သန်ခေါင်ယံ ချိန်ကို ကျော်လွန်လို့ နံနက်ချိန်ခါကို ရောက်ရှိနေပါပြီ ။ ခုချိန်ထိ တစ်ရေးမှ အိပ်လို့ မရနိုင်ခဲ့ပါဘူး ။
ညနေက အဖြစ်ပျက်လေးက တဒင်္ဂလေးဆိုပေမယ့် ကျွန်မအတွက် သိပ်ကို ခံပြင်းစရာကောင်းနေပါတယ် ။ ဘယ်သူကို
အပြစ်တင်ရမလဲ အဓိက မှားနေတာ ဘယ်သူတွေလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ချာချာလည်နေပါတော့တယ် ။ ကျွန်မ ခင်ပွန်းသည်
ရှိရာ မလေးရှား နိုင်ငံကို ရောက်ရှိနေပါတယ် ။ မနက်ဆို ခင်ပွန်းသည်က အလုပ်သွားရတာမို့ တနေကုန် ကျွန်မ တစ်ယောက်ထဲ
သာ အိမ်မှာ ကျန်နေခဲ့ရပါတယ် ။အမျိုးသားမပါဘဲလည်း ကျွန်မဘယ်ကိုမှ မသွားတတ်ပါဘူး ။ဒီနေ့တော့ ဗိုက်အရမ်းဆာတာနဲ့
တစ်ယောက်ထဲ တိုက်အောက်ကို ဆင်းလာခဲ့ပါတယ် ။ တိုက်အောက်က မလေး လင်မယားရောင်းတဲ့ ကြက်ကင်ဆိုင်လေးဆီကို
ဦးတည်လျှောက်လှမ်းလာခဲ့ပါတယ် ။ ဆိုင်ကိုရောက်တော့ ကြက်ကင်တစ်ခုပေး ဖို့နဲ့ တစ်ကင်ကို ဘယ်လောက်ကျတယ်ဆိုတာ
အင်္ဂလိပ်လို မေးလိုက်ပါတယ် ။ သူက ကျွန်မကို မလေးလို ပြန်ဖြေတယ် ။ ကျွန်မလည်း * ငါမလေးစကား နားမလည်ဘူး * လို့
အင်္ဂလိပ်လို ပြန်ပြောတော့ မလေးမက ဘယ်နိုင်ငံက လာတာလဲလို့ ပြန်မေးတယ် ။ ကျွန်မလည်း မြန်မာနိုင်ငံက လာတယ်လို့ ပြန်ဖြေ
လိုက်တယ်ဆိုရင်ဘဲ ဘေးမှာရပ်နေတဲ့ ဖိလစ်ပိုင်မတစ်ယောက် လူကို လှောင်စရာလို အထင်သေးစရာတခုလို မြန်မာဆိုတဲ့
နာမည်ကို သူစကားထဲ လေးခါလောက်ပါတယ် ။ သူမလေးလို ပြောလို့ သူပြောတာကို ကျွန်မနားမလည်ပေမယ့် သူအမူယာကို
ကြည့်တာနဲ့ မြန်မာလူမျိုး ဆိုတာကို လှောင်နေတယ်တိုတာ ကျွန်မသိပါတယ် ။ မလေးဆိုင်ရှင်မက ကျွန်မကို မလေးနိုင်ငံ သား
အိန္ဒိယလူမျိုးလို့ထင်နေတာလို့ ပြောပါတယ် ။ စိတ်ထဲမှာ ဆိုင်ရှင် အမျိုးသမီး ပြောတာတွေကို ခေါင်းထဲ ၀င်တချက် မ၀င်တချက်ပါဘဲ ။
ဘေးက ဖိလစ်ပိုင်မကိုဘဲ ဒေါသတွေ အချောင်းချောင်းထွက်နေမိပါတယ် ။ သူကြည့်တော့ home made လုပ်နေတဲ့ ပုံစံပါ ။ ဒီလို
မိန်းမက ဘာလို့ မြန်မာဆိုတာ နဲ့ အထင်တစ်သေး လူကို ကြည့်တာလည်း ။ အဓိက ဘာကြောင့်လဲ ။ အိမ်ကို ဘယ်လို ပြန်ရောက်
