မင်္ဂလာပါရှင့်.......
စုက စာမရေးတတ်ပါဘူး. စုတခါမှလဲ စာတွေမရေးခဲ့ ဘူးပါဘူး. ဒါပေမယ့် ခုရွှေမြို့တော် ကို ကျေးဇူးတင် စကားပြောချင်လို့ ပါ.. စုက နိုင်ငံခြား တနေရာမှာ အလုပ်လုပ်နေတာပါ. စု တို့ ဆီမှာ နိုင်ငံရဲ့ ဘာသာရေးအရ သူတို့ တွေ ဥပုတ်ကာလမှာ အလုပ်ချိန်က ၇ နာရီပဲ လုပ်ရပါတယ်.. ဂျူတီကလဲ လုပ်နေတဲ့ နေရာကြောင့် ညနေမှ ၀င်ရပါတယ်။ အလုပ်က ပြန်လာတဲ့ အချိန်တွေ မှာ အချိန်ပိုတွေ အများကြီးရှိခဲ့တယ်။ တခန်းထဲနေ အခန်းဖော် သူငယ်ချင်းကလဲ မြန်မာပြည် ခွင့်ပြန်တဲ့ အချိန်ဆိုတော့ စုတယောက်ထဲ ပျင်းပျင်းရှိတာနဲ့  လက်တော့တလုံးနဲ့  ၀က်ဆိုက်တွေ မေးတွေ ကို ကလိခဲ့ပါတယ်။ စု အရင်ကတော့ စုသိတဲ့  ဖေ့ဘွတ်လောက် စုရဲ့  အီးမေးလောက် ။ စာအုပ်တွေလောက်သာ အင်တာနက်ကနေ ရှာဖတ်တတ်ခဲ့ပါတယ်။ အဒိအချိန်မှာ မေးအဟောင်းတွေဖတ်ရင်းက လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ သူငယ်ချင်းက ပို့ ခဲ့တဲ့ မေးလေးကို တွေ့ ပြီး စု ဒီရွှေမြို့ တော်ဆို တဲ့  ပျော်ရွှင်စရာ. ကြည်နူးစရာ . ဗဟုသုတ ရစရာ တွေ စုံလင်တဲ့  ဥယျာဉ်ကြီး တခုထဲ ကိုရောက်ရှိခဲ့ပါတယ်။ ပန်းရနံ့  တွေလို မွှေးပျံ့တဲ့ စာပေ တွေ၊ ချိုမြိန်တဲ့  အသီးတွေလို အရာသာရှိတဲ့  ဗဟုသုတရစရာ ဆိုက်အကြောင်းလေးတွေ၊ ခင်မင်စရာကောင်းတဲ့ သူငယ်ချင်းလေးတွေ စု ရရှိခဲ့ပါတယ်။ ရွှေမြို့ တော်ကြီးရဲ့  ပရဟိတလုပ်ငန်းတွေ ကိုကြည့်ပြီးလဲ သာဓုခေါ်ခဲ့မိပါတယ်။ စုက စာရေးရရတာ ၀ါသနာပါတယ်။ စုမရေးတတ်တဲ့ အတွက် သူများရေးတာတွေ ဖတ်တယ်။ အပြန်အလှန် မှတ်ချက်လေးတွေ ပြန်ပေးတာကြည့်ပြီး ပျော်ရွှင်ခဲ့တယ်။ ခံစားချက်တူတဲ့ စာလေးတွေ ဆို စုလဲ မျှဝေခံစားမိခဲ့တယ်။ ရွှေမြို့ တော်ထဲ က အိမ်သူအိမ်သားအားလုံး ကိုလဲ ကြည့်ပြီး ပျော်ရွှင်တယ်။ သူ့ အိမ်သွားလည် ကိုယ့်အိမ်လာလည် နဲ့  စိတ်ကြည်နူးစရာကောင်းလှပါတယ်။ ရွှေမြို့ တော်ထဲ ၀င်လိုက်ရင်ပဲ ပထမဆုံးတွေ့ ရတဲ့  မြန်မာလို ရေးသားထားတာတွေဟာ ကိုယ့်စာပေကိုယ့်လူမျိုးကိုပြောနေသလိုပါပဲ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့  နိုင်ငံခြားသားတွေ ကို ပြောဆိုဆက်ဆံ ပြီး တချိန်လုံး အင်္ဂလိပ်လိုနဲ့  ငြီးငွေ့ နေရတဲ့  စုအတွက်တော့ မြန်မာစာ မြန်မာ သူငယ်ချင်းတွေ ဟာ စုရဲ့  အားပေးဖော်တွေပါ။
ရွှေမြို့ တော်ကို တည်ထောင်တဲ့ သူတွေရဲ့ မအားလပ်တဲ့ ကြားကနေ မန်ဘာလေးတွေကို အမျိုးမျိုး နေတတ်အောင် အိမ်လေးတွေ ပြင်ဖို့ တိုက်တွန်းနေတာတွေ ဟာ ၀မ်းသာစရာပါ။ ရွှေမြို့တော်ကို တည်ထောင်တဲ့ သူတွေ အားလုံးကိုလဲ ကျေးဇူးတင်ရှိပါတယ်။ စုရဲ့  အထီကျန်နေတဲ့ အချိန်တွေဟာ ခုတော့ ရွှေမြို့ တော်ကြောင့် စိုပြေခဲ့ပါပြီ..
ခုတော့ စုမှာလဲ သူငယ်ချင်းလေးတွေ ရနေပါပြီ။ စု ရဲ့  သူငယ်ချင်း အဟောင်းတွေ ရော အသစ်တွေပါ စု ပြောပါရစေ။ စုရဲ့  ပိုလျှံတဲ့ အချိန်လေးတွေလဲ ကုန်ဆုံးပါပြီ ပုံမှန်ပြန်လည် လည်ပတ်တော့မယ့် အလုပ်ချိန်တွေ ဂျူတီတွေ ကြောင့် မအားလပ်လို့  အိမ်လာမလည်နိုင် ရင် ခွင့်လွှတ်ပါ။ စုမရှိလဲ စုအိမ်လေးကို လာလည်နိုင်ပါတယ်။ အမြဲတမ်းလဲ ခင်မင်နေပါတယ်။ စု အားလပ်တာနဲ့ လဲ အပြေးအလွှား လာလည်ပါ့မယ်နော်။
စိတ်ကြည်နူးစရာ ပျော်ရွှင်စရာတွေ ပြည့်ဝနေတဲ့  ဥယျာဉ်ခင်းကြီး ဆထက်တပိုး တိုးတက်ပါစေ.. နှစ်ပေါင်းများစွာတိုင် တည်တံ့ပါစေ။ ရင်ထဲမှ ဆန္ဒပြု ဆုတောင်းပေးပါတယ်။ အက်မင် ကိုကို မမ များအားလုံးလဲ ကျန်းမာပျော်ရွှင်ပါစေ...
စု
(ခေတ္တ UAE ).