Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရက်စက်တာလွယ်ပါတယ်

$
0
0

တနေ့မှာကျော်ကျော်ရဲ့ ကလေးအပါအဝင်ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး ဖြူစင်သွယ်ကို
ကျော်ကျော် စာကြည့်ခန်းအတွင်းသို့ အခေါ်ခိုင်းလိုက်တယ်။

ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းလင်းပေးရန်ဖြစ်သည်။
"ထိုင်ပါ၊ ဆရာမ" .. ဟုပြောရင်း
"ပေးစရာရှိတာလေးတွေကို ပေးမလို့
အခေါ်ခိုင်းလိုက်တာပါ။ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး၊
ကောင်းပြီလေ။ အခုပေးတာပေါ့၊ ကလေးတွေကို စာသင်ပေးဖို့ ဆရာမကို တစ်လကိုဒေါ်လာ ၃၀ နဲ့
သဘောတူခဲ့တယ်နော်"
"တစ်လ ၄၀ ပါ"
"မဟုတ်ဘူး သုံးဆယ်။ ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ်။ အိမ်မှာ ကလေးတွေကို
စာလာပြပေးတဲ့ ဆရာမ မှန်သမျှ တစ်လ ဒေါ်လာ ၃၀ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ
စာသင်ပေးနေတာ
အခုဆိုရင် ၂ လ ရှိသွားပြီနော်"

"နှစ်လနဲ့ ငါးရက်ပါ"

"မဟုတ်ပါဘူး၊ ဒီနေ့ပါနဲ့ ပေါင်းမှ နှစ်လ တိတိ၊ အားလုံး ဒီမှာ စာနဲ့
ရေးမှတ်ထားတယ်။ အခု ဆရာမကို ပေးရမှာက နှစ်လစာဆိုတော့ ဒေါ်လာ ၆၀။ အဲဒီ အထဲက
တနင်္ဂနွေ ၉ ရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေတွေမှာ ဆရာမဟာ ဖြိုးဖြိုးလေးကို စာမသင်ပေးခဲ့ဘူး။
ပြီးတော့ အားလပ်ရက်နဲ့ ပေါင်းရင် ၃ ရက်ပါသေးတယ်။"

ဆရာမလေး ဖြူစင်သွယ်သည် မျက်နှာကြီး နီရဲလာကာ အင်္ကျီ
အနားစွန်းလေးများကို လက်ဖျားနှင့် စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ မပြော။

"အားလပ်ရက် သုံးရက်၊ သုံးရက်အတွက်
တစ်ဆယ့်နှစ်ဒေါ်လာဖြတ်ရမယ်။ ဖြိုးဖြိုးလေး နေမကောင်းဖြစ်ပြီး စာမသင်ခဲ့ရဘူး။ ဆရာမဟာ
အေးအေးဆေးဆေးနဲ့ပဲ နေခဲ့ရတယ်။ ကျနော်ဇနီးက ဆရာမကို ညစာ စားပြီးချိန်ဆိုရင် အနားပေးတယ်။
တစ်လ ၁၂ ဒေါ်လာနဲ့ ခုနစ် ဒေါ်လာပေါင်းတော့ တစ်ဆယ့်ကိုး ဒေါ်လာ၊ လစာထဲက တစ်ဆယ့်ကိုး
ဒေါ်လာကို နှုတ်တော့ လေးဆယ့်တစ်ဒေါ်လာပဲ ကျန်တော့တယ်။ မှန်တယ်နော်။"

ဆရာမလေး ဖြူစင်သွယ်၏ ဘယ်ဘက်မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ
ဝိုင်းစို့လာသည်။ မေးလည်း တဆက်ဆက် တုန်လာသည်။ ဆရာမလေးသည်
ချောင်းတချက်ဆိုးလိုက်ကာ နှာခေါင်းကို ပွတ်သည်။ သို့သော် စကားတစ်ခွန်းမှ မပြော။

"နှစ်သစ်ကူးပွဲ မတိုင်မီက လက်ဖက်ရည် အချိုခွက်နဲ့
ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ဒေါ်လာ၊ လက်ဖက်ရည်ခွက်က
အတော် တန်ဖိုးကြီးပါတယ်။ မိသားစု အစဉ်အဆက် ထိမ်းသိမ်းဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်လေး
စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ထားပါတော့လေ။ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာရှိသေးတယ်။
ဆရာမရဲ့ ပေါ့လျော့မှုကြောင့် ဖြိုးဖြိုးလေးဟာ သစ်ပင်ပေါ်တတ်လို့ အကျီစုတ်ပြဲသွားခဲ့တယ်။
အဲဒါအတွက် တစ်ဆယ် ဒေါ်လာ။ ဆရာမရဲ့ ပေါ့ဆမှုကြောင့် အိမ်ဖေါ်မလေးအေးနုရဲ့
ဖိနပ်ကို အခိုးခံလိုက်ရတယ်။ ဒါတွေ အားလုံးကို မျက်လုံး ဒေါက်ထောက်ကြည့်ရမှာက
ဆရာမရဲ့ အလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီးငှားထားတာကိုး။ အဲဒီအတွက် ငါးဒေါ်လာဖြတ်မယ်။ ဇန်ဇဝါရီလ ၁၀ ရက်နေ့က ဆရာမ ကျနော်ဆီက ငွေ ဆယ်ဒေါ်လာ ချေးခဲ့တယ်။"

