Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

******ဂဏန်းတွေနှင့်သူမ******

$
0
0

လူတစ်ယောက်ရဲ့ဘ၀တွင် မည်သည့်အရာက အရေးပါဆုံးလဲဆိုတာ အတော်ထော်လော်ကန့်လန့် နိုင်လွန်းတဲ့မေးခွန်းတစ်ခုပါပဲ

ကျွန်တော်တွင် အရေးပါတဲ့အရာများရှိသလို အရေးမပါဘူးလို့ အများသတ်မှတ်ထားသောအရာများစွာလည်းရှိပါသည်

ကျွန်တော် (အိမ်မက်တစ်ခု) မက်သည် အဲ့ဒီ (အိမ်မက်တစ်ခုကို) မှတ်မိပြီးစွဲလန်းသည်

သို့သော် ခဏတာ အဖြစ် ကျွန်တော်သတ်မှတ် (ထား) သည်……

ကျွန်တော်တွင် အလွန်ကြိုက်နှစ်သက်သော (အကျီတစ်ထည်) ရှိသည် အခုတော့ အရောင်တွေလွင့်ပါးသွားခဲ့ပြီ ဘာကြောင့်ဆိုသော် နှစ်ခြိုက်လွန်းလို့ ခဏခဏ (၀တ်) ဖြစ်သည် အရောင်တွေလွင့်သွားခဲ့သော်လဲ (ည၀တ်အကျီ) အဖြစ် ဆက်လက် (၀တ်မြဲဝတ်) နေသေးသည်…..

ကျွန်တော်တွင် နှလုံးသားတစ်ခုရှိသည် ဆေးပညာအရဆိုလျှင် နှလုံးသားတစ်ခုလုံးကို အခန်းလေးခန်းနှင့်ဖွဲ့စည်းထားသည်ပာုဆိုသည် ….ကျွန်တော်နှလုံးသားထဲက အခန်းလေးခန်းလုံးကိုတော့ သူမကို အငြိမ်းစားပေးထားခဲ့ပြီးပြီ ကျွန်တော် စီးပွားရေးသမားမပာုတ်ပါ….သို့ပါသော်လည်း သူမကတော့ သချာင်္ဂဏန်းတွေနှင့် ဘ၀တွင်ယဉ်ပါးခဲ့ပြီး နှလုံးသားကိုပါ အုတ်မြစ်ချခဲ့ပုံရသည်….သူမနှလုံးသားထဲကအခန်းလေးခန်းကိုတော့ ကျွန်တော့်ကိုမောင်ပိုင်ပေးခဲ့သည်။ သို့သော် စာချုပ်အတုတွေနဲ့သာနှစ်သိမ့်စေခဲ့ပြီး ကျန်သုံးခန်းအပါအ၀င် မိမိမောင်ပိုင်ရထားတဲ့အခန်းကိုတောင် တိုးချဲ့ပြီး စနစ်ကျကျအကွက်မြင်ပြီး မျက်စောင်းခဏခဏ ထိုးနေပါသေးတယ်….ဒါတင်ပဲလား ဘယ်ပာုတ်ပါ့မလည်း ