လရိပ်ကလေးလည်း .... ဖွေးနေတုန်း
လေနုအေးလေးလည်း....သွေးနေတုန်း
ချစ်သူလေးရဲ့အလှကိုမောင်က .....ငေးနေတုန်းမှာပေါ. ...
“ မောင် ဘာလို. ဒီလောက်တောင် ကြည်.နေရတာလည်း ”
“ချစ်လေး ကကော ဘာလို ဒီလောက်တောင်ချစ်စရာကောင်းနေရတာလည်း”
“ ဟုတ်လို.လားမောင် ရယ် တကယ်ကောချစ်တာလား....”
“ ချစ်တာထက် ကိုပိုချစ်မိနေတာပါကလေးရယ်..”
“ မောင် ဘာပြောပြော ကျမက ယုံနေတာပါ ”
“ ယုံအောင်ပြောနေတာမဟုတ် ပါဘူး မှန်တာကိုတင်ပြနေတာပါ ”
“ ကဲပါ ဒါကြောင်.လည်း ကျမကမောင်.ကိုချစ်နေတာပါ ”
“ မောင်ကကော မချစ်တာကြနေတာဘဲ”
“ အင်းပါစောစော အိပ် မနက်ဖြန်မောင်.အတွက်အလုပ်တွေအများကြီး”
“ ဘာတွေများလည်း ဟင် မနက်ဖြန်မောင်ကနားမလားလို. ”
“ အယ်..မောင်ကတော.မေ.ပြီ နက်ဖြန်သမီးလေး သီရိ ကိုပန်းခြံတို.
ကစားကွင်းတို.ပို.မယ်ဆို..ပြီးတော. ကျမကိုလည်း OG နဲ.ပြပေးမယ်ဆို
ကျမ မေမေအိမ်ကိုလည်းခဏသွားချင်သေးတယ်..မေမေတို.ကသမီး
ကိုကော မြေးလေးကိုကောအောင်.မေ.နေရှာပြီ..”
“ ဟုတ်ပါရဲ. ချစ်လေးကဒီတစ်ခါမောင်.ကိုဘာလေးမွေးပေးမလည်း”
“ ဘုရားပေးတာဘဲယူရမှာပေါ.မောင်..ချစ်ဘယ်သိပါ.မလည်း“
“ မောင်ကတော. သမီးလေးသီရိအတွက် မောင်လေး ဆိုကောင်းမလားလို.”
“ ဟုတ်ပါပြီ...အော်မောင်..မောင်.ဖေဖေအတွက် အားဆေးဝယ်ထားတာ
နက်ဖြန်တစ်ခါထဲဝင်ပို.ပေးလိုက်မယ်နော်..”
“ ဟုတ်ပါပြီ နက်ဖြန်တစ်နေ့လုံး မောင်တော. ချစ်လေးရဲ.ဒရိုင်ဘာဘဲပေါ. ”
“ ဟင်း ..မောင်ကစိတ်မပါသလိုဘဲ..ကဲပြော နက်ဖြန်ဘယ်ကောင်မလေးနဲ့
ချိန်းထားလို.လည်း...တော်ပြီနက်ဖြန်ဘယ်မှမသွားတော.ဘူး ”
“ မဟုတ်ရပါဘူးကွာ....တကယ်ပါ ”
“ ဟင်.အင်း မယုံဘူးမယုံဘူး....”
“ ယုံပါကွာ..တကယ်ပြောတာပါ...တကယ်ပါ ”
“ ဟေ.ကောင်.....ကွန်ပြူတာရှေ.မှာငိုက်ပြီး ဘာတွေရောင်နေတာလည်း”
ကျနော်လန်.နိုးသွားပါသည်။အော်..အိပ်မက်ကိုး......အိပ်မက်..
တကယ်သာဆို...ဘယ်လောက်ကောင်းမလည်း....ကျနော်ကွန်ပြူတာ
ပေါ်မှ ကျနော.ကိုကြည်.နေသောချစ်လေးပုံကိုလှမ်းကြည်.လိုက်တော.
ချစ်လေးကကျနော.ကို လှောင်နေသလိုပင်.......
လရိပ်ကလေးလည်း .... ဖွေးနေတုန်း
လေနုအေးလေးလည်း....သွေးနေတုန်း
ချစ်သူလေးရဲ့အလှကိုမောင်က .....ငေးနေတုန်းမှာပေါ. .....
တတိုင်းမွှေး။ ။
***စံလွန်းတင် ***