- မင်္ဂလာပါ သူငယ်ချင်းတို့ရေ………။ ကျန်းမာချမ်းသာပါစေကြောင်းနှင့် ထာဝရပျော်ရွင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်………. ။
- အခုခေတ်မှာတော့ လူကြီး လူငယ် အရွယ်မရွေး အွန်လိုင်းသုံးနေကျတာများပါတယ်…။ သုံးတော့ သုံးပါ .. မလွန်ပါစေနဲ့……. အွန်လိုင်းဆိုတာလဲ သုံးတတ်ရင်ဆေးပါ …။ မသုံးတတ်ရင်တော့ ဘေးတွေ့တတ်ပါတယ်….။ သူငယ်ချင်းတို့လဲ သတိထားသုံးကျစေချင်ပါတယ်…။ တမြေ တနယ်ရောက်နေတဲ့ သူငယ်ချင်း မောင်နှမ ဆွေမျိုးတွေနဲ့ဆက်သွယ်ဖို့ သုံးမယ်… ။ အွန်လိုင်းပေါ်မှာ ဗဟုသုတ နဲ့ ပညာရှာမယ်..။ ဖြူစင်တဲ့ သူငယ်ချင်းတွေရှာမယ်….။ ဖူးစာရှင်ရှာမယ်….။ အလွန်ကို ကောင်းပါတယ်..။ ဒါပေမယ့် အရှာမမှားဖို့တော့ ဂရုစိုက်သင့်ပါတယ်…။ ဖြူစင်တဲ့သူတွေရှိတယ် …။ နစ်နာစေတာမျိုးမဟုတ်ပေမယ့်လဲ ကျီစားတဲ့လူတွေလဲရှိပါတယ်…။ လိုင်းပေါ်က ကောင်လေးတစ်ယောက်ပြောဖူးပါတယ်…။ကျီစားတာက မင်္ဂလာတစ်ပါးပါတဲ့…။ ကျီစားလွန်ရင်လဲ အမင်္ဂလာဖြစ်တတ်ပါတယ်… သတိထားပီး ကျီစားစေချင်ပါတယ်..။
တခါက ကြုံခဲ့ဖူးပါတယ်….။ ဦးဇင်း တစ်ပါးပါ….. ။ လိုင်းပေါ်ကနေ ရိသဲ့သဲ့ စကားပြောပါတယ်…။
ကိုယ့်ဘက်က ဖြူစင်စွာ ပြန်ဆက်ဆံတဲ့အတွက် နောင်တစ်ချိန်ကျ သူ့ဘက်ကနေဘဲ ပြန်ပီး ၀န်ခံခဲ့ပါတယ်..။ ငါနင့်ကို နောက်လို့ရမလားလို့ ဖွင့်မပြောခဲ့တာပါတဲ့…။ ကဲ.. သူ့ကိုနင်လားငါလား ပြန်ပြောခဲ့တော့ ငရဲကြီးပီပေါ့…။ နောက်ကျ သူနဲ့စကားပြောရင် ရိုရိုသေသေနဲ့ တင်ပါ့ဘုရားနဲ့ပြောရပါတယ်..။ ဖြစ်စေချင်တာကတော့ မန်းလေးသူတို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေပါ..။ကိုယ့်ကို ခင်မင်ဖို့ လာတဲ့သူတစ်ယောက်ကိုတော့ မိုက်မိုက်ရိုင်းရိုင်း မဆက်ဆံတတ်ကျပါဘူး..။မြန်မာလူမျိုးပီသစွာဘဲ ကိုယ့်ထက်ကြီးတဲ့သူကို အစ်ကိုလို အစ်မလို ..။ ကိုယ့်ထက်ငယ်တဲ့သူကို မောင်လို ညီမလို ဆက်ဆံ ပီး သူငယ်ချင်းမိတ်ဆွေဖွဲ့ကျပါတယ်…။ ရင်းနှီးမှု့ကတော့ ကိုယ့်ဘက်က ရိုသေလေးစားသလို ဆက်ဆံရင် ကျန် တစ်ဖက်ကလဲ ဒီလောက်တော့ မရိုင်းကြပါဘူး…. ။ပီးတော့လဲ အွန်လိုင်းပေါ်မှာ သူငယ်ချင်းရှာကျတဲ့သူတွေပါ….။ သူငယ်ချင်းဆိုတာက ဆိုးအတူ ကောင်းအတူ တစ်ယောက်အခက်အခဲကို တစ်ယောက်က ကူညီဖြေရှင်းပေးဖို့မဟုတ်လား..။
