Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘ၀သက်တမ်းတိုတိုမှာ...အနေတတ်ကြပါစေ

$
0
0

လူ့ဘ၀သက်တမ်းဆိုတာသံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တကယ်ကိုတိုတောင်းတဲ့ဘ၀ပါ။

ဒီလိုတိုတောင်းတဲ့ လူ့ဘ၀မှာ ကျွန်မတို့တစ်တွေဟာရေစက်ရှိလို့ ကြုံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။

ဒီလိုဘ၀ရတဲ့အချိန်ခဏလေးမှာ လူတိုင်းစိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင်

အလွန်တန်ဖိုးရှိတဲ့လူ့ဘ၀မှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မထင်မိပါတယ်။

လူတိုင်းပေါ့လေ အမုန်းတရားမရှိ၊အတ္တမာနတွေရှိသင့်တာထက်မရှိဘူးပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ကို ဖြတ်သန်းကြမယ်ဆိုရင်

ဘယ်လောက်ကောင်းလိုက်မလဲနော်။

ဘ၀ဟာ သိပ်တိုတောင်းလွန်းလို့အတ္တမာနအမုန်းတရား၊ဒေါသတွေ၊မောဟတွေနဲ့ပြည့်နက်နေမယ်ဆိုဘ၀သက်တမ်းမှာ

အသက်ရှင်ရတာ အလကားပါပဲ။ လူတိုင်းအပေါ် မေတ္တာထားမယ်၊လူသားချင်းစာနာတတ်မယ်ဆိုလောကကြီးက

ပျော်ရွှင်စရာတွေပြည့်နှက်ပြီးအသက်ရှင်ရတာလည်းအဓိပ္ခါယ်ရှိနေမှာပါ။

ကျွန်မ တို့တွေဟာအမှန်တကယ်တော့ ဘ၀ခရီးသွားတွေ ၊ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။

လောကရဲ့ဧည့်သည်အဖြစ်အချင်းချင်း တွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာလောကမှာ ဆုံစည်းကြစဉ်အခိုက်မှာ

မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့ ညီညွတ်ချစ်ခင်စွာနေထိုင်သွားသင့်ပါတယ်။
သူငယ်ချင်းမိတ်ဆွေဆိုတာ ဝေးနေတဲ့မောင်နှမတွေထက် ပိုပြီးသံယောဇဉ်ရှိပါတယ်တဲ့။

ကျွန်မမှာ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေအများကြီး တွေ့ဆုံခဲ့ရတာဟာ
ကံကောင်းတဲ့သူတစ်ယောက်ဖြစ်နေလို့နေမှာပေါ့နော်။

လူတိုင်းမှာ စိတ်ညစ်စရာကိုယ်စီရှိကြမှာပါ။ တစ်နည်းမဟုတ် တစ်နည်းလေနော်။

စိတ်ညစ်လိုက်တာလို့ထိုင်ပြီး ညည်းနေမယ့်အစား ဒါဟာ ဘာကြောင့်လည်း အဖြေရှာကြည့်မယ်ဆိုရင်
ကိုယ့်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာပါ။

 

ကျွန်မကို ညီမလေးတစ်ယောက်ကပြောဖူးတယ်။

"အမရယ်အမကိုကြည့်ရတာ အေးချမ်းလိုက်တာ တဲသူ စိတ်ညစ်လို့အစ်မကော စိတ်ညစ်စရာ မရှိဘူးလားတဲ့"

"ညီမလေးရေမမလည်းလူတယောက်ပဲလေ ဘယ်လို ပြောပါလိမ့်။

အစ်မမှာ စိတ်ညစ်စရာများလွန်းလို့ဘယ်ကနေစပြီးညစ်ရမှန်းတောင် မသိတော့ဘူးလို့ "

ကျွန်မ ပြန်နောက်လိုက်မိပါတယ်။

သူက အစ်မကြည့်ရတာ ပျော်နေသလိုပဲနော်တဲ့။ စိတ်ညစ်စရာကို အကန့်ခွဲထားလို့

ဖြစ်ပါလိမ့်မယ်လို့ ကျွန်မ ပြန်ပြောမိပါတယ်။ သူ ပြောတော့လည်းပြောချင်စရာပါပဲလေ။

ကျွန်မ ကစိတ်ညစ်စရာကိုလူမြင်အောင်မှမပြတတ်တာကို

ကျွန်မအပူတွေကိုသူများတွေကိုမကူးစေချင်ပါဘူး၊

အဟိ မျက်နှာကိုက အမြဲပြုံးနေတတ်တာကျွန်မအကျင့်လေ

 

ခိုတွေလိုညီးညူနေမယ့်အစား

ကိုယ်ဖြစ်သင့်တာလုပ်သင့်တာတွေကိုလုပ်ရင်းဘ၀အတွက်အလုပ်လုပ်ရင်းရှင်သန့်နေထိုင်မယ် ဆို

လောကမှာ နေတတ်ရင်ကျေနပ်စရာတွေများနေမှာပါ။

ဘ၀ကိုစိတ်ညစ်စရာတွေအောက်မှာပိမနေဘဲရုန်းထွက်ပြီး

ရှုပ်နေတဲ့ကြိုးတချောင်းကို မကိုင်ပဲထိုင်ကြည့်နေမယ်ဆို

ဘယ်တော့မှ ကြိုးကပြေသွားမှာမဟုတ်ပါဘူး

တစချင်းတစချင်း ဖြည်ထုတ်သင့်ပါတယ်

စိတ်ညစ်စရာတွေကိုလည်း အစ ကနေ ဖြေရှင်းပြီး လက်ရှိဘ၀ကိုပြေလည်အောင်ဖန်တီးနိုင်ကြပါစေ။

လူဘ၀သက်တမ်းတိုတိုမှာ
စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလောကကြီးမှာ အနေတတ်ကြပါစေလို့ဆုတောင်းလျက်

ရှင်းသန့်မေ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>