နွေနေ့ လည်ခင်း နေမင်း အလင်းရောင်က ပူပြင်းလွန်ပါတယ်။နွေရာသီရဲ့ ည ကောင်းကင်ယံ လမင်းကြီးက သာမြဲသာဆဲ ကျွန်တော့်
အတွေးတွေ ကလည်း လရောင်အောက်မှာ နူပျိုဆဲ။လက်ရှိ ကျွန်တော့် အသက်(25)ဆိုပေမဲ့ ကျွန်တော့် အတွေးတွေက လွန်ခဲ့တဲ့ အ
တိတ်တွေဆီမှာ ပျံ့ လွင့်နေတယ်။ယခုလက်ရှိမှာ မရှိတဲ့ ကျွန်တော့် အတွေးတွေက အတိတ်ပုံရိပ် တက္ကသိုလ်ကျောင်းသားဘ၀ဆီမှာ.
..ကျွန်တော် “စိုင်းကျော်ကျော်”ကရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လေးပါ။တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရန်ကုန်က ဦးလေးအိမ်
မှာနေပြီ အောင်ခဲ့တယ်။ဆေးမှတ်မီတဲ့ကျွန်တော်ဟာရန်ကုန်ဆေး(၂) မြောက်ဥက္ကလာပ ကျောင်းမှာတက်ခွင့်ရခဲ့တယ်။ဦးလေးက ကျောင်း
တက်ရ အဆက်ပြေစေရန် အဆောင်နေစေခဲ့တယ်။ရိုးစင်းလွန်းတဲ့ ကျွန်တော့်ဘ၀..တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ပထမခြေလှမ်းတွေနဲ့ 
မိခင်ကျောင်းတော်ကြီးကိုလှမ်းလျှောက်စဉ် နွေးထွေးစွာ ကြိုဆိုနေတဲ့ ကျောင်းကြီးရယ် တောက်ပလင်းလက်မဲ့ အနာဂါတ်ဆရာဝန်
လောင်းလျားလေး များ နဲ့  ကျောင်းတော်ကြီးကလှပနေတယ်။ အဲ့ နေ့ ကျောင်းသားဘ၀ ပထမနေ့  ကျွန်တော် တောက်ပလွန်းတဲ့
ကောင်းကင်ယံက ကြယ်စင်လေးလို လင်းလက်လှတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။စိတ်ထဲမှာ မှတ်ချက်တစ်ခု
ပေးလိုက်တယ် သူမဟာ ကျွန်တော့ဘ၀ရဲ့ ကြယ်တစ်စင်း သူမနာမည်ကို “ကြယ်ကလေး” လို့  တိတ်တခိုး နာမည်ပေးမိတယ်။ကံကောင်း
စွာနဲ့  သူမ ကြယ်ကလေး ဟာ ကျွန်တော့် လိုပထမနှစ် ကဆိုတာသိလိုက်ရတော့ ကျောင်းစတက်တဲ့နေ့ မှာ ကျွန်တော် အပျော်ကြီးပျော်
ခဲ့ရတယ်။မှတ်မိသေးတယ် အဆောင်ပြန်လမ်းမှာ ပျော်လွန်းလို့  ခလုတ်တိုက်ခဲ့တဲ့ ကျွန်တော့်ကို ကျောင်းသူတစ်စုက ၀ိုင်းဟားသွားတယ်။
ကျွန်တော် ထင်မှတ်ထားတာ သူမ ဟာ ရုပ်ရည်ချောမောလှပသည့် အတွက် နူးညံ့သိမ်မွေ့ သူလေးလို့ အမှန်တကယ်ပါ လွဲနေတာကတော့
သူမက ဆက်ဆံရေး ကျဲလွန်းတဲ့ ဘုဆတ်ဆတ် ကောင်မလေးတစ်ယောက်ပါ။ကျောင်းစတက်တဲ့ ပထမတစ်ပတ်မှာတင် သူမရဲ့ ......
