ဒီပုံပင်ထဲက ဖားကလေးတစ်ကောင်ဟာ ကျွန်တော်ပါ။ အဲဒီဖားကလေးလို ကျွန်တော်ဘ၀ကို ကျွန်တော် ဖြတ်သန်းနေပါတယ်။
ကျွန်တော် ဘ၀ကိုတည်ဆောက်နေပါတယ်။ ကျွန်တော်ဒီပုံပြင်ကို တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ဖတ်ခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်ဒေသ
ဆိုင်ရာ ပုံပြင်လေးတစ်ပုဒ်ပါ။ တစ်ခါတုန်းက မူလတန်းကျောင်းနဲ့ မနီးမဝေးမှာ ရေအိုင်လေးတစ်အိုင်ရှိတယ်။ အဲဒီရေအိုင်ထဲမှာ ဖားပေါက်စလေးတွေ၊ ဖားလူပျိုပေါက်လေးတွေ၊ ဖားအပျိုပေါက်လေးတွေ၊ ဖားအိမ်ထောင်သယ်တွေ၊ ဖားထီးတွေ၊ ဖားမတွေ၊ ဖားအရွယ်စုံ နေကြသတဲ့။ ရေအိုင်နဲ မူလတန်းကျောင်းရဲ့အကြာမှာ ကလေးတွေဆော့ကစားဖို့ ကစားကွင်းလေးတစ်ခူလည်း ရှိတယ်။ ကလေးတွေ ကျောင်းတက်ချိန်ဆိုရင် ဖားကလေးတွေဟာ ကစားကွင်းထဲမှာ ကစားကြတာပေါ့။ ကလေးတွေ ကျောင်းဆင်ချိန်ဆိုရင် ရေအိုင်ထဲကို ပြန်ပြီးပြေပုန်းရတာပေါ့။ ကလေးဆိုတာသိတဲ့ အတိုင်းပဲ ဖားကိုတွေရင် တုတ်နဲရိုက်တယ်။ ခဲနဲ့ ဆော်တယ်။ ဒီတော့ဖားကလေးတွေက ကလေးတွေ ကျောင်းတက်ခေါင်းလောင်းသံဟာ သူတို့အတွက် ဆော့ကစားဖို့ အချက်ပေးတဲ့ အသံပါပဲ။ ဒီလိုနဲ့... တစ်ခုသော နေ့လယ် ထမင်းစား ကျောင်းအတက်မှာ ကစားကွင်းထဲကို ဖားငယ်တစ်သိုက် ပျော်ပိုက်စွာ ဆော့ကစားနေကြပါတောတယ်။ ဖားပေါက်စလေးတွေဖြစ်တဲအတွက် ၀က်ဝက်ကွဲအောင် ပျော်ကြတာပေါ့။ ဖြစ်ချင်တော့အဲဒီထဲက ဖားငယ်နှစ်ကောင်ဟာ နှစ်ပေခွဲလောက်နက်တဲ့တွင်းထဲကို ကျသွားပါတောတယ်။ သူတို့အတွက် နှစ်ပေခွဲဆိုတာ တော်တော်နက်ပါတယ်။ တွင်းထဲလည်းကျသွားရော တွင်းနှုတ်ခမ်းမှာ ဖားသူငယ်ချင်းတွေ ၀ိုင်းအုံလာကြတော့တယ်။ အောက်ကို ငုံကြာ်ပြီး သူငယ်ချင်းပီပီ အားပေးစကားပြောကြပါတော့တယ်။
"ဟာ... တွင်းကြီးက အနက်ကြီးပဲကွ"
"မင်းတို့နှစ်ကောင်တော့ သွားပြီး၊ ခဏနေရင် ကျောင်းဆင်းလာတော့မှာ..."
"သေခြာပါတယ်ကွာ၊ မနက်ဖြန်မနက်ကျရင် မင်းတို့နှစ်ကောင် ဖားကင်ဖြစ်ပြီ။ ဈေးထဲလာတွေ့လှည့်မယ်နော်"
"ငါမပြောဘူးလာ ဒီလောက်တောင်ဆော့ရသလားကွ"
"လုပ်မနေပါနဲကွာ၊ ဒီတွင်းထဲမှာပဲနေခဲ့ကြတော့"
ဒီလိုတစ်ယောက်တစ်ပေါက် ပြောချင်ရာတွေပြောပြီး သူငယ်ခ်ျငးဖားနှစ်ကောင်ကို တွင်းထမှာ ပစ်ထားခဲ့ကြတယ်။ မကြာခင်မှာ ကျောင်းဆင်းတော့မှာမို့ ဖားငယ်တစ်သိုက်ဟာ ရေအိုင်ဆီကိုခုန်ဆွခုန်ဆွနဲ့ အပြေးသွားကြပါတော့တယ်။ အဲ့လိုပြောဆိုနေစဉ်မှာ ဖားတစ်ကောင်ဟာ ငြိမ်ပြီနေတယ်။ ကျန်တဲ့ဖားတစ်ကောင်ကတော့ အားနဲ့မာန်နဲ့ တွင်းနှုတ်ခမ်းဝကိုေ၇ာက်ဖို့ ခုန်နေတယ်။ အဲဒီနေ့က လပြည့်ညလည်းဖြစ်တယ်။ လသာသာညဖြစ်လို ဖားကလေးတွေဟာကစားကွင်းထဲမှာ ပြန်ပြီး စုမိကြတယ်။ ကစားငြမယ်ပေါ့။ ပျော်ကြမယ်ပေါ့။ အဲဒီအချိန်မှာ နေ့လယ်က တွင်းထဲကျနေတဲ ဖားနှစ်ကောင်ထဲက ဖားကလေးတစ်ကောင်ကိုသူတို့ တွေ့လိုက်ကြတယ်။ အားလုံး အံ့သြသွားတယ်။ ပြီးတော့ သူအနားကို ၀ိုင်းလာပြီ စကားတွေ ပြောကြတယ်။ မေးကြတယ်။
"မင်း ဘယ်လိုလုပ်ပြီ တွင်းအပေါ်ကို ရောက်လာတာလဲ"
"မင်းကို ဘယ်သူကယ်လိုက်တာလဲ၊ ဟိုအကောင်ရော..."