အဲဒါကို အွန်လိုင်းပေါ်မှာ ဘာလို့လိမ်ချင်ကျတာလဲ…။ အိမ်ထောင်ရှိသူတွေလဲ အွန်လိုင်းသုံးတာကို တော်တော်များများတွေ့ရပါတယ်..။မသုံးရဘူးရယ်လို့ မည်သူမျှ မကန့်ကွက်ထားပါ… သူတို့လဲသုံးနိုင်ပါတယ်…။ ဒါပေမယ့် အိမ်ထောင်ရှိပါတယ်လို့ ပွင့်ပွင့်လင်းလင်း ၀န်ခံပီး သူငယ်ချင်းမိတ်ဆွေဖွဲ့တာ အကောင်းဆုံးမဟုတ်လား..။ မမှားသင့်တာမမှားရအောင်ပါ..။ တချို့ အိမ်ထောင်သည်တွေ အများဆုံး ယောကျာင်္းလေးတွေကို တွေ့ရပါတယ်…။ မိန်းကလေးတွေ ကို စကားပြောပါတယ်… သူတို့ကို သူတို့လူပျို လူလွတ်လိုနဲ့ပါ…. ။မိန်းကလေးဘက်ကတော့ အဟုတ်ထင်ပီး တော့ အွန်လိုင်းချစ်သူတွေဖြစ်သွားကျတာ များပါတယ်…။ အပြင်မှာလဲတွေ့ရတာမဟုတ် သူ့အကြောင်း ကိုယ့်အကြောင်းမသိနဲ့ အချစ်တစ်ခုထဲနဲ့ ချစ်လိုက်ကျတာပါ…။ နောက်တစ်ခုက အပျော်အနေနဲ့ သဘောထားပီး အွန်လိုင်းချစ်သူ အနေနဲ့ထားကျတာပါ…။ နောက်မှာတော့ အမှားတွေအများကြီးနောက်က လိုက်လာကျပါတယ်…။ကိုယ့်ဘက်က အပျော်အနေနဲ့သဘောထားပီး အွန်လိုင်းချစ်သူအနေနဲ့ထားလိုက်ပေမယ့် ကျန်တဲ့ တစ်ဖက်က တကယ့်ရိုးရိုးသားသားနဲ့ယုံကြည်ထားရင် ဘယ်လောက်ခံရခက်လိုက်မလဲ …။စဉ်းစားကြည့်ပါ…။ တစ်ဖက်သူဘက်ကို တွေးပီး စမယ်နောက်မယ်ဆိုရင် ကိုယ့် က သူ့နေရာမှာခဏ ၀င်ကြည့်ပေးလိုက်ပါ…။ ယောကျာင်္းလေးတွေ မိန်းကလေးတွေ အွန်လိုင်းသုံးတယ်ဆိုတာ ဗဟုသုတရှာချင်တာရှိမယ် …. ခင်မင်တဲ့ သူငယ် ချင်းလိုချင်တာရှိမယ်.. တချို့ဆို ကျောင်းစာ အတွက် အွန်လိုင်းသုံးတာ ရှိပါတယ်….။ ဖြူစင်နေတဲ့ အိနြေ္ဒနဲ့နေတဲ့ မိန်းကလေးတွေလဲ အွန်လိုင်းပေါ်မှာ ရှိပါတယ်…။ ကောင်းတဲ့ယောကျာင်္းလေးတွေလဲ လိုင်းပေါ်မှာ အများကြီးတွေ့ရပါတယ်…။ အဲဒါကြောင့် အွန်လိုင်းပေါ်မှာ မလိမ်မညာဘဲ ဘ၀အမှန်ကို ထုတ်ဖေါ်ပြောလဲ ခင်မင်နေကျမှာပါ…။ ကိုယ့်ဘက်က ဖြူစင်တဲ့ သူငယ်ချင်းလိုချင်တာမှန်ရင် ကိုယ့်ဘက်ကလဲ အရင်ဖြူစင်ရပါတယ်…။ကိုယ့်ဘက်က လဲ အရင်ပွင့်လင်းရပါတယ်…။ အဲဒါမှ တစ်ဖက်လူကလဲ ကိုယ့်ကို ပွင့်ပွင့်လင်းလင်းနဲ့ ဖြူစင်စွာခင်မင်လာမှာလို့ မန်းလေးသူကတော့ ယုံကြည်ပါတယ်..။အဲဒါကြောင့် ပြောချင်တာကတော့ အွန်လိုင်းပေါ်မှာ ဘာလို့လိမ်ချင်ကျတာလဲ..။
ဘာလို့ညာချင်ကျတာလဲ..ဆိုတာလေးပါ…။ အွန်လိုင်းဆိုတာ လိမ်လို့ရတဲ့နေရာ ….. ညာလို့ရတဲ့နေရာတစ်ခုလို ဖြစ်နေတာ စိတ်မကောင်းပါဘူး…..။အမှားများပါရင် ခွင့်လွှတ် ပေးကျပါ… ။