“ဆံနွယ်ရွှေအိုရောင်၊အလှထိပ်ခေါင်” လို့ နာမည် ကြီးမှုတွေနဲ့ အညီမာနကြီးပြီးစကားတစ်လုံးမှပြန်မပြောတတ်တာလည်း နာမည်ကြီးလှ
ပါတယ်။ကျွန်တော့် သူငယ်ချင်း “မင်းထက်”တစ်ယောက် စကားသွားဖောင်းဖွပြောနေတာ သူမ ပြန်မပြောတော့ ငကြောင်လိုလို ဖြစ်နေ
တယ်...အဲ့မြင်ကွင်းကို ကျွန်တော် ကြည့်နေဆဲမှာ အင်္ဂလိပ်စာ ဆရာလာနေတာကို မြင်တော့ ကျွန်တော် အကြံတစ်ခုပေါ်ပြီ ဆရာ့နားကို
သွားပြီးတော့...
“ဆရာ ကျွန်တော့်ကို တစ်ခုလောက် ကူညီပါဗျာ”
“မင်းက ဘယ် year ကလည်း?ပြောလေ ဘာကူညီရမလဲ?”
“ကျွန်တော် first year ကပါ။ကျွန်တော့်ကို ဆရာ့ မျက်မှန်နဲ့ လက်ထဲက စာအုပ်တွေ ငှားပါလား ဆရာ”ကျွန်တော့် တောင်းဆိုမှုကို
ဆရာက နားမလည်စွာကြည့်ပြီ
“ဟေ...အဆန်းပါလား၊ဘာလုပ်မလို့ လဲဟ၊ဆရာက မျက်မှန်မပါရင် မင်းတို့ ကို စာသင် လို့  မရဘူးကွ”
“ဆရာ ကျွန်တော်တို့ အတန်းက အရမ်းချောပြီး မာနကြီးတဲ့ ကျောင်းသူကို ကျွန်တော် နောက်ချင်တယ် အဲ့ အတွက် ဆရာ့ အကူအညီ
လိုအပ်နေပါတယ်ဆရာ”
“ဟ..ဖြစ်ပါ့မလား၊မနေ့  ကလည်းဆရာဝင်ထားတယ်လေ”
“ဖြစ်ပါတယ် ၊ဆရာ နေမကောင်းလို့ အစားထိုးဝင်တာပါလို့  ပြောရင် ရကြမှာပါ”
“အေအေ ...အရမ်းတော့ မလွန်စေနဲ့ ”
ဒီလိုနဲ့ ဆရာ့ မျက်မှန်နဲ့ သင်ဖို့  စာအုပ်တွေကို ကိုင်ကာ နဂိုကတည်းက ပုဆိုးနဲ့ တိုက်ပုံဝတ်ထားတဲ့ ကျွန်တော်ပုံက ဆရာတစ်ယောက်
အလာပဲ....ခတ်တည်တည်နဲ့  စာသင်ခန်းထဲဝင်ကာ
“မင်္ဂလာပါ” လို့နှုတ်ဆက်တော့ မရိပ်မိတဲ့ ကျောင်းသားကျောင်းသူများက
”မင်္ဂလာပါဆရာ” နှုတ်ဆက်ကြတယ် ဒီတိုင်းဆို သူငယ်ချင်းတွေလည်း မရိပ်မိဘူးပေါ့လို့ တွေးနေဆဲ ရှေ့ ဆုံးမှာ ထိုင်တဲ့ သူမ က
“ရှင် ဒီအခန်းက ကျောင်းသားမဟုတ်လား?”
ကျွန်တော်ကြောင်သွားတယ် ၊ သူမက ကျွန်တော့်ကို ဘယ်လို သိတာလည်း၊ စာသင်ခန်းတစ်ခုလုံးလည်းဆူညံ သွားတယ်၊ ကျွန်တော့် ကို
“ဒီကောင်တော့လား ”ဆိုတဲ့ အကြည့်တွေနဲ့  ကြည်နေကြတယ် အဲ့အချိန်မှာ သူမ ကအတန်းအပြင်ကို ထွက်သွားတာမြင်တော့ ...
ကျွန်တော် သူမနောက်လိုက်ရတယ်....ကော်ရစ်တာနားမှာ ရပ်နေတဲ့ဆရာက “အိုကေ” လားဆိုတဲ့ အကြည့်နဲ့  ကျွန်တော် က
“သေပြီ ဆရာ၊သူကကျွန်တော် ကျောင်းသားမှန်းသိ” လို့ ပြောဆဲ ဆရာက
“ဟာဟိုမှာ ရုံးခန်းကို သွားနေတယ်ကွ လိုက် လိုက်” ကျွန်တော် နဲ့ ဆရာ သူမနောက်ကို လိုက်ရပါလေရော....မမှီပါဘူး ရုံးခန်းထဲရောက်
တော့ သူမ ရှင်းပြလို့  ဆရာကြီး က အားလုံးသိသွားတော့ ကျွန်တော် နဲ့ ကို ဆရာကြီးက ဆုံးမဟန်ပြင်ဆဲ သူမက...