လာမှန်းကို မသိပါဘူး ။ မလေးရောက်ထဲက စနိုးစနောင့် ကိစ္စတွေပါ ခေါင်းထဲကို ဆက်တိုက် ၀င်ရောက်လာပါတယ် ။ တက္ကဆီ စီး၇င်
ကားပေါ် သိပ်စကားမပြောဖို့ အမျိုးသားမှာတတ်ပါသေးတယ် ။ ဘာလို့လဲမေးတော့ မြန်မာဆိုတာ မသိစေချင်လို့တဲ့ ။ အောင်မလေး
လို့တောင်ရင်ထဲက တလိုက်မိပါတယ် ။ ကျွန်မလို မနေ့တစ်နေ့မှ ရောက်လာသူအဖို့ မြင်တကာ ဆန်းပြားပြီး မေးစရာတွေချည်းမို့
သူမှာပေမယ့် ကျွန်မမေးချင်တာတွေကို မေးမိတာပါပဲ ။ တခါမှာတော့ မြို့ထဲက အပြန် ကျွန်မတို့ ကားငှားစီးလာတယ် ။ ငှားလာတာ
မီတာ ကားပါပဲ ။ လမ်းမှာ ထုံးစံအတိုင်း ကျွန်မသိချင်တာတွေ မေးလိုက်ပြောလိုက်နဲ့ တိုက်ရှေ့ရောက်တော့ ကျသင့်ငွေထက် ပိုတောင်း
ပါလေကော ။ အမျိုးသားနဲ့ စကားများတာပေါ့ ။ ကားလော့တွေပါချထားလိုက်ပါသေးတယ် ။ ကျွန်မ ကြောက်တော့ တော်တော် ကို
ကြောက်သွားမိပါတယ် ။ အမျိုးသား ပြောတဲ့စကားမများဖို့ဆိုတာ ဒါကြောင့်ပြောတယ်ဆိုတာကို လက်တွေ့သိလိုက်ရပါတယ် ။ နောက်
ကြုံဆုံရတာလေးတွေ ရှိပါသေးတယ် ။ အမျိုးသား အလုပ်ကနေ စောစောပြန်ရောက်ချိန် တရုတ်ဆိုင်မှာ ကြက်ဆီထမင်းသွားစားကြတဲ့
နေ့ပေါ့ ။ တရုတ်ဆိုင်ဆိုတာ ဆိုင်ထဲမှာ ဆိုင်ခန်းတွေ အများကြီးရှိကြတယ်။ ကျွန်မတို့ လင်မယား ကြက်ဆီထမင်းမှာလိုက်ကြတယ်။
ရောင်းတဲ့သူက မြန်မာလူမျိုးပါ ။ သိပ်ကို အံ့သြခဲ့ရတယ် ။ ကျွန်မတို့ ရှေ့က မှာတဲ့ တရုတ်တွေ ပန်းကန်ဆီ မျက်လုံးက အော်တိုမစ်တစ် ကြည့်
မိလိုက်ပါတယ် ။ *အားပါး.မိုက်တယ် ကြက်သားတုံးတွေက အကြီးကြီးတွေဘဲ * စိတ်ထဲက ပြောမိလုက်ခြင်းပါ ။ ဟော် ! ကျွန်မတို့
ပုဂံတွေလည်းသယ်လာပါပြီ။ ဟင်! ဆိုတဲ့ အာမေဋိတ်သံက အပြင်ထိ ထွက်ကျသွားတယ် ။
*အမျိုးသားက ..ဘာဖြစ်တာလဲ မိန်းမ *
*ဘာဖြစ်ရမှာလည်း ပိုက်ဆံပေးရတာချင်းတူတူ ငါတို့ကျတော့ ကြည့်ပါအုံးဟာ အရိုးပေါ်အရည်တင်ကြက် ..တရုတ်တွေ ၀ိုင်းကြတော့
ကြည့်လိုက် စူကားနေတာ ..*
