ဒီဘလော့ကိုရေးဖို့ စိတ်ကူးရလိုက်တာကတော့ ရန်ကုန်က ကျွန်တော့်ရဲ့တူတော်တစ်ယောက်(၃တန်းကျောင်းသား)ကိစ္စနဲ့ ပတ်သက်ပါတယ် ......ကျွန်တော့်အစ်ကိုကပြောပါတယ်......"အစတုန်းက မင်းတူက ဘယ်လက်နဲ့ရေးတာ လက်ရေးလှတယ်ကွ တော်တော်လေးလှတယ် ဒါပေမယ့်သူ့ဆရာမက ညာနဲ့ပြန်ပြောင်းရေးခိုင်းတော့ ကလေးကမရေးချင်ရေးချင်နဲ့ ရေးရတယ် အဲဒီတော့လက်ရေးတွေက မင်းမြင်တဲ့အတိုင်းပဲ " ဆိုပြီး ကလေးစာအုပ်တွေကို ထုတ်ပြပါတယ် ဟုတ်ပါတယ် လက်ရေးတွေကသပ်ရပ်မှုမရှိတာတွေ့ရပါတယ် "ငါကတော့သူ့သဘောအတိုင်းပဲရေးစေချင်တာပါ " လို့ပြောပါတယ် ဒီဘလော့ကိုအကြမ်းရေးနေတာက ကျွန်တော့်အစ်ကိုလက်ဖက်ရည်ဆိုင်က ကောင်တာမှာပါ တိုက်တိုက်ဆိုင်ဆိုင် အနီးကလက်ဖက်ရည်ဝိုင်းတစ်ဝိုင်းက အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးတစ်ဦးကို ပြောနေတာကြားရတယ်ဗျ......
"ကျွန်မအိမ်ကကလေးလေ ဘယ်လက်နဲ့ရေးနေလို့ ညာနဲ့ပြန်ပြောင်းရေးခိုင်းနေရတယ် ဘယ်လိုလုပ်ရမှန်းမသိဘူး " တဲ့နောက်ပြီးအိမ်တစ်အိမ်မှာ (နှစ်တန်းကလေး)ကဘယ်လက်နဲ့ရေးလို့ ဖအေဖြစ်သူက ညာလက်နဲ့မရေးရကောင်းလားဆိုပြီး ကလေးကို တွယ်ချိတ်နဲ့ထိုးသတဲ့......ကြားရတာတော်တော်ရင်မောတယ်ဗျာ...အဟုတ်..အဟုတ်..
ကျွန်တော်လည်းကျောင်းဆရာတစ်ယောက်ပါ ကျွန်တော့်တပည့်အသိုင်းအ၀ိုင်း သူငယ်ချင်းလောကမှာ ဘယ်လက်နဲ့ရေးပြီး ထူးချွန်နေသူတွေ အများကြီးပါ ကျွန်တော်တိုကိုသင်ခဲ့တဲ့ ဆရာဆရာမတွေထဲမှာလည်း ဘယ်လက်နဲ့ရေးတဲ့ဆရာဆရာမတွေအများကြီးပါ နောက်ပြီး တက္ကသိုလ် ၊ ကောလိပ်စတဲ့နယ်ပယ်တွေမှာ ဘယ်လက်နဲ့ရေးပြီးထူးချွန်ထက်မြတ်နေတဲ့ အကြီးအကဲတွေ ရှိနေတာပါပဲ မြင်နေ....တွေ့နေရတာပါပဲဗျာ မဟုတ်ဘူးလား ကျွန်တော်ပြောချင်တာက တစ်ချို့မိဘတွေနဲ့ဆရာ ဆရာမတွေဟာ ကလေးတွေဘယ်လက်နဲ့ရေးတာကို အကျင့်ဆိုးတစ်ခုလို့ မြင်တတ်ကြပြီး လက်မခံချင်ကြပါဘူး.........
ကျွန်တော့်အတွေး ကျွန်တော့်အမြင်ကတော့ " ဒါဟာသူ့သဘောအတိုင်း လက်ခံသင့်တဲ့အရာလို့ ထင်တယ်ဗျာ...လူတစ်ယောက်နဲ့တစ်ယောက်က ဗီဇသဘာဝချင်းတူကြတာမှမဟုတ်တာလေ ကျွန်တော်ကိုယ်တိုင်တောင် စာရင်းဇယားတွေရေးဆွဲရင် ဘယ်လက်နဲ့သန်လို့ ဘယ်လက်နဲ့ပဲဆွဲပါတယ် ........
" ကလေးဆိုတာ သူစိတ်ထက်သန်ရာနဲ့သူလုပ်ရတာ ပိုပြီးတွင်ကျယ်နိုင်ပါတယ်ဗျာ " ဒီတော့ကျွန်တော်ပြောချင်တာက " ဘယ်လက်နဲ့ရေးတတ်တဲ့ကလေးတွေ သူတို့သဘောအတိုင်းသူတို့ရေးပါစေဗျာ.".............
" မိဘတစ်ချို့နဲ့ဆရာတစ်ချို့ကို ကျေးဇူးပြုပြီး အကြံပေးဆွေးနွေးချင်ပါတယ်ဗျာ..".......။
*** ဆရာဆရာမတွေကို ဆရာအချင်းချင်း ဆရာလုပ်တာ ၊ ပုတ်ခတ်လိုခြင်း လုံးဝမဟုတ်ပါခင်ဗျာ.......။
ကျွန်တော်တို့ဆရာဆရာမတွေ ၀ိုင်းဝန်းလက်တွဲကြပါစို့နော်..........။