“ဆရာက ကျောင်းသားကိုမြောက်ပေးမှု၊ တပည့်က ဆရာအဖြစ်ဟန်ဆောင်မှုတွေနဲ့  တရားဆွဲလို့ ရတယ် ဆိုတာ မသိဘူးလား?”
ဆရာက အနည်းငယ်ဒေါသထွက်သွားပြီး တစ်ခုခုပြောမယ်ကြံတုန်း ကျွန်တော်ကပဲ ပြောလိုက်မိတယ်
“မင်းက တရားစွဲလို့ ရတယ်ဆိုတော့ ဥပဒေ ပုဒ်မ တတ်ချင်တာပေါ့ တက္ကသိုလ်ကျောင်းသားဘ၀မှာ တပည့်က ဆရာအဖြစ် ဆရာက
ကျောင်းသား အဖြစ်နောက်ပြောင်မှုတွေတော့ အနည်းအကျဉ်း၇ှိတယ်ဆိုတာ မင်းမသိဘူးလား?”
“ဘာရှင့်!”
“ဟုတ်တယ်လေ မင်းက ပုဒ်မတတ်ချင်တယ်ဆိုတော့ တရားဆွဲချင်နေတာပေါ့ ဥပဒေ ကိုတော်တော်စိတ်ဝင်စားမှာပဲ မင်းကျောင်းမှား
တက်နေမိပြီ ရှေ့ နေမလေးရဲ့”
သူမက စိတ်ဆိုးဟန်ဖြင့် ကျောင်းအုပ်ကြီးထံခွင့်တောင်းပြီး အတန်းဆီပြန်သွားတယ်။ဆရာနဲ့  ကျွန်တော့်ကိုတော့ နောက်တစ်ခေါက်
မပြုမှုမိစေရန် ကျောင်းအုပ်ကြီး က သြ၀ါဒတွေနဲ့ ဆုံးမပြီး ကျွန်တော်တို့ ကို အတန်းတက်စေခဲ့တယ်။
နောက်ရက်တွေမှာ သူမက အရင်လို ရုပ်တည်ကြီးနဲ့ ကျောင်းသားမပြောနဲ့ ကျောင်းသူ ကိုတောင်စကားမပြောဘူး။အတန်းထဲမှာ တော့
သူမနဲ့ ကျွန်တော် စကားများတဲ့ သတင်းကတော့ နာမည်ကြီးနေတယ်။ကျွန်တော်ဟာ ဂွတိဂွကျနိုင်လွန်းတဲ့ သူမကို မြင်ရင်သွာ3း2ချောင်း
ဖြီးရယ်ကာ ရှေ့ နေမလေး လို့  ခေါ်ရင် သူမဒေါသေထွက်ပြီး ကျန်ရစ်ခဲ့ပုံလေးက ဘယ်ဘက်ရင်အုံမှာ ကပ်ညိစေတယ်။
ကျောင်းအုပ်ဆရာကြီးမှ ကြိုဆိုတဲ့ မောင်မယ်သစ်လွင်ကြိုဆိုဟောပြောတဲ့နေ့  ကျောင်းခန်းမ မှာ သူမထိုင်နေတဲ့ ခုံနဲ့ နီးရာခုံမှာ ၀င်ထိုင်
ပြီး မင်းထက် ကိုကျွန်တော်က စကားစလိုက်တယ်
“ဟေ့ေ၇ာင် မင်းထက် ဒိုင်ယာနာ မင်းသမီးနဲ့  မင်းအမေ ဘယ်သူပိုလှလဲ?”
“မင်းကလည်းလူတိုင်းသိတယ် ဒိုင်ယာနာလှတာပေါ့ကွ ယှဉ်ရက်တယ် လုပ်လိုက်ရင်မင်းကတော့...”
“ငါ့အတွက်တော့ ငါအမေပိုလှတယ်ကွ”
“ဟုတ်လား မင်းအမေက ဒိုင်ယာနာ ထက်ချောတယ်ပေါ့ မယုံနိုင်စရာပါလား”
“မယုံနေလေ မင်းကို ဘယ်သူယုံခိုင်းလို့ လည်း ငါပြောနေတာ ငါ့အမြင်ကိုပြောနေတာလေ”
“မင်းအမြင်မှာ ဟုတ်မှာပေါ့ မင်အမြင်ဆိုမှတော့....”
