မြှားနတ်မောင်ဆိုတဲ့`နတ်´မှာ`ရုပ်ဆိုး´(ခ)`ရုပ်ချိုး´ဆိုတဲ့
သယ်ရင်းလေးတစ်ယောက်ရှိတယ်..ရုပ်ဆိုးကနာမည်လေးသာဆိုးတာပါဗျာ
ရုပ်ကတော့မလှရှာပါဘူး..အဟစ်...စတာနော်..
ရုပ်ဆိုးကြားရင်တော့`နတ်´ကိုဆဲမယ်ထင်တယ်..အဟစ်...
ရုပ်ဆိုးက တကယ်တော့အဝေးမှာအလုပ်၊လုပ်နေတဲ့မိသားစုအပေါ်သိတတ်တဲ့သားလိမ္မာလေးပါ..
`ရုပ်ဆိုး´နဲ့`နတ်´ကဒီရွှေမြို့တော်ထဲရောက်မှခင်ကြတဲ့သယ်ရင်းတွေပါ..
ဒီအတွက်ရွှေမြို့တော်ကိုလည်းကြုံတုန်း`နတ်´ကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာ..
ရုပ်ဆိုးနဲ့`နတ်´က လူတစ်ယောက်နဲ့နတ်တစ်ပါးဆိုပေမဲ့ပွင့်လင်းကြတယ်ဗျ..အဟစ်..
ရုပ်ဆိုးကပွင့်လင်းဆိုအီအီးပါတာတောင်တခါးမပိတ်တဲ့သူလေ..
အဟစ်..`နတ်`ကလည်းပွင့်လင်းဆိုနတ်ဝတ်တန်ဆာတောင်မပါဘူး..
`နတ်`အောက်ပိုင်းမှာဝတ်ထားတာတောင်ကျီးကန်းတွေလိုက်ဆိတ် မှာစိုးလို့လေ..အဟိ..
အဲ့လိုပွင့်လင်းကြတာ..
ဟိုတစ်လောကတော့ရုပ်ဆိုးက`နတ်´ကိုကျောတယ်သူ့ကောင်မလေးနဲ့အဆင်မပြေဘူးတဲ့
ရုပ်ဆိုးကောင်မလေးကရုပ်ဆိုးကိုစိတ်ကွေးတယ်ဆိုလားစိတ်ကောက်တယ်ဆိုလားပြောတယ်ဗျ..အဟိ..
ရုပ်ဆိုးကအဲ့လိုပြောတော့`နတ်´ကကူညီချင်တာပေါ့..ဒါပေမဲ့`နတ်´ကရုပ်ဆိုးဆီသွားဖို့လမ်းစရိတ်နရှိဝူးလေ..
ဘယ်လိုသွားရမှန်းလဲနတိဘူး..
ဘယ်လိုပြောရမလဲ`နတ်´ မကူညီနိုင်ဘူးပေါဗျာ..
ဒါပေမဲ့`နတ်`စဉ်းစားတယ်ရုပ်ဆိုးလိုထမင်းချက်ဟင်းချက်ကောင်းတဲ့သူကိုသူ့ကောင်မလေးကငါးပိရည်နဲ့ထမင်း
မကျွေးလို့စိတ်ဆိုးတာလား...
ကန်စွန်းရွက်ကြော်ဆီမပါလို့စိတ်ဆိုးတာလား...ထမင်းကမနပ်ဘဲပြဲသွားလို့စိတ်ဆိုးတာလား..အမျိုးမျိုးပေါ့ဗျာ..အဟိ..
ရုပ်ဆိုးကထမင်းချက်ဟင်းချက်ကောင်းလို့တခါတလေအမြဲတမ်းအဲ့လိုဖြစ်တတ်တယ်လေ..
ဒါပေမဲ့`နတ်´တွေးတာ မှားသွားတယ်ဗျ..ရုပ်ဆိုးကိုသူ့ကောင်မလေးစိတ်ဆိုးတာအမှန်က..
မျက်မှန်တပ်ပြီးနှုတ်ခမ်းမွေးမရိတ်လို့တဲ့..အဟိ..နမ်းရင် နှုတ်ခမ်းမွေးကစူးလို့ထင်တယ်..
.နောက်ပြီးရှိသေးတယ်ရုပ်ဆိုးကသူ့ကောင်မလေးကိုကြည့်ရင်ပြူးပြီးကြည့်လို့တဲ့..အမြဲတမ်းအဲ့လိုဘဲ
ကြည့်တယ်တဲ့လေ..
ရုပ်ဆိုးကောင်မလေးကကြာတော့ကြောက်လာတယ်တဲ့..`နတ်`လည်းဘာမှနတိပါဘူး..
ဟိုတစ်နေ့ကမှရုပ်ဆိုးကောင်မလေးနဲ့...အိမ်မက်ထဲမှာပိုကာဒေါင်းရင်းစကားကြုံလို့တမင်ပြောပြသွားတာပါ...အဟိ...
ရုပ်ဆိုးကိုပြန်မပြောပါနဲ့လို့လည်းမှာသွားသေးတယ်..
`နတ်´ကလည်းကတိတည်ပါတယ်ပြန်မပြောပါဘူးလို့..အဟိ..
အခုကပြောတာနဟုတ်ဝူးနော်..ရေးတာ...အဲ့ဒါ..သယ်ရင်းတို့ကစကားကြုံရင်ရုပ်ဆိုးကို..
တမင်ပြောပြပေးနော်..အဟိ..နတ်ကတော့နကြောဝူး..ဆဲမှာကြောက်လို့...ဒါဘဲနော်
နောက်မှရုပ်ဆိုးနဲ့`နတ်´အကြောင်းဆက်ပြောပြမယ်..အဟစ်...
ရုပ်ဆိုးရေ`နတ်´ကိုဆဲရ၀ူးနော်..`နတ်´ကိုဆဲရင်..ရုပဆိုးထမင်းချက်တဲ့အခါတိုင်းပြဲပါစေ...အဟစ်