"ဟင့်အင်း၊ ကျမ ရှင့်ဆီက
မချေးခဲ့ဖူးပါဘူး။" ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။

"ဒီမှာ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်။"
"ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော"
"လေးဆယ့်တစ်ဒေါ်လာထဲကနေ နှစ်ဆယ့် ခုနစ် ဒေါ်လာကို နှုတ်တော့ တစ်ဆယ့်လေး ဒေါ်လာကျန်တယ်။"

ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်းလှပသော
နှာတံစင်းစင်းပေါ်တွင် ချွေးသီး ချွေးပေါက်များ ဝိုင်းစို့လာသည်။ သနားစရာ
အတော်ကောင်းသည့် မိန်းကလေး ... ။
"ကျမ တစ်ခါပဲ ပိုက်ဆံချေးခဲ့ဖူးပါတယ်။ အဲဒါ
ရှင့်ဇနီးဆီက သုံးဒေါ်လာထဲရယ်ပါ။ ဒီထက် တပြားမှ မပိုခဲ့ပါဘူး။"

"အဲဒါကို ထည့်မပြောခဲ့ဘဲကိုး။ အဲဒါ ကျနော်စာထဲမှာ ရေးမမှတ်ရသေးဘူး။
တစ်ဆယ့်လေးဒေါ်လာထဲက သုံးဒေါ်လာ ထပ်နှုတ်တော့ တစ်ဆယ့်တစ် ဒေါ်လာပဲ ကျန်တော့တယ်။
ဒီမှာ
သုံးဒေါ်လာ၊ နောက် သုံးဒေါ်လာ၊ နောက်သုံးဒေါ်လာ၊ တစ်ဒေါ်လာ၊ တစ်ဒေါ်လာ အားလုံး
တစ်ဆယ့်တစ်ဒေါ်လာ၊ အဲဒါ ဆရာမ ပိုက်ဆံ။"

ကျနော်သည် ဆရာမလေးကို ငွေ တစ်ဆယ့် တစ်ဒေါ်လာကို လှမ်းပေးလိုက်သည်။ ဆရာမလေးသည်
ငွေကို တုန်တုန်ရီရီဖြင့် လှမ်းယူကာ အင်္ကျီ အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။

"ကျေးဇူးပါပဲ" ဟု ခပ်တိုးတိုးလေး
ပြောသည်။

ကျော်ကျော် သည် ဝုန်းကခနဲ ထလိုက်ကာ အခန်းထဲတွင်လမ်း လျှောက်နေမိတော့သည်။ စိတ်လည်း
အတော်ဆိုးသွားသည်။ "နေပါဦး၊ ဆရာမက ကျနော်ကို ဘာအတွက်
ကျေးဇူးတင်ရတာလဲ။" ဟု ခပ်ဆက်ဆက် မေးလိုက်သည်။
"ပိုက်ဆံ ပေးတဲ့ အတွက်ပါ။"
"ကျနော် ခင်ဗျားကို ငွေလိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး
အေးဓားပြတိုက်နေတာ၊ ဘာဖြစ်လို့ ကျနော်ကို ကျေးဇူးတင်တာလဲ။"
"တခြားမှာဆို တပြားမှတောင် မရလို့ပါ။"
"တပြားမှ မရဘူး ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ .. ၊ အံ့သြစရာတော့ မရှိပါဘူး။
ကျနော်ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာတစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ
နှစ်လအတွက် ဒေါ်လာရှစ်ဆယ်တိတိ၊
အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်ထဲမှာ အပြည့်ထည့်ထားပါတယ်။ ဆရာမ ... ဘာဖြစ်လို့
ခင်ဗျား ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာ ဘာဖြစ်လို့ ပြန်မပြောရဲရတာလဲ။
မဟုတ်တာကို ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘဝမှာ ဘယ်လိုလုပ်ပြီး နေလို့
ရတော့မှာလဲ။ ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ။

ဆရာမလေး မျက်နှာပြုံးယောင်သန်းလာသည်။

ကျော်ကျော်သည် ဆရာမလေးအား ဘဝနေနည်း သင်ခန်းစာတစ်ရပ်ကို ရက်ရက်စက်စက်
ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း သူမ၏ လစာ ဒေါ်လာ ၈၀ ကို
ပေးလိုက်ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။

"ကျေးဇူးတင်ပါတယ်။"
ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။
သူထွက်သွားလေမှပင် သူ၏ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့
အလုပ်ပါလားဟု တွေးနေမိလိုက်တော့၏။

ဒီစာလေးကိုဖတ်မိကြသောသူငယ်ချင်းအားလုံးတို့ လည်းသူတစ်ပါးအပေါ်အခုလိုလွယ်လွယ်ကူကူနဲ့ ရန်စက်တက်သူတွေမဖြစ်ကြပါစေနဲ့ လို့ မေတ္တာရပ်ခံရင်း.......

ခင်မင်လျှက်

@ဝဏ္ဍစိုး@


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>