“ဟုတ်တယ် မင်းမသိဘူးလား ယောကျာ်းလေး တစ်ယောက်ရဲ့ ဘ၀မှာ မိခင်က အလှဆုံး အချောဆုံး ဒါနဲ့  ငါ့ဘ၀မှာ ဒုတိယ အလှဆုံး
မိန်းကလေး ဘယ်သူလည်း မင်းခန့် မှန်းကြည့် လေ”
“ဒါများ မင်းခုနကပြောနေတဲ့ ဒိုင်ယာနာပေါ့ ဟုတ်ဘူးလား”
“မဟုတ်ဘူး ငါ့ရှေ့မှာထိုင်နေတဲ့ ရှေ့နေမလေး”လို့  ပြောလိုက်တော့ သူမ က မတ်တပ်ရပ်ပြီး တစ်ခုခုပြောတော့မယ် အလုပ် ဆရာကြီးမိန့် 
ခွန်းပြောရန်ကျောင်းသူ ကျောင်းသားများရဲ့ လက်ခုပ်သံတွေနဲ့ ဖုံးလွှမ်းသွားတယ်။ဒီလိုနဲ့ ...ဇန်န၀ါရီ (၁၅)၇က်နေ့ မှာ အကြီးတန်းက အကို
အမများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ထပ်မံကျင်းပပါတယ် ။ပွဲလေးမှာ King နဲ့ Queen ရွှေးချယ်ပါတယ်။ “ပိုင်ဟေသီ”ဆိုတဲ့ သူမ
ဟာ အလှထိပ်ခေါင်ဆု ရရှိပါတယ်လို့ ကြောငြာလိုက်တော့ နှမြောတမ်းသ ဆွံအနေချိန်မှာ သူငယ်ချင်းတွေက ကျွန်တော့်ကို စင်ပေါ်
အတင်းဆွဲခေါ်တယ် “ဒါကတော့ King ရရှိသွားတဲ့ စိုင်းကျော်ကျော် ပါ”လို့ ကြောငြာမှာ ကိုယ့်ကိုကိုယ် King မှန်းသိလိုက်ရတယ်။
်fresher welcome အပြီး အဆောင်ပြန်လမ်းမှာ ကျွန်တော်ရင်တွေပူနေတယ် စိတ်တွေလေနေတယ် သူမ လှတာမှန်တယ် ဒါပေမဲ့
Queenတော့မရစေချင်ဘူး ဘာလို့ လည်းဆိုတော့ ကျွန်တော် ချစ်တဲ့သူမကို အများရှုစားတာမျိုး မခံစားနိုင်လို့ ပါ။
နောက်တစ်နေ့  ကျောင်းတော်ကြီးမှာ ပြောနေကြတဲ့စကားသံများ.............
“ဒီနှစ် first year က king နဲ့  Queen က ရုပ်ဆင်တာမှ တော်တော်လေးကို ဆင်တာနော် မောင်နှမတွေလားမသိဘူး“လို့  ပြောနေကြ
ဆဲကျွန်တော်နဲ့  သူမ ကဘေးနားမှာဖြတ်အသွား
“King နဲ့  Queen မောင်နှမတွေလား”လို့ မေးတော့ ကျွန်တော်က
“ဟုတ်ကဲ့ ၊ကျွန်တော်တို့ က အဖေ မတူ အမေ ကွဲ မောင်နှမတွေပါ”လို့ ပြန်ဖြေတော့ အွန်စော မမ သုံးယောက်က ပထမ သနားပါတယ်
မေးမိတာ အားနာလိုက်တာဆိုတဲ့ အကြည့်လေးနဲ့ ကြည့်တယ် ပြီးတော့မှ သေချာ ပြန်စဉ်းစားပြီး တခစ်ခစ်နဲ့ ရယ်ပြီး
“ဒို့  ကင်းသစ်လေး က အလာကြီးပါလား” လို့ ပြောတော့ ကျွန်တော်က
“ဟုတ်ပါဘူး မမတို့ ရယ် အသွားကြီးပါ ကျောင်းကို သွားနေတာလေဗျ”လို့ ပြန်ပြောမိတယ် ။
ကျွန်တော်နဲ့ သူမ အတန်းဆီကို အတူတူ သွားနေမိတယ် သူမကို ကျွန်တော် ခါတိုင်းလို မနောက်ဖြစ်တော့ပါ ဘူးဘာလို့ လည်း
ဆိုတော့ သူမ က ကျွန်တော့်ကို ပြုံးပြနေလို့ ပါ ကျွန်တော်ကလည်း အခွင့်ယူပြီးစကားစလိုက်တယ်
“ပိုင်ဟေသီ က အတန်းထဲမှာ ဘာလို့  စကားမပြောတာလဲ ?”
