လူဘ၀ မှ ပညာ ရှိရင်ရှိ မရှိရင် ငွေ တော့ရှိရမယ်.. အဲဒီနှစ်ခုသာမရှိရင် ဘ၀ဟာ ငရဲကျနေသလိုဘဲ... သေဖို့ ထက်နေဖို့က ခက်တယ် ဆိုတဲ့စကားက သိပ်မှန်တာဘဲ..ရောင့်ရဲတင်းတိမ်နိုင်ရင် စိတ်ချမ်းသာ လာမယ်ဆိုတဲ့ စကားမှန်ပေမယ့် ဘယ်သူမှ အဲဒီစကားအတိုင်းမလုပ်နိင်တာဆိုးတယ်.. ငါလဲ မလုပ်နိင်ပါဘူးး.. လူတွေဟာ မသေမချင်း လိုချင်တက်မက်မှုဟာ အဆုံးမရှိခဲ့တဲ့အတွက် .. လောဘ ဒေါသ မောဟတွေနဲ့ သေမဲ့နေ့ကိုဘဲစောင့်နေရမယ်... အူမတောင့်မှ သီလ စောင့်နိင်မဲ့ အခြေအနေတွေက လူတွေတိုင်းမှာ ရှိနေတော့လဲ ဘာတက်နိင်မှာလဲ.. ချမ်းသာတဲ့သူတွေလဲ နေမနားညမနားလုပ်နေရတယ် .. ဆင်းရဲတဲ့သူတွေလဲ သူတို့နဲ့ တူတူဘဲ ဒါပေမယ့် အသုံးအဆောင်ပစ္စည်းတွေသာ ကွာသွားတယ် ။ကျန်တာတော့ တူတူဘဲ ကာယလုပ်သားနဲ့ ညာဏ လုပ်သား ဒါဘဲကွာသွားတာ...ဒါပေမယ့် ဒီလို လောဘတွေနဲ့သွားနေခြင်းတူတူ သူများကို မဟုတ်တာမလုပ်ရင် စိတ်ထားဖြူဖြူစင်စင်ထားရင် လူတွေထဲက လူတွေထက် ငါကမြတ်တယ်ဆိုတဲ့ ပီတိလေး ဖြစ်အောင် မွေးကြည့်ပါလားး သူတောင်းစားဆိုပေမယ့် အထင်မသေးနဲ့ သူလိုတောင်းစားဖို့ လူတိုင်းမှာ သတ္တိလူတိုင်းမှာမရှိဘူးး တောင်းစားဖို့ထက် လိမ်စားဖို့ဘဲ ချောင်းနေကြတဲ့သူတွေသာ များတာပါ...မရှိလို့တောင်းစားတာ ရှက်စရာမရှိဘူး မဟုတ်တာလုပ်ပြီး သူများပစ္စည်းမတရားယူချင်တာမှ ရှက်စရာကောင်းတာ... လောကမှာ လဲ လောဘကြီးတဲ့သူတွေဘဲ လိမ်ခံရတာများပါတယ်.. ဘာဘဲပြောပြော ကိုယ့်ကြောင့်သူများ စိတ်မဆင်းရဲရင် ပြီးတာဘဲ... အဲဒါက အဓိက.....လို့ဘဲပြောချင်တာပါ.... ဂဏန်း[အိမ်ဝေးဌက်]
↧