ငါ့ကို ချစ်တက်အောင် သင်ပေးတာလဲ နင်ဘဲ.. ငါ့ကို ရင်ခွဲနာ ကျအောင်လုပ်ခဲ့တာလဲ နင်ဘဲ .. အခုတော့လဲ အရာရာဟာ မြူတွေလို ပျောက်ကွယ်ကုန်ပြီ... စိတ်ကူးယဉ် ခဲ့မိတဲ့ ငါကိုယ်ငါဘဲ အပြစ်တင်ရတော့မှာလားး နင်ပျော်မယ်ထင်လို့ နင့်လမ်းကိုနင်ရွေးခဲ့ပြီ.. ငါငိုနေလို့လဲ နင်ကပြန်လာမှာ မဟုတ်ဘူးဆိုတာ ငါသိသိကြီးနဲ့ မျှော်နေလိုက်တာ သခင်အပြန်ကို စောင့်နေတဲ့ ခွေးတစ်ကောင်လိုပါဘဲ....ဟာ.
နင်ထားခဲ့တဲ့နေရက်တွေကို ကျော်ဖြတ်နိင်ဖို့ ငါ့ခြေလှမ်းတွေ ကို ငါ ကြိုးစားပြီး လှမ်းရတော့မယ်.. မျှော်လင့်ချက်တွေနဲ့ လျှောက်လှမ်းနေတဲ့ သူတစ်ယောက်က ရုတ်တရက် ပန်းတိုင်ပျောက်သွားရင်.. ရူးသွပ်တာထက်ကို ခံစားရမယ်ဆိုတာ နင်ကိုယ်တိုင်ခံစားလာရတဲ့အခါ နင်နားလည်လာမှာပါ ချစ်သူ...ငါယောက်ကျားဖြစ်နေပေမယ့် နင်လောက်အသဲမမာနိုင်တာငါရဲ့ပျော့ကွက်တစ်ခု ..ဘဲ နင်ပေးခဲ့တဲ့သင်ခန်းစာတွေကို ငါကောင်းကောင်းသင်ယူနေအုံးမှာပါ..ချစ်သူရယ်...
ရင်ထဲမှာ ငိုကြွေးနေပေမယ့် ငါ့မျက်နှာ ပြုံးထားတယ် ငါ့အချစ်နဲ့ မထိုက်တန်ခဲ့တဲ့ နင့်ရှေ့မှာ မျက်ရည်ကျမိတာ... စစ်ပွဲတစ်ပွဲကို မတိုက်ရသေးဘဲ ဒူးထောက်အရှုံးပေးလိုက်တဲ့ သူရဲကောင်းနံမည်နဲ့ မိန်မလျှာ တစ်ယောက်လိုဖြစ်သွားပြီ... ငါ့ကို မချစ်ဘူးအကြိမ်ကြိမ် ခါထုတ်နေတဲ့ နင့်အသံတွေ ငါ့ရင်ထဲမှာ သံမှိုနဲ့ ရိုက်ထားသလို ခိုင်မြဲနေပြီ ချစ်သူ.... အကြိမ်ကြိမ် ငါငြိမ်းချမ်းရေးယူမဲ့စကားတွေဘဲ ပြောခဲ့တယ် ဒါပေမယ့်နင်က လမ်းခွဲချင်နေတော့လဲ ငါဘာဆက်ပြောနိင်အုံးမှာလဲ... မျက်ရည်ဟာ ယောက်ကျားတွေအတွက်လဲ ၀မ်းနည်းမှုရဲ့ သက်သေဆိုတာနင်သိနိုင်ပါစေ.......... ချစ်သူရယ်
နင်ရှေ့မှာ ငါကျရှုံး သွားတယ်ဆိုတာ ငါ့ရဲ့ မျက်ရည်တွေက သက်သေပြခဲ့ပြီလေ.... နင်ဘာများထပ်လိုချင်သေးလဲချစ်သူရယ်........... ဂဏန်း [ အိမ်ဝေးဌက် ]
↧
ကျရှုံးသူတို့ရဲ့ မျက်ရည်
↧