“ကျွန်မ ကစိတ်ရင်းနဲ့  မခင်ရင်ဘယ်သူကိုမှ စကားမပြောဘူး”
“အော် ဒါဆို ကျွန်တော့်ကိုတော့ ခင်တယ်ပေါ့။ပိုင်ဟေသီ မှာသူငယ်ချင်းကော ရှိရဲ့ လား?”
“ခင်လို့ ပြောနေတာပေါ့ သူငယ်ချင်း၇ှိတာပေါ့ သူက Law တက်နေတယ်လေ”
“လတ်ဆတ်တတ်တော့ ပိုင်ဟေသီက ရှေ့ နေသူငယ်ချင်းရှိလို့  ကျွန်တော်နဲ့  ဆရာကို တရားစွဲသွားတာပေါ့”
“မဟုတ်တာလုပ်တာကို မကြိုက်တာပါ အဲ့သဘောနဲ့ စွပ်စွဲခဲ့တာမဟုတ်ပါဘူး”
“ဒါနဲ့  ဘာလို့  ကျွန်တော့ကို ခင်တာလဲ?”
“အဖေ မတူ အမေကွဲ မောင်နှမတွေမို့ လို့ ပါ”လို့  ရွှတ်နောက်နောက်ပြော ပြီ အတန်းဆီကို သူမက၀င်သွားတယ်။
ဒီလို နဲ့  ဟိုလိုနဲ့  ကျွန်တော်နဲ့ သူမ သိပ်မကြာလိုက်ခင်မှာချစ်သူတွေဖြစ်သွားတယ်။ကျွန်တော်က သူမကို “ကြယ်ကလေး”လို့ ခေါ်တာ
ကို သူမကအရမ်းသဘောကျတယ်။သူမကပြောသေးမယ်“ ကြယ်ဆိုတာ ကြွေတတ်တယ်တဲ့ ဒါပေမဲ့ ကြယ်ကြွေတာကို မြင်ရင် ဆုတောင်း
ရတယ် အဲ့ဆုတောင်းကပြည့်တယ်တဲ့  ဒါကြောင့် သူမဟာ အခြားသူတွေဆုတောင်းတာ ပြည့်ဖို့ အတွက် ကြယ်ကလေး တစ်လုံးဖြစ်ရတာ
အရမ်းကျေနပ်တယ်တဲ့”ကျွန်တော်က သူမကို တင်စားတာကို သူမက အဲ့လို စကားကြီးစကားကျယ်ပြောသွားတဲ့ ကောင်မလေးပါ။ဇွန်လ
ရဲ့ မိုးဖွဲကျနေချိန် ကျောင်းက ခုံတန်းလေးမှာထိုင်ရင်း သူမက မေးတယ်.....
