အချစ်ဆိုတာ လူတစ်ယောက်အတွက် တစ်ခါတစ်ရံ အားဆေးတစ်ခွက်ဖြစ်သလို တစ်ခါတစ်ရံတော့ အသက်ကိုတောင် တစ်ခါထဲ ဇီဝိန်ချွေနိင်တဲ့ အဆိပ် တစ်ခွက်လဲ ဖြစ်စေနိင်တယ်...လူတစ်ယောက်ကို အရမ်းကြီးချစ်တက်ခဲ့တယ်ဆိုရင် အရမ်းကြီးလဲ ပြန်ခံစားတက်ရမယ်... ကိုယ်ချစ်ခဲ့တဲ့အချစ်လောက်ကို ခံစားမှုကလဲ တန်ပြန်ပြီး လာတက်တယ်... မခံစားရဲရင်တော့ မချစ်တာအကောင်းဆုံးဘဲ...အချစ်ရဲ့ အဓိက လက်နက်က စွဲလမ်းခြင်း ဘဲ အဲဒါကို မမေ့နိင်လို့ လူတိုင်း ခံစားမှုဆိုတာ ဖြစ်ခဲ့တာ...
ကိုယ်ချစ်တဲ့သူက ကိုယ်ချစ်သလို ကိုယ့်အပေါ်မှာ မချစ်ခဲ့ဘူးဆိုရင် ဘာအရင်လုပ်ရမလဲ... သူအပေါ်ကိုယ်ချစ်နေတာတွေကို ပြန်လျှော့ပစ်ပါ... အဲလိုမှမဟုတ်ရင် အဲဒီအချစ်ရဲ့ ခါးသီးတဲ့အရသာကို ပိုး မွေးသလို မွေးနေတာနဲ့တူတူဘဲ... အဲဒီခံစားမှုက တစ်ချိန်ကိုယ်ကို ပြန်ဒုက္ခပေးတော့မယ်ဆိုတာလဲ ကြိုသိထားသင့်တယ်... ဘ၀မှာ ဘယ်အရာမှ မစွဲလမ်းတာ ကောင်းတယ်လို့ ထင်ပါတယ်... စွဲလမ်းမှုက ဘယ်အရာကိုမှ မကောင်းနိင်စေဘူးး .......... ဂဏန်း [ အိမ်ဝေးဌက် ]