*သြော်! မိန်းမရေ ဒီလိုဘဲ လူတွေက ကိုယ်လူမျိုးချင်းဆို မြန်မာမှန်းသိတောင် အဖက်မတန်သလို မခေါ်ချင်သလိုဘဲလေ .. နောက်ဆို မင်းပိုသိလာမှာပါ ..စိတ်လျော့ စားစရာရှိတာ စား*
နောက်တခါ ထပ်ကြုံလိုက်ရတာကတော့ တော်တော်ကို ဆိုးပါတယ် ။ မြန်မာဘုန်းတော်ကြီး ကျောင်းကို ကျွန်မရောက်ခဲ့ပါတယ် ။ ကျောင်း
ထိုင်ဆရာတော်နဲ့ ကျွန်မတော်တော်လေးကို ခင်ပါတယ် ။ဘုန်းဘုန်းဆီ ရောက်တော့ မင်္ဂလာဆောင်တစ်ခု ဆွမ်းကျွေးက ပြန်လာတာ
ဖြစ်ကြောင်းကို ပြောပြတာကို ကျွန်မနားထဲ မှတ်မိနေလိုက်ပါတယ် ။ နှစ်ရက်လောက်အကြာ ဘုန်းကြီးကျောင်းကို ကျွန်မနောက်တစ်
ခေါက်ထပ်ရောက်ခဲ့ပြန်ပါတယ် ။ ဒီမှာဘဲ ဘုန်းဘုန်းက ခိုင်လေးရေ စာရေးဆရာမကို ပြောပြရအုံးမယ် မလေးအရှုပ်တော်ပုံကို ဆိုကာ
တနေ့က ဘုန်းဘုန်းဆွမ်းကျွေးကြွတဲ့ မင်္ဂလာဆောင်က သတို့သမီးက နောက်နေ့မှာဘဲ တစ်ခြားကောင်လေးနောက်ကို လိုက်ပြေးသွား
တယ်တဲ့ ရှင်။ ဘုရား ဘုရား လို့ကို ရင်ထဲက တလိုက်မိတဲ့အထိ အံ့သြထိတ်လန့်ခဲ့ရပြန်ပါတယ် ။ နောက်ဆုံးတစ်ခု ကျွန်မတို့ ရိုးရာ
မြန်မာဝတ်စုံကို လွမ်းလို့ တစ်ခါတစ်ရံလေး ၀တ်ချင်ရင်တောင် မြန်မာဆိုတာ သိမှာဆိုးတာနဲ့ မ၀တ်ရဲကြပါဘူး ။ အိမ်ထဲမှာ ဒါမှမဟုတ်
ဘုန်းကြီးကျောင်းတွေက အလှူတွေမှာ တစ်ခါတစ်ရံမြင်ရပါတော့တယ် ။ မလေးရောက် နိုင်ငံခြားသားချင်းတူတူတောင် ကျွန်မတို့
လူမျိုးတွေ ဘာကြောင့် ပိုအနှိမ်ခံ အထင်သေးခံနေရတာလည်း ။ အိန္ဒယလူမျိုးတွေ တော်တော်များမှာ ဆာလီတွေ ၀တ်နေကြတာပါပဲ။
သူတို့ ဘာတခုမှ တွေးကြောက်မနေပါဘူး ။ ကျွန်မတို့ မြန်မာလူမျိုးတွေကျမှ သူများထက် ပိုကြောက်နေရ ပို အထင်သေးခံနေရ တဲ့
ဖြစ်ရပ်တွေကို ကျွန်မတို့ အမြင်တိုင်းလေး သုံးသပ်ကြည့်ချင်ပါတယ် ။ မည်သူကိုမှ ထိခိုက်ပုတ်ခတ်လိုစိတ်မရှိပါ ။ သုံးသပ်အဖြေရှာ
ကြည့်ယုံလေး သက်သက်ပါ ။ အဓိက ခေါင်မလုံတော့ လေဒဏ် ၊ မိုးဒဏ် ဆိုတဲ့ ပတ်ဝန်းကျင်ရာ ရာသီဥတု ဒဏ်တွေကို ကျွန်မတိှု့
ခံစားရတာပေါ့ ။ ဒုတိယအချက် ကိုယ်ကိုတန်ဖိုးမထားတတ်ခြင်းတွေကို မလေးရောက် တော်တော်များမှာ လက်တွေ့တွေ့မြင်နေရပါ