"မင်း မသေဘူးနော်"
"စွမ်းလှချည်းလာ။ သူငယ်ခ်ျငးရ"
အဲဒီလို ပြောတဲံစကားတွေကို ဖားကလေးက ဘာမှပြန်မပြောဘူး။ ငြိမ်ငြိမ်လေးပဲနေတယ်။
"မင်း ဘယ်လိုလုပ်ပြီး တွင်းအပေါ်ကိုေ၇က်ြလာတာလဲ ပြောစမ်းပါ"
ဘာမှပြန်မပြောဘူး။ ကြောင်ကြောင်ကြီးငေးကြည့်နေတယ်။
"ဟေ့ကောင်၊ မင်း ဘယ်လိုလုပ်ပြီအသက်ရှင်လာတာလဲ"
ဒီအချိန်မှာ ဖားကလေးဟာ စကားတစ်ခွန်း ပြန်ပြောလိုက်တယ်။
"သူငယ်ခ်ျငးတို့၊ ငါက 'နားလေး'နေတာ။ မင်းတို့ပြောတာ မကြားရဘူး။ ကျယ်ကျယ်ပြောကြကွာ"
သူစကားကိုကြားလိုက်တော့ ဖားကလေးတွေအားလုံ အံ့သြသင့်သွားကြတယ်။
"ငါက... မင်းတို့ ငါ့ကို အားပေးတယ်မှတ်ပြီး တအားခုန်လိုက်တော တွင်းနှုတ်ခမ်းဝကို ရောက်သွားတော့တာပဲ"
သူငယ်ခ်ျငးတေါဟာ တ၀ါးဝါးနဲ ပွကျြသွားကြတော့တယ်။
ဒီပုံပြင်ထဲက 'နားလေး' နေတဲ့ ဖားကလေးကို ကျနော် သဘောကျမိတယ်။ ဒီပုံပြင်မှာ သတိပြုဆင်ခ်ျငစရာ (၃) ခုတွေရတယ်။
(၁) သူငယ်ခ်ျငးဆိုတာ ဒီလိုပဲ။ ကိုယ်ဒုက္ခရောက်ရင် ကူညီဖို့ထက် စိတ်ဓာတ်ကျအောင် စကားတွေ အမျိုမျိုပြောတတ်ကြတယ်။ ဆရာကြီူဝင်ပြီလုပ်တတ်ကြတယ်။ မင်္ဂလာယူတတ်ကြတယ်။ 'နားကောင်း'တဲဖား ကလေး ဒီစကားကြောင့် စိတ်ဓာတ်ကျပြီး သေဆုံးခဲ့ရတယ်။ တွင်းနှုတ်ခမ်းဝက ဖားမျိုး ကျွန်တော်တို့ မဖြစ်သင့်ဘူး။
(၂) ၂ပေခွဲဆိုတံ တွင်းဟာ ဖားကလေးအတွက် တော်တော်န်ကပါတယ်။ ဒီလိုပါပဲ လူဘ၀ဆိုတဲ. ဒုက္ခတွင်းဟာ ကျွန်တော်တို့ အတွက် အလွန်နက်ပါတယ်။ ဒုက္ခက လွတ်မြှောက်ဖို့ဆိုရင် ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ ကြိုးစားရမယ်။ စိတ်ဓာတ်မကျရဘူး။ ဇွဲရှိရမယ်။
(၃) တခါတလေ လောကကြီးနဲ့ ဆက်ဆံရင် ကျွန်တော်တို့ရဲ့ နားကို စနစ်တကျ ဖွင့်သင့်တယ်။ ပိတ်သင့်တယ်။ 'နားထိုင်း'တဲ့ ဖားကလေးလို 'နားလေး' တဲ့ ဖားကလေးလို ကျင့်ကြံသင့်ရင် ကျင့်ကြံရမယ်။
တကယ်တော့ ကျွန်တော်တို့ဟာ ဘ၀ကို ဖြတ်သန်ကြရတဲအခါ ပတ်ဝန်းကျင်နဲ ဆက်ဆံကြရတယ်။ သူငယ်ခ်ျငးတွေရှိတယ်၊ အခက်အခဲတွေ၇ှိတယ်။ စေတနာနဲကူညီတဲ သူရှိတယ်။ စကားလုံးနဲစိတ်ဓာတ်ကျအောင်ပြောတတ်တဲ့သူရှိတယ်။ ဘာပဲဖြစ်ဖြစ် လူ့ဘ၀ဆိုတာ သုခနဲ့ ဒုက္ခကို အချိုးချိုးကျကျ ရောစပ်ထားတဲ ကော်ဖီပူပူ တစ်ခွက်ဖြစ်တယ်။ သတ္တိရှိရျှွှိုတ်သောက်ပစ်လိုက်စမ်းပါ။ သူငယ်ချင်းတို့ တွေးဆ ဆင်ခြင်ကြည့်ကြဖို့ပါ။
ဦးဘုန်း(ဓာတု)
နီးနီးဝေးဝေး စာအုပ် မှ