တစ်နေ့မှာ မိုးတွေရွာ၊ အိမ်ရှေ့လမ်းထဲမှာရေတွေလျှံနေတယ်
လူငယ်တစ်ယောက်ရေအိုင်ထဲမှာ လက်နဲ့လိုက်စမ်းနေတယ်………..
မေးလိုက်တော့ "ကျွန်တော့ဆိုင်ကယ်သော့ ဒီရေထဲကျသွားလို့ အိမ်ပြန်လို့မရတော့ဘူး"
သူလိုက်ရှာ ရေထဲစမ်းနေတုံး ကျွန်တော်ရောက်သွားတော့ ကျွန်တော်လည်း
မေးပြီး ကူစမ်းပေးပါတယ်။ နောက်တော့ဆိုင်ကယ်သော့ကို ညနေရေကျချိန်မှာ
ပြန်လာယူပါ ကျွန်တော်ယူထားလိုက်မယ်ပြောပြိး ဆိုင်ကယ်ကို အိမ်ရှေ့မှာရပ်ထားခိုင်း
လိုက်ပါတယ်။ ကျွန်တော့အိမ်ရှေ့မိုလို့ ခြံတွင်းသွင်းးရပ်ခိုင်းထားပါတယ်။
ကျွန်တော်စဉ်းစားနေတယ် ကျွန်တော်တို့ရပ်ကွက်ပိုင်းက အနိမ့်ပိုင်း၊
ဒယ်အိုးလိုခွက်နိပ့်နေတယ်။ ရေတွေက မိုးရွာရင်စုပြုံဆင်းလာ ရေလျှံ အိမ်ဘေး
မြောင်းထဲကဖြတ်ထွက် အရှေ့ဘက်ကိုစီးထွက်သွားတယ်။
မိုးရွာပြီး အတော်လေးကြာမှ ရေတွေနဲသွားတယ်။
ဒါကအစဉ်အဆက်ရပ်ကွက်ထဲမှာဒီလိုပါဘဲ။ ဒါကိုဘယ်လိုလုပ်ရပါ့မလဲစဉ်း
စားနေတယ် အိမ်ရှေ့အိမ်က ကိုနိုင်ဦးနဲ့တိုင်ပင်တယ်။ လမ်းထဲက လူကြီး
ဦးဘိုးရွှေနဲ့တိုင်ပင်၊ ကျန် ဥိးဝိုင်း ၊ ကျောင်းဆရာ ဦးဝင်းအောင် တို့နဲ့တိုင်ပင်ပြီး
ဒီနိမ့်နေတဲ့နေရာပိုက်လုံးခံမြေဖို့ရင်ကောင်းမယ်။ တွက်ကြည့်လိုက်တော့
(၇)သိန်းလောက်ကုန်မယ် ပြောတယ်။
ဒါကိုလုပ်ဖို့ကြိုးစားကြည့်တယ် လမ်းထဲကလူတွေလဲထည့်ကြတယ်
သူတို့တတ်နိုင်သလောက်ပေါ့ တစ်သိန်းလောက်ရတယ်။ ကျန်တဲ့ငွေဘယ်
လိုလုပ်ရပါ့။ကျောင်းဆရာဆိုတော့အဟုတ်သား တခြားလမ်းတွေက တပည့်တွေ
မိဘတွေကိုပြောစုလိုက်တာ လမ်းလေး အတွက်လိုတဲ့ငွေရပြီး ထော်လာဂျီျးေတွနဲ့
မြေနီတွေတိုက်ဖို့လိုက်တာ တယ်ကောင်းတဲံလမ်းလေး ဖြစ်သွားရတယ်။
ရေစီးရေလာကောင်းအောင် မြောင်းတွေတူးလိုက်တာ ဘယ်ပြောကောင်းမလဲ
အဆိုးဆုံးနေရာကအကောင်းဆုံးလမ်းဖြစ်သွားတယ်လေ။ လမ်းထဲကလူတွေက
လုပ်အားကူဖို့နဲ့ စုပေါင်းလိုက်တော့တသက်လုံးမကောင်းတဲ့လမ်း တကယ်ကို
ကောင်းသွားတယ်။ ဒါတွင်မက ဂုံးလေးတလျှောက် အပင်လှလှလေးတွေ
တန်းစိုက်ထားတာ တစ်နှစ်လောက်ကြာတော့အတော်လှတဲ့လမ်းလေးဖြစ်
သွားတယ်။သွားလိုက်တဲ့ဆိုင်ကယ်တွေ၊ ကားတွေ နားတောင်ညီးတယ်။
အားလုံးအဆင်ပြေသွားကြတယ်လေ။
ဒီမြို့ မှာ ဒါမျိုးမရှီဘူးဖြစ်သွားတယ် ။ ဒါပေမဲ့ အသိစိတ်နဲပါးသူတွေလဲတွေ့
ပါတယ်။လမ်းတလျှောက်မြေနီချပေးတာကို တစ်ချို့ကလဲသူတို့အိမ်ရှေ့လာချပေး
တာတောင်ချဲချ ပေးရမှန်းတောင်မသိ မြေပုံကို ခလုတ်တိုက်သွားနေသူတွေလဲ
တွေ့ရတယ်။အတော်စိတ်ပျက်စရာပါ။ ဒါမျိုးအသိတွေကြောင့် ခက်နေတာလို့
တွေးပြီး တတ်နိုင်တဲ့ သူတွေကို လုပ်အားစည်းရုံးပြီး လိုက်ဖြန့်ရတယ်လေ။
တော်ရုံစေတနာနဲ့လမ်းတစ်လမ်းသာယာမလာနိုင်ပါ ။
အများစုပေါင်းကောင်းရာလုပ်ပါ။
ကိုယ့်လမ်း ကိုယ့်ရွာသာယာ စေကြောင်းပြုပြင်ကောင်းပါရဲ့။
စာလေးတစ်ပုဒ်ဖတ်ဘူးပါသည်။ သင်သည်လူတော်လူကောင်းတစ်ယောက်
ဖြစ်လာရန်အတွက်သင်လုပ်နိုင်သောအလုပ်များကိုလုပ်ပါတဲံ့။ ဥပမာ အမှိုက်တွေ့
ရင်လမ်းဘေးကောက်လွှတ်ပစ်လိုက်ပါ သို့မဟုတ် အမှိုက်ပုံးရှိလျှင်ပုံးထဲထည့်ပါ။
ဆရာကစာကျက်ခိုင်းလျှင် ရအောင်ကျက်ပါ။ မိဘကိုကူပါ ။
မကောင်းမှုကိုမလုပ်ပါနဲ့၊ လုပ်နိုင်တာများသာဖြစ်သည်။ အပေါင်းအသင်း
ကိုကြည့်ပေါင်းပါ။ ဒါလဲမခက်ပါ ။ လမ်းတွင် မနိုင်မနင်းတွေ့လျှင် ကူညီလိုက်ပါ။
ခရီးသွားဖော်ကိုလိုအပ်လျှင်ကူညီပါ။ လူကြီးများကိုရိုသေစွာဆက်ဆံပါ။
အားလုံးသင်လုပ်နို်င်တာများသာဖြစ်ပါသည်။
ဒါကြောင့်သင်လူတော်လူကောင်းဖြစ်လာရန်အလွန်လွယ်ကူပါသည်ဟုဆိုချင်ပါသည်။