“မိုးရွာတာကို ကြိုက်လား ကိုစိုင်း”
“မကြိုက်ဘူး ကျွန်တော်က တောင်ပေါ်သားမို့ လားမသိဘူး တောင်ပေါ်မြေက နှင်းကျတာကိုပဲကြိုက်တယ်”လို့ ဖြေတော့ သူမက
“ကိုစိုင်းနေတဲ့ တောင်းပေါ်မြေကို ရောက်ဖူးချင်လိုက်တာ”
“ကျောင်းပြီးတော့ သွားလည်တာပေါ့”လို့  ကျွန်တော်က ပြန်ဖြေခဲ့မိတယ်။
ဒီလိုနဲ့  ချစ်သူရဲ့ ရွှေအိုရောင် ဆံနွယ်လေးကို နမ်းရှိုက် လက်ဖ၀ါးနုနုလေးကို ကိုင်ပြီ ကျောင်းတက်လာခဲ့တာ နှစ်တွေအလီလီပြောင်းလဲ
လာပြီး final part 2ကိုရောက်လာခဲ့ပြီ . ...မိုးတွေသည်းထန်စွာ၇ွာတဲ့နေ့  6 ရက် 6 လ ....ကျွန်တော် မနက်အိပ်၇ာထကတည်းက
စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ် ကျောင်းကိုသွားတော့လည်း လမ်းမှာ ခလုတ်တွေစွတ်တိုက်နေတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရယ်မိလေ
ရဲ့ ။ကျောင်းဝန်းထဲရောက်တော့ သူမ ကားက မရောက်သေးဘူး သူမ မလာသေးတာနဲ့ ထိုင်နေကျ ခုံတန်းလေးမှာ ထိုင်စောင့်နေဆဲ
ကားတစ်စီး အကြမ်းပတမ်းဝင်လာပြီ ကားပေါ်မှာ လှလှပပ ကောင်မလေးတစ်ယောက်ဆင်းလာတယ် ကျွန်တော့ဆီကို ဦးတည်လာ
တယ်
“ကိုစိုင်းကျော်ကျော် ကားပေးအမြန်တက်ပါ ပိုင်ဟေသီ Accident ဖြစ်လို့ ”
“ဗျာ!!!!!!သူဘာဖြစ်သွားသေးလဲ?”
“ကားပေါ်မြန်မြန်တက်ပါ”
ကျွန်တော် သူမ သူငယ်ချင်းနဲ့ ဆေးရုံကို လိုက်ပါလာခဲ့တယ်။သူမ သူငယ်ချင်းက ရှေ့နေမလေးပါ ကျွန်တော့် ကို သူမသူငယ်ချင်းက ၇ှင်း
ပြတယ် ကလေးငယ်တစ်ဦးကို ရှောင်လိုက်ချိန် Express ကားနဲ့  တိုက်မိတာလို့  ၇ှင်းပြတယ် ။ကျွန်တော် လမ်းမှာ သူမ ဘေးမသိရန်မ
ခပါစေနဲ့ လို့ဆုတောင်းရင်း လိုက်ပါလာတယ် .....ကျွန်တော့်ဆုတောင်းတွေ မပြည့်ဝခဲ့ပါဘူး ...ဆေးရုံရောက်တော့ ၀ိဥာဉ်ပျောက်နေ
တဲ့ သူမရဲ့ ရုပ်ကလပ် က ငြိမ်သက်စွာကြိုဆိုနေတယ်။“ကြယ်ကလေး” ကျွန်တော် သိပ်ချစ်ရတဲ့ သူမ ဇွန်လရဲ့ မိုးစက်တွေကြားမှာ ကျွန်
တော့် ကိုထားသွားခဲ့ ပြီ ပြန်မလာနိုင်တဲ့ လမ်းမထက်မှာ ပေါ့။....မနိုးထနိုင်တော့တဲ့သူမရဲ့ ရုပ်ကလပ်ကိုငေးရင် ...အပြင်မှာမိုးတွေသည်း
ထန်စွာရွာသွန်းဖြိုးနေတယ်။မိုးစက်တွေနဲ့  ကမ္ဘာလောကကြီး မှာ ချစ်သူက ကျွန်တော်တို့ အားလုံးကို စွန့် ခွာသွားပြီ၊မိုးနဲ့ အပြိုင်ငိုနေမိ
တယ်။မိုးလောက် သည်းထန်စွာ မငိုကြွေးနိုင်ပေမဲ့ ကျွန်တော့် နှလုံးသားမှာ ငိုကြွေးနေတဲ့ မျက်ရည်မိုး ကအပြင်ရွာတဲ့ မိုးထက်သည်း
လွန်းလှတယ်ဆိုတာ ချစ်သူ ယုံကြည်စေချင်တယ်။
ကျောင်းတော်ကြီးမှာ ဘယ်နေရာကို ကြည့်ကြည့်ချစ်သူပုံရိပ်တွေကြည့်ပါလားးးးးးအသိနဲ့  သတိကင်းမဲ့ စိတ်ဝိဥာဉ်တွေ ပျောက်ဆုံးစွာ
ကျောင်းတက်နေတဲ့ ကျွန်တော် သူငယ်ချင်းတွေထက် ခြေတစ်လှမ်းနောက်ကျခဲ့ တယ်ဆိုတာသိမှ ကျောင်းစာတွေဆီ အာ၇ုံစိုက်ပြီး
မိမိ စိတ်ကို မိမိကိုယ်တိုင် ကုစားပြီး (M.B,B.S)ဘွဲ့ ကို ရယူခဲ့တယ်။ဆရာဝန်လုပ်သက်(၁)နှစ်ပြည့်တော့ မိမိဇာတိမြေမှာ တာဝန်ပြန်ကျ
တယ်။စိတ်အာရုံတွေကို လူနာတွေဆီပုံအပ်ထားမိတယ်။သိပ်မကြာပါဘူး မိဘတွေပေးစားတဲ့ မောရှမ်းသူတစ်ယောက်နဲ့ လက်ထပ်
ထိမ်းမြှားခဲ့တယ်...သေချာတာတော့ မိဘပေးစားတာ ယူခဲ့ပေမဲ့ ကျွန်တော့်ရင်ထဲက အချစ်ဦးလေးက ပျောက်ဆုံးမသွားပါဘူး.....
