Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပိုးဥမရေ..အိမ်ဖေါ်လေးတစ်ယောက်လောက် ငှားပါလား..

$
0
0
ဒီကနေ့ တနင်္ဂနွေ ရုံးပိတ်ရက်..အိမ်မှာလူစုံတက်စုံ
တမနက်လုံး မန်နေဂျာမကြီး ပိုးဥမရဲ့ စီမံခန့်ခွဲမှုကလည်း ပီပြင်သလားမမေးနဲ့..
လျှော်လိုက်စမ်းဟေ့ ကောင်းကောင်း.. စောင်တွေ ခြင်ထောင်တွေ..
တစ်ပတ်စာဈေးဝယ်မယ်ဆို..သူကပိုက်ဆံအိပ်လေးချိုင်းကြားညှပ်..ရှေ့ကကော့လန်ကော့လန်
အောင်ထက်ကြီးကတော့ ဈေးခြင်းလေးကိုင်နောက်က လိုက်ခဲ့ ကုပ်ချောင်းချောင်း..
မနက်စာ စားသောက်ပြီးမှ.. ခေတ္တအားလပ်ချိန်ရပါတယ်..။

ဧည့်ခန်းကြမ်းပြင်ပေါ် သင်ဖြူးချောလေးခင်း.. ကြောလေးဆန့်
သားလေး..ဂျူနီယာ အောင်ထက်ကို..ဗိုက်ပေါ်တင်..ဒီလိုသီချင်းလေးဆို..
“ ရွှေလက်ခုပ်ကြီး အုပ်ခါတီး..ငှက်ပြောသီးမှည့်မှည့်စားရအောင်..” ဆိုတဲ့သီချင်းလေးနဲ့
သားလေးကို လက်ခုပ်တီးသင်ပေးနေပါတယ်..။

ပိုးဥမက..ကွန်ပျူတာစာပွဲမှာထိုင်ရင်း အင်တာနက်ကို အပိုင်စီးထားပါတယ်..
ခုတလော ပိုးဥမ အတော်အချိုးပြောင်းနေပါတယ်..
ဒေါ်အောင်ဆန်းစုကြည်..ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်သတ်အနိုင်ရလို့
လွှတ်တော်ကော်မတီတစ်ခုမှာ..ဥက္ကဌ ဖြစ်ကတည်းက ပိုးဥမကကြားထဲကနေ
အသားလွတ်ဘ၀င်မြင့်လေသလား မသိပါဗျာ..ခုလည်းပြောပုံကြည့်လေ..



ပိုးဥမ။…….…။ အောင်ထက်..ကလေးကိုဘာတွေ သင်ပေးနေလဲ..
ကျွန်တော်။….။ လက်ခုပ်တီးတတ်အောင်လေဟာ..

ပိုးဥမ။………..။ အခန်းနားတွေမှာ..ဟုတ်လဲတီး..မဟုတ်လဲတီးတတ်အောင်လား..ဟဟ
ကျွန်တော်။.….။ ပေါက်ကရဟယ်…နင်ရောခု ဘာတွေဖတ်နေတာလဲ..

ပိုးဥမ။………...။ ချစ်သူမြို့တော်ဆိုက်ထဲမှာ..နင်ရေးတဲက ပို့စ် တွေလေဟာ..
ကျွန်တော်။…..။ ဘယ်နဲ့လဲ..အောင်ထက်ကို အတော်ကြိုက်တယ်မို့လား..

ပိုးဥမ။………...။ လုံးဝမကြိုက်ဘူး..နင့်စာတွေ လူတန်းစားလက္ခဏာ တစ်ခုမှမပါဘူး..
ကျွန်တော်။…..။ ဟဟ..နင်ပဲ အစကတော့..ပိုးဥမ ဇာတ်လမ်းတွဲတွေ ကြိုက်လှဆို..

ပိုးဥမ။………...။ အဲဒီတုန်းက သမီးရီးစားဘ၀..ခုက..အိမ်ထောင်သည်လေဟာ..
ကျွန်တော်။.….။ နို့..ငါက ဘာတွေရေး၇မှာတုန်း..