တယ် ။ ကျွန်မတို့ တူတူနေတဲ့ အိမ်က ကလေးတွေဆို တလကို လခ မလေးငွေ 1500 ၀န်းကျင်လောက်ရရှိကြပါတယ် ။ ဒါပေမယ့်
သူတို့ အိမ်ကို တလ ငါးသောင်းတောင် မပို့နိုင်ကြပါဘူး ။ လွတ်လပ်မှုဆိုတာရယ် ၊ ပင်ပမ်းမှု ဆိုတာကို အကြောင်းပြကာ ရှာလိုက်
ကုန်လိုက်နဲ့ ကို သံတရာကျောလည်မှာ တ၀ဲတ၀ဲလည်နေပါတော့တယ် ။ သူတို့ ဟာနဲ့ သူတို့ကို ချာလပတ်ရမ်းနေပါတော့တယ် ။
အနေကြာလာတော့ အသိများလာတယ် ။ သူငယ်ချင်းတွေ လာလည်လိုက် သူတို့ဆီပြန်လည်လိုက် ။ လည်တယ်ဆိုတာ စကားပြော
ယုံပြောကြတာ မဟုတ်ပြန်ဘူးလေ ။ စကားလေးပြောကောင်းဖို့ဆို သောက်ကြ စားကြ ။ ဒီတော့ ဘယ်မှာလာ ဆု မိပါတော့မလဲ။
အပြစ်တင်နေခြင်းမဟုတ်ပါဘူး ။ သုံးသပ်ကြည့်မိတာလေးပါပဲ ။ အိမ်ထောင်ရှိတဲ့ မိန်းကလေးကိုလည်း စိတ်ဝင်စားလို စိတ်ဝင်စား
တော်တော်ကို ရှုတ်ထွေးပွေလီမှုတွေများပြားလွန်းလှပါတယ် ။ သူများအထင်သေးတာ ခံနေရာ ခြင်းက ပထမအချက် ... ကျွန်မတို့
နိုင်ငံရဲ့ လုံလောက်တဲ့ ကာကွယ်မှု မရှိခြင်း ၊ မလေးရောက် မြန်မာနိုင်ငံသားများရဲ့ ပျက်ယွင်းနေတဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တိတွေ
ပြန်လည် ပြုပြင်ပေးဖို့ အထူးလိုအပ်နေခြင်း ၊ လူမျိုးခြင်းစည်းလုံးမှု အင်အားတွေ အင်မတန်နည်းပါးနေခြင်းတွေက အဓိက ကျနေမယ်
လို့ သုံးသပ်မိပါတယ် ။ မလေး ၊ စင်ကာပူ အကုန်လုံးကို မြန်မာ ပွဲစားနိုင်ငံလို့ တင်စားလို့ရအောင် ပွဲစားတွေ သိပ်ကို ကြောက်ဖို့ကောင်း
ပါတယ် ( အမှန်ကန် လုပ်ပေးနေသော ပွဲစားများကို မဆိုလိုပါ ) ။ စီးပွာရေး လုပ်တယ်ဆိုတာကို လက်ခံပါတယ် ။ စီးပွာရှာ တဲ့နေရာ
မှာ ကိုယ်ချင်းစာ တရားလေးကို လက်ကိုင်ထားမယ်ဆို ပိုပြီးမင်္ဂလာရှိမယ်လို့ ထင်မြင်ယူဆိမိပါတယ် ။ မလေးနဲ့ စင်ကာပူတောင်
ကွာခြားချက် အနည်းငယ်ရှိပါတယ် ။ စင်ကာပူနိုင်မှာအလုပ်လုပ်ဖို့ဆိုတာ ထိုင်သင့်တဲ့ ငွေအရင်းနှီးရှိသူတွေ သွားနိုင်ကြပါတယ် ။အနည်း
ဆုံး သိန်း 30 လောက်ကုန်မှ ရောက်နိုင်ကြတဲ့ အတွက် အလယ် လတ်တန်းစား လူမျိုးတွေ သွားကြခြင်းများပါတယ် ။ မလေးရှားနိုင်ငံ
