မြို့တော်ထဲကို ရောက်လာကြတဲ့ မန်ဘာသစ်လေးများက မြို့လေးထဲမှာ ရင်းနှီးသူလဲ မရှိသေးတော့ တစ်ယောက်ထဲ ယောင်လည်လည်၊ စကားပြောဖော်လဲ မရှိတော့ မြို့တော်ထဲမှာ ပျင်းရိနေသယောင် ဖြစ်တတ်ပါတယ်။
သူငယ်ချင်း လိုချင်သူများအတွက် မြို့တော်လေးထဲမှာ သူငယ်ချင်းများကို ဖိတ်ခေါ်နည်းလေး တင်ပေးလိုက်ပါတယ်ရှင်။
ပထမဦးဆုံး မိမိသူငယ်ချင်းဖြစ်ချင်တဲ့ သူ၊ မြို့တော်မန်ဘာဝင်ရဲ့ အိမ်လေးကို ဝင်လိုက်။
မိမိခင်မင်လိုသူ နာမည်လေးကို ကလစ်လိုက်ပေါ့။ (ဥပမာ ♫♥✿*•♫♥မေ♥သ♥ဇင် ♥♫✿*•♫♥) ကို ကလစ်လိုက်ပါ။
သူ့အိမ်လေး ပွင့်လာပါပြီ။
သူ့အိမ်လေးမှာ
အနီရောင် ဘောင်ခတ်ထားသည့် သူငယ်ချင်း ဖြစ်ချင်တယ်လေးကို ကလစ်လိုက်ရင် ဘောက်စ်တစ်ခု ကျလာပါလိမ့်မယ်။
သူ့အတွက် အမှတ်တရ ရေးချင်တယ်ဆိုရင် သင်ပြောလိုသော အရာကို ရေးထည့်ပါ နေရာမှာ သင်ပြောလိုသော အရာ (ခင်မင်ချင်ပါတယ် သူငယ်ချင်းရေ) စသည့်ဖြစ်ပေါ့ ရေးထည့်ပါ။ အချိန်မရလို့ မရေးချင်လဲ ရပါတယ်။ ပြီးရင်တော့ ပေးပို့ရန်ကို ကလစ်လိုက်ပေါ့။
အပေါ်က ပြထားတာက မြို့တော်ထဲမှာ ရှိတဲ့ သူငယ်ချင်းကို ဖိတ်ခေါ်နည်းပါ။ အပြင်က မိမိသူငယ်ချင်းကို ဆိုဒ်ထဲ ဖိတ်ခေါ်ချင်ရင်တော့
ဘောက်ခတ်ထားတာလေးကို ကလစ်လိုက်ပါ။
အဲ့ဒီထဲက မိမိကြိုက်တဲ့ ဆီကို ကလစ်ပြီး ဖိတ်ခေါ်လို့ရပါတယ်ရှင်။
Gmail ,Facebook , yahoo စသည့်ဖြစ်ကို ကလစ်ပြီး မိမိအကောင့်ထဲမှ သူငယ်ချင်းကို ဖိတ်ခေါ်လို့ရပါသည်။
ဒါမှ မဟုတ် တိုက်ရိုက်ဖိတ်ခေါ်ချင်တယ် ဆိုရင်လဲ
http://www.shwemyotaw.com ကိုသာ သူငယ်ချင်းဆီသို့ လင့်ပို့လိုက်ပါရှင်။
ဒါဆို သင့်ဆီမှာ သူငယ်ချင်းတွေ ရလာပြီပေါ့။
အယ် ......သူငယ်ချင်းတွေ သင့်ဆီမှာ ရလာရင်လဲ သူငယ်ချင်းတွေကို ဒီအတိုင်း ပစ်မထားရဘူးနော်။ အဲ့ဒါဆို သင့်အိမ်လေးက ခြောက်သွေ့မြဲ ခြောက်သွေ့နေလိမ့်မယ်။
သူငယ်ချင်းတွေရဲ့ အိမ်ကို အချိန်ရရင် ရသလို လိုက်လည်ပေးရတယ်။ ဒါမှ သူငယ်ချင်းတွေကလဲ သင့်ဆီကို ပြန်လာပြီး လည်ကြမှာလေ။
ရင်းနှီးနွေးထွေးစွာနဲ့ သူငယ်ချင်းရဲ့ အိမ်လေးကို အလည်ရောက်ခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အိမ်လေးက နေချင်စရာလေး။ ကိုယ့်အိမ်ကိုလဲ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ကိုယ့်အိမ်လေးက နွေးထွေးစွာ ကြိုနေပါတယ် စသည်ဖြစ် ကွန်မန့်လေးတွေပေးရင်း အပြန်အလှန် လည်ပတ်ကြမယ်။
သူတို့ရေးတဲ့ ကဗျာလေးတွေ၊စာလေးတွေကို ဖတ်ရှုအားပေးရင်း မိမိအမြင်လေးတွေကို ကွန်မန့်လေးတွေပေးပြီး ဆွေးနွေးကြမယ်။ ဒီလိုသူငယ်ချင်းတွေ အပြန်အလှန်ကူညီကြရင်း ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်လာကြမယ်။
မြို့တော်လေးကနေ ခင်မင်လာရတဲ့ သူငယ်ချင်း မိတ်ဆွေကောင်းတွေ နောင်အရှည် ဘဝရဲ့ အချိန်ကာလတစ်ခုတိုင် လက်တွဲနိုင်တဲ့ သူငယ်ချင်းအဖြစ်ပါ ရလာနိုင်ပါတယ် သူငယ်ချင်းရေ။
သူငယ်ချင်းကောင်းများစွာ ပိုင်ဆိုင်နိုင်ပါစေလို့လဲ မေဆန္ဒပြုခဲ့ပါတယ်ရှင်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်