ပိုးဥမ။………...။ မြန်မာပြည်မှာ..တိုးပွားလာတဲ့..လူလတ်တန်းစားပြဿနာတွေ ရေးသင့်တယ်
ကျွန်တော်။.….။ ခိခိ..လုပ်ပါအုန်း..ဂိုချောက်တောင်ရယ်..လူလတ်တန်းစားကို
ဘယ်လိုသတ်မှတ်မလဲ..

ပိုးဥမ။………...။ အေးမသိရင်မှတ်ထား..လူလတ်တန်းစားဆိုတာ ကမ္ဘာမှာတော့
ဝင်နုန်းထားတစ်ခုနဲ့ သတ်မှတ်ထားတယ်..
ကျွန်တော်။…..။ ဟုတ်ပါပီ..သုခမိန်ကြီးရယ်..မြန်မာပြည်မှာတော့ရော..ဘယ်လိုသတ်မှတ်မလဲ

ပိုးဥမ။………...။ မြန်မာပြည်ကတော့..ခိခိ..ငါလဲမသိဘူးဟ..ဒါပေမဲ့လူလတ်တန်းစားကို..
ဂရုမစိုက်တဲ့အစိုးရ ပြုတ်ကျတတ်တယ်ဟ
ကျွန်တော်။…...။ ပိုးဥမ..နင်လဲ ငါနဲ့ရမှ..အတွေးခေါ်တွေ တိုးတက်လားပါလားဟ..

ပိုးဥမ။………..။ သေပါလား..မီးဖိုချောင်ထဲနေပေမဲ့..ငါဘွဲ့ရတစ်ယောက်ဆိုတာ..
မေ့နေလား..ဟဟ
ကျွန်တော်။.. ….။ ခုလဲတို့လိုလူလတ်တန်းစားတွေမဆိုးပါဘူးဟယ်..

ပိုးဥမ။………...။ နင်..တစ်လ..ငါကို ပိုက်ဆံ ဘယ်လောက် အပ်လဲ..ပြော..
ကျွန်တော်။…....။ တစ်သိန်းခွဲ..ရသမျှ..အကုန်လေဟာ..

ပိုးဥမ။…………..။ အေးခု..မီတာခ..မီးရထား..စာပို့ခအကုန်ဈေးတက်နေတယ်..
အစိုးရကြီး..ရှုံးနေလို့တဲ့..
ကျွန်တော်။…….။ အေးလေ..အခွန်ငွေတွေရတော့တို့လူလတ်တန်းစားတွေလဲ..
အလိုလို မြင့်လာမှာပေါ့ဟာ..ကောင်းတာပေါ့..

ပိုးဥမ။………....။ မြင့်တာနောက်..မနက်ဖန်..မီတာခဆောင်ရမယ်..သားလေးကျူရှင်ခ..
ဖုန်းကပ်လဲ ကုန်တော့မယ်..
ကျွန်တော်။…...။ အယ်ခုမှသတိရတယ်..ချစ်သူမြို့တော်မှာ..မင်္ဂလာဆောင်တွေလည်း
သီတင်းကျွတ်ရင် လာကြအုန်းမယ်..ဟိုအပျိုကြီးတွေ..

ပိုးဥမ။………....။ အက်မင် အပျိုကြီးတွေ လား..ခိခိ
ကျွန်တော်။…….။ အေးလေဟာ..အမြစ်ဆုံတုံးကြီးတွေ..မေသဇင်ရယ်..မှုံမှုံရယ်..ရှင်းသန့်ရယ်

ပိုးဥမ။………....။ ကဲ..ကိုလူလတ်တန်းစားဘယ်လိုလုပ်ကြမလဲ..လောလောဆယ်..
ရွှေပြည်တော်ကတော့..မျှော်လေတိုင်း ဝေးနေတုန်းပဲနော်..။
ကျွန်တော်။…….။ လူလတ်တန်းစား.livingstyle မြင့်လာအောင်
အိမ်ဖေါ်တစ်ယောက်လောက်ငှားပါလားဟေ

ပိုးဥမ။…………..။ အောင်ထက်..နင့် ဥာဏ် ဒါအကုန်ပဲလား..
ဘလော့ ခံချင်နေပီထင်တယ်..
ကျွန်တော်။….….။ ခိခိ..လုပ်ပါနဲ့ဟယ်..နင်ကလဲ..

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>