ဦးအောင်နဲ့ ဒေါ်ပုတို့ မှာ ဖိုးအောင်ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်....။တစ်ဦးတည်းသောသားလေးဆိုတော့ အလို့ လိုက်ထားကြတယ်..။
ဦးမောင်ကဆိုက်ကားနင်းပြီး ဒေါ်ပုကတော့ ညနေခင်းပဲပြုတ်ရောင်းတယ်..။နေခင်းနေလည်ဆိုအ၀တ်အဌားလျှော်တယ်......။
သူတို့ လင်မယားနှစ်ယောက်ဟာ ဖိုးအောင်ကို အရမ်းချစ်ကြတယ်..။
ဖိုးအောင်၎နှစ်သားအရွယ်ရောက်တော့  ဦးမောင်ဟာအရက်သောက်များပြီးသေဆုံးသွားခဲ့ တယ်.....။
ဒေါ်ပုတစ်ယောက်သားငယ်ကိုရင်မှာပိုက်ပြီး ငိုကြွေးပြီးသားငယ်အတွက်ရတတ်ပွေခဲ့ ရတယ်.....။
ဖိုးအောင်ကျောင်းတတ်ရမဲ့ အရွယ်ရောက်တော့ မုဆိုးမဒေါ်ပုခင်ဗျာတစ်ယောက်တည်းရုန်းကန်လှုပ်ရှားပြီးသားငယ်ကိုကျောင်းထားခဲ့ တယ်။
မိခင်မေတ္တာဘယ်လောက်ကြီးမားတယ်ဆိုတာပြသခဲ့ တယ်........။
မုဆိုးမဒေါ်ပုခင်ဗျာပင်ပန်းဆင်းရဲနေပါစေသားငယ်ကိုမျက်နှာမငြိုးအောင် အလိုလိုက်အကြိုက်ဆောင်မြဲပါ.......။
ဒေါ်ပုမှာတော့ အ၀တ်လျှော်ရတာနဲ့ လက်တွေအသာမာတွေတတ်ပေါက်ပြဲနေတယ်..။ကျွန်တော်တို့ အိမ်ကိုလာပြီဆိုရင်
တဘက်ကလေးခေါင်းပေါ်တင်ပြီး ရောက်လာရင်ကျွန်တော်ကမေးဖြစ်ခဲ့တာက
အမေကြီး မပင်ပန်းဘူးလား..။လက်တွေလည်းပေါက်ပြဲနေတာပဲနော်..။ခြေထောက်တွေလည်းပွန်းပဲနေတယ်နော်....မေးလိုက်တိုင်း
အော်လူလေးရယ်အမေကြီးမှာကမင်းအကိုဖိုးအောင်ကိုကျောင်းထားဖို့ လုပ်ရတာနဲ့ စားဝတ်နေရေးအတွက်ရှာဖွေရတာနဲ့ 
ပင်းပန်းတယ်လို့ မရှိပါဘူးအိမ်ပြန်ရောက်လို့ ဖိုးအောင်မျက်နှာလေးမြင်လိုက်ရရင်ဖြင့်သောကတွေအားလုံးအဝေးရောက်ကုန်တယ်
လူးလေးရဲ့ ...........ဆိုပြီးအပြုံးလေးနဲ့ ဖြေရှာတယ်..။
ဒေါ်ပုကဖိုးအောင်ကိုရည်မှန်းချက်ကြီးကြီးနဲ့ ကျောင်းထားပေးသော်လည်းအရာမထင်ခဲ့ အောင်.....ဖိုးအောင်ကဆိုးပေပြီးမိုက်ခဲ့ တယ်..။
ဖိုးအောင်က၈တန်းရောက်တော့ ရန်ဖြစ်ပြီးကျောင်းထွက်လိုက်ရတယ်..။ဒေါ်ပုမျှော်မှန်းထားတာတွေအားလုံးပျက်ကုန်တယ်..။
ဖိုးအောင်ကတော့ ကျောင်းထွက်လိုက်ရတာနဲ့ အပေါင်းသင်းတွေမှားပြီးတနေ့ ကုန်အရက်နဲ့ မိတ်ဆွေဖွဲ့ နေခဲ့ တယ်..။
ဒါပေ့မဲ့ ဒေါ်ပုကဖိုးအောင်အပေါ်အချစ်မလျှော့ခဲ့ ပါဘူး..။တနေ့ ကုန်ပင်းပန်ပေ့မဲ့ ဖိုးအောင်အပေါ်မေတ္တာမပျက်ပဲကျွေးမွေးစောင့်ရှောက်
မြဲပါ..။
ဒါကိုဖိုးအောင်ကမသိတတ်ပဲ့ တစ်နေ့နဲ့ တစ်နေ့ ဒေါ်ပုကိုရန်ရှာပြီးအရက်ဖိုးတောင်းတယ်..။မရဘူးဆိုရင်မအေကိုရန်လုပ်ကိုအိမ်ပေါ်ကဆင်း
သွားတတ်တယ်..။တနေ့တော့ဖိုးအောင်အ၇က်ဖိုးတောင်းမ၇ပဲမအေကို၇န်လုပ်ပြီးအိမ်ပေါ်ကဆင်းသွားပြီးမူးပြီးတော့မြောင်းထဲမှာ
သေနေရှာတယ်..။ဒါကိုဒေါ်ပုကပိုက်၍ငိုနေတာကိုခုထက်ထိမျက်စိထဲကမထွက်နိုင်ခဲ့ ပါဘူး..။
ဒေါ်ပုကိုလည်းအရမ်းသနားမိတယ်..။သားအတွက်ရတတ်မအေးရတာတွေခုတော့ အေးချမ်းသွားပြီးပေါ့..။
အားလုံးကိုလေးစားခင်မင်လျှက်
သန့် ဇင်ဦး(နတ်ဆိုး)