ချစ်သူမြို့တော်အတွင်းမှ..ညီအစ်ကိုမောင်နှမ..အက်မင်များ..မင်ဘာများခင်ဗျား..
သြဂုတ်လ(၁၈)ရက်နေ့က..ကမ္ဘာ့ဘလော့ဂါနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်လေးတစ်ခု
ပြုလုပ်ပေးဖို့စိတ်ကူးရခဲ့သဖြင့်..စကားစစ်ထိုးပွဲလေးတစ်ခုပြုလုပ်ရန်
ဆိုက်အတွင်းကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည် ။
အဆိုခေါင်းစဉ်ကို..ကျွန်တော် အောင်ထက်မှ..ရွေးခြယ်ခဲ့ပါသည် ။
အဆိုမှာ..
“ အွန်လိုင်းမီဒီယာသည်..ပုံနှိပ်မီဒီယာထက်..ဘ၀အပြောင်းလဲကိုပိုမိုဖန်တီးနိုင်သည်..”
ဖြစ်ပါသည် ။
ကျွန်တော်၏..ပေါ့လျော့မှုကြောင့်..ထိုအဆိုနှင့် သဘောသဘာဝတူသော..ခေါင်းစဉ်ဖြင့်
ဆိုက်တစ်ခုတွင်..ဆွေးနွေးပြီးဖြစ်နေခဲ့သည်ကို..မသိရှိခဲ့ရပါ ။
အဆိုခေါင်းစဉ်ခြင်း..တိုက်ဆိုင်စွာ..သဘောသဘာဝတူသွားရခြင်းမှာလည်းရိုးသားစွာဖြစ်ပါသည်။
သို့ပါ၍..စကားစစိထိုးပွဲ..( debate ) ကို..ယခုလောလောဆယ်..မကျင်းပဖြစ်တော့ကြောင်း
စိတ်မကောင်းစွာဖြင့်..ချစ်စွာသော အက်မင်များ..မင်ဘာများအား..အသိပေးတောင်းပန်အပ်ပါသည် ။
အခြား..အဆို..ခေါင်းစဉ်ဖြင့် သင်လျော်သောရက်တွင် သီးသန့်ပြုလုပ်ပေးသွားပါမည် ။
နားလည် ခွင့်လွှတ်ပေးကြပါရန်
လေးစားစွာဖြင့်
အောင်ထက်