အမှန်တကယ်သိစေချင်လှပါသည် ။ မှုံ တို့ မြန်မာလူမျိုးတွေဟာ အစွဲကြီးလွန်းသူတွေမို့ေ၇ှးရိုးအစွဲတခုဖျက်ရန်ခက်ခဲလှပေသည် ။
သို့သော် ယခု အစွဲလေးကိုတော့ ဖျက်စေချင်လှပါသည် ။
မေတ္တာရှင်ရွှေပြည်သာရဲ့ စာအုပ်လေးတအုပ် ဖတ်မိခဲ့ပါသည် ။ ဆရာတော်က စာရေးကောင်းသူမို့ အလွန်စွဲဆောင်နိုင်ပါသည် ။ ဆရာတော်ရဲ့ စာသားတွေက ထိမိလှသည် ။ မှတ်သားစရာတွေ အများကြီး တွေ ခဲ့သော်လဲ ယခု စကားလေးကတော့ သူငယ်ချင်းတွေကို ပြန်လည်မျှဝေချင်စိတ် တားမရသောကြောင့် ဒီစားလေး ရေးဖြစ်ခဲ့ပါသည် ။ ဆရာတော်ရဲ့ စာအုပ်ကိုမှီငြမ်းခဲ့ပါသည် ။
မှုံတို့ တွေ ယခင်ကရော ..
ယခု ရော လက်တွေ့ကျကျအသုံး ပြုနေသော စကားပုံလေးတခု ရှိပါသည် ။
“ မုသားမပါ လင်္ကာမချော ”တဲ့
အဲ့ဒီ စကားပုံဟာ အလွန်ပဲမှားယွင်းနေပါသည် ။ ဘယ်ရှေ့ လူကြီးကမှ မထားခဲ့ဘူးပါ ။ စကားလုံးကို မှားယွင်း ရွတ်ဆိုရာမှ အလွန်ကြီးသော အမှားကြီးသို့ ရောက်ခဲ့ရပါသည် ။
အမှန်က “ မုတမပါ လင်္ကာမချော” ပါ မုတ ဆိုတာ ကဗျာ ၊ လင်္ကာ စပ်ရာမှာ ပါရသော ကာရန်လို့ စကားလုံး အသုံးအနှုန်းလေးပါ ။ အဲ့ဒါကို မှားယွင်း ရွတ်ဆိုရာမှ အကြီးအကျယ်ပဲ မှားမိခဲ့ကြပါသည် ။ ယခု ဆိုပါလျှင် လူတိုင်းပါးစပ်ဖျားမှာ ရှိနေသည် ။ မှားယွင့်စွာလဲ ကျင့်သုံးနေကြပါသည် ။ အလွန်အကျိုးယုတ်စေသော စကားပုံဖြစ်သွားခဲ့ပါသည် ။ မုသားဆိုတာ သီလ ငါးပါးထဲက တပါးအပါအ၀င် ကိုလူတိုင်းသိပြီးသားပါ ။ ထိုစကားပုံက မုသာဝါဒ ကို လွယ်လွယ်ချိုးဖောက်အောင် အထိ စွမ်းဆောင်နိုင်ပါသည် ။ ရှေးစကားပုံ အဖြစ် ဘုရားရှင်ကပဲ ထားသလိုလို အထိ ယုံကြည့်စွာ ပြောဆိုနေကြပါသည် ။ စစ်စင်တွေးကြည့်ပါလျှင် မှုံတို့ မြတ်စွာဘုရားက သီလ ဆောက်တည်ပါ။ ဘာဝနာပွားများပါ လို့ ထပ်တလဲလဲ မှာ ကြားသွားခဲ့ပါသည် ။ ဒီလို စကားပုံကို ထားခဲ့ပါမည်လော့ ။ စဉ်းစားကြည့်လျင်တောင် အဖြေပေါ်ပါသည် ။ သို့သော် မှုံ့တို့ အဘိုး ၊အဘွားတွေက အစ အသုံးပြုခဲ့တာမို့ ဘယ်သူကမှ စစ်ဆေးတွေးတောခြင်း မပြုပဲ ဆက်လက်သုံးစွဲနေကြပါသည် ။ ယခု မူ ဆရာတော်တွေက အမှန်ပြင်ပေးနေပြီ ။ အမှန်ဆိုတာလဲ လက်ခံသင့်လှသည်မို့ ထို ရှေးအယူကြီးကို ပယ်ဖျောက် သင့်လှပါသည် ။
မုသာဝါဒသည် ကျူးလွန်ဖို့ လွယ်ကူသလောက် အပြစ်လဲ အလွန် ကြီးပါသည် ။ ထိုစကားပုံကြောင့် အပြစ်ပဲ မရတော့သလိုလို ထင်ရောင်ထင်မှားတွေကို ယနေ့က စ ဖျောက်သင့် လှပါပြီ ။
“ မုသားမပါ လင်္ကာမချော ”
ဆိုတာ လုံးဝမှားယွင်းနေပါကြောင်း ..
တဆင့်စကား တဆင့်ကြားနှင့် ပြော ကြားပေးပါရန် လေးနက်စွာ တောင်းဆို ချင်ပါသည် ။
ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့် ...
မှုံနံ.သာဖြူ ...