် ''
ဇာတ်သိမ်းပိုင်းအား ဆတ်လတ်ဖော်ပြပေးသွားပါမည်
မျှော်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရွှင်လန်းချမ်းမြေ့ကျပါစေ
ကြိုးစားပါအုံးမည်
ရဲရင့်ရထာ