(ဘယ်သူတွေ ဘယ်လောက်ပဲချောချောရင်ဘတ်ထဲက အချစ်ဦးလောက်မချောပါဘူး)။ထူးဆန်းတဲ့ ဖြစ်ရပ် တစ်ခုကတော့.............
ကျွန်တော့် ဇနီး က ကျွန်တော့်ကို သမီးလေးတစ်ယောက်မွေးပေးခဲ့တယ်။အနာမကျက်သေးတဲ့ နှလုံးသားတစ်ခုဟာ 6 လပိုင်း 6ရက်ကို
လွန်စွာနာကြည်းမုန်းတီးခဲ့တယ်။ကံဆိုးစွာလား ကံကောင်းစွာလား မသိ ကျွန်တော့ သမီးကို 6 ၇က် 6 လမှာ မွေးဖွားခဲ့တယ်။သမီးကို မချီ
ချင်လောက်အောင်စိတ်ဓါတ်ကျသွားတယ် ..သမီးငိုသံလေးကြောင့်ချီမိတယ် ...သမီးလေးက အရမ်းချစ်ဖို့ ကောင်းပါတယ် ...သမီးလေး
က “ကြယ်ကလေး”နဲ့ ရုပ်တူနေတယ်(ကျွန်တော်နဲ့ တူတာပါ ကျွန်တော်နဲ့  သူမက ရုပ်ချင်းဆင်ခဲ့တဲ့ သူတွေ)။သမီးလေးရဲ့ ချစ်စရာ့ အပြုံး
လေးကို မြင်တော့ ...သေဆုံးနေတဲ့ ဇွန် လ ၆ရက်နေ့  ရဲ့ ကျွန်တော့် နှလုံးသားက နိုးထလာပါတယ်။သမီးလေရဲ့ အပြုံးတွေနဲ့  အတူ
ပျော်စရာနေ့ လေးတစ်ရက် ပြန်နိုးထလာတယ်.“ကြယ်ကလေး”ရေ ကိုယ့် သမီးက မင်းနဲ့ သိပ်တူနေတယ်။တကယ်လို့ သာ ကျွန်တော့်
ချစ်သူ “ကြယ်ကလေး”ဟာ သေဆုံးပြီးနောက် ကောင်းကင်ပေါ်မှာ ကြယ်တွေကို ခြွေပေးရတဲ့ နတ်မိမယ်လေးဖြစ်နေခဲ့မယ်ဆိုရင်...
သေချာတယ်“ကြယ်ကလေး” ခြွေလိုက်တဲ့ ကြယ်စင်လေးဟာ “ကြယ်ကလေး”နဲ့  တူလွန်းလှတဲ့ ချစ်သမီးလေးပါ။ ဒါဆို ကောင်းကင်
ယံက ချစ်သူ ခြွေလိုက်တဲ့ ကြယ်စင် ကလေးကို ကောက်ခဲ့ တဲ့ ကျွန်တော်ဟာ......“ကြယ်ကြွေကောက်သူ”တစ်ယောက်ပေါ့ဗျာ။
******************************************************************************************************
အားပေးသွားတဲ့ ရွှေမြို့ သူချောချောလေးများနှင့် ရွှေမြို့သား ခန့် ခန့် လေးများ အားလုံးကို ကျေးဇူးအထူးတင်၇ှိပါတယ်ရှင်။
ဆက်လက်ကြိုးစားပါဦးမယ်။အားပေးမှုကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
*************************************နန်းဆောင်းလင်းမေ(လားရှိုး)**********************