ဆိုတာတော့ တော်တော်များ အခြေခံလူတန်းစားတွေ တောရွာတွေက ပိုများကြပါတယ် ။ အကြွေးနဲ့ သုံးသိန်းလောက်ပေးရင် မလေးမှာ
အလုပ်လုပ်နိုင်ကြပြီမို့ မရှိ ရှိတာလေးတွေနဲ့ ရောက်လာကြရတယ် ။ ဒီရောက်တော့ ပြောတာတမျိုး ရတာတမျိုးတွေဖြစ် အလုပ်တွေက
အဆင်မပြေ စိတ်တွေဆင်းရဲနေကြရတဲ့သူတွေ တပုံတပင်ပါပဲ ။ အိမ်မှာ ကျန်နေသူတွေကလည်း တ၇ွာထဲ ဘယ်သူကတော့ဘယ်လောက်
ပို့တယ် မင်းကတော့ မပို့နိုင်ဘူးဆို ဖုန်းတွေလာ ။ တကယ်ကို စိတ်ဆင်းရဲစရာတွေပါ ။ ဒီမှာဆိုတာက တစ်စက်၇ုံထဲ ဆိုပေမယ့်
ရတဲ့လခတွေ အများကြီး သွားခြားတတ်ပါတယ် ။ အံ့သြမိတာက ဒီလူ လူမျိုးတွေဆီက ပိုက်ဆံတွေကိုမှ ညာယူရက်တဲ့ ပွဲစားဆိုတဲ့ လူ
မျိုးတွေကိုပါ ။ သူတို့မို့ မရှိဆင်းရဲသား ကိုယ်လူမျိုးချင်းဆီက ငွေကို လိမ်ညာယူရက်တာကို တစ်ကယ်ကို အထင်သေးမိပါတယ် ။
မိမိတို့ လုပ်နေတဲ့ လုပ်ရပ်တွေ မှန်ကန်နေလား လုပ်သင့်နေလား ဆိုတာကို ပွဲစားကိုကို မမတွေ နှာဖူးပေါ် လက်တင်လို့ သေချာလေး
တွေးကြည့်ကြပါအုံး ။ လူမျိုးချင်း ဂုတ်သွေးစုပ်နေကြတာပါပဲ ။ မပတ်ဘဲနေလို့လဲမရ ။ ပတ်သတ်ရပြန်တော့လဲ ကြောက်စရာကောင်း ။
မလေးရဲကိုလည်းကြောက်ရ ။ လူမျိုးတူချင်း ဂုတ်သွေးစုပ် ဘီလူးတွေလဲကြောက်ရ ။ဘယ်မှာ စိတ်ချမ်းသာစရာကောင်းနေပါသနည်း။
ဒါတွေကို ကျွန်မတို့ ဘယ်လို တုံ့ပြန်ရင်ဆိုင်ကြမလဲ ။ ကျွန်မတို့နိုင်ငံသက်ဆိုင်ရာ လူကြီးတွေအနေနဲ့ အဝေးရောက် အလုပ်သမားတွေ
အပေါ် ကာကွယ်စောက်ရှောက်မှုတွေ ဒီထက်ရှိမယ်ဆို အထူးဝမ်းသာစရာဖြစ်မိမှာပါ ။ မြန်မာလူမျိုးချင်း ရိုင်းပင်းကူညီစိတ်လေးတွေ
ဆိုတာ ဒီလိုနေရာတွေမှာ ပိုလိုအပ်နေပါတယ် ။ မလေးရောက် မြန်မာလူမျိုးများအနေနဲ့ ဘယ်နေရာကိုဘဲ ရောက်ရောက် မြန်မာ ဆိုတဲ့
တန်ဖိုးရှိတဲ့ စည်းကမ်း ဘောင်လေးတွေကို မမေ့မလျော့ ထိန်းသိမ်းတန်ဖိုးထားကြခြင်း ဖြင့် မြန်မာဆိုတာ ဘယ်နိုင်ငံ ဘယ်နေရာမှာ
ဖြစ်ဖြစ် ခေါင်းမော့ ရင်ကော့နိုင်သူတွေအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်သူတွေ အဖြစ်ကို ကျွန်မတို့ အမြန်ဆုံးပိုင်ဆိုင်ပါရစေလို့