တောတောင်တွေ ထူထပ်လှတဲ့.. နယ်မြို့လေးတစ်နေရာ...
တာဝန်နဲ့ ၀တ်တရား...အပြည့်နဲ့... တိုင်းရင်းနွယ်ဖွားတွေ ကိုယ်... စောင့်ရှောက်လို့ ..ကာကွယ်နေရတယ်လေ....
မြန်မာ ပြည် အောက်ပိုင်း....မှာလွတ်လပ်တယ် ဆိုပေမယ့်လည်း....အထက်ပိုင်းမှာ...ဆူပူ တိုက်ခိုက် မှုများ ရှိနေတယ်...
ဒီအချိန်မှာ.... ကျွန်တော် ချစ်ရသော...ချစ်သူ..ကျွန်တော့်ကို လွမ်းနေ လောက်ရောပေါ့....။
“ကို..မေလေး..ကိုပြန်လာမယ့်နေ့ကို စောင့်နေမယ်နော်....” ချစ်သူရဲ့ နွမ်းလှတဲ့ ..စကားသံလေး... ရင်ထဲမှာ ပဲ့တင်နေတယ်..
“ ကိုယ် တနေ့ အောင်မြင်မှု နဲ့ ကိုယ် ပြန်လာခဲ့မယ်....မေလေး အောင်ပန်းနဲ့ကြိုနေပါကွာ...” ချစ်သူအတွက် နှစ်သိမ့် စကား...
ရှေ့တန်းဆိုတဲ စစ်မြေပြင်မှာ လွမ်းတာကို ..ဘေးဖယ်...တာဝန်နဲ့ဝတ်တရားကိုယ် ထမ်းဆောင်နေရတယ်ချစ်သူရယ်...။
အတွေးလွဲ ချော်တဲ့... တောခို သူပုံတွေ ရဲ့ တိုက်ခိုက်မှု....တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်..အိုးအိမ်စည်းစိမ် တွေကိုယ်...
ကိုယ်တို့ လိုစစ်သားတွေမှာ.....ကာကွယ်ပေး ဖို့တာဝန်အပြည့်ရှိတယ်....။
သာယာ လှတဲ့ တောတောင်... ငှက်ကျေးတွေ ရဲ့..သံစဉ်..သီးကြွေး တောတွင်း..တေးတွေလည်း.....ဆူပူ ခတ်ထံတဲ့....
စစ်သေနတ်သံများ ကြောင့် ..ပျောက်ကွယ် သွားမှာ လည်းစိုးရိမ်မိတယ်....
တိုင်းရင်းသားများရဲ့.... ငြိမ်းချမ်းစွာနေနိုင် မှု... ကလေးငယ်တွေ ရဲ့ပညာရေး...စားဝတ်နေရေး...
လွတ်လပ်စွာနေနိုင် အောင် ကိုယ်တို့တွေ...ကာကွယ်နေကျရတဲ့ အချိန်မှာတော့...ချစ်သူအတွက်..အချိန်မပေးနိုင်ခဲ့ပါဘူး....
ကိုယ် ဟာဒီလို တိုက်ပွဲမှာ အောင်မြင်မှု နဲ့ပြန်လာခဲ့ ရရင်တော့.....ချစ်သူအောင်ပန်းနဲ့သာကြိုပါ......
ကိုယ် ကျရှုံးခဲ့ရင်တော့....လွမ်းသူပန်းခွေနဲ့ကြိုဆို..မငိုပါနဲ့ ချစ်သူ.... ကိုယ်..ချစ်သူအတွက်..နှလုံးသားကိုပေးပါတယ်.....
တိုင်းပြည် အတွက်...အသက်ကိုပေးပါတယ်....။
ဒါပေမယ့်..ကိုယ် အောင်နိုင်မှုတွေနဲ့ ပြန်လာနိုင်အောင် ကိုယ် ကြိုးစားနေပါတယ်... ချစ်သူ စောင့်မျှော်နေပါ...
သာယာလှတဲ့ တောတောင် တွေ..စိမ်းစိုနေ တဲ့ သစ်ပင်တွေ.... ဒါတွေကို မှီတင်းနေထိုင်နေတဲ့..ကျေးငှက်လေးတွေ....
တိုင်းရင်းသားနွယ်ဖွား...တွေ...အားလုံး အေးချမ်းလို့..လွတ်လပ် သွားခဲ့ရင်တော့.....စစ်မြေပြင်ကနေ တစ်နေ့ကိုယ်ပြန်လာမယ်..။
(ချစ်ဦးမောင်)**##ရေးသားတင်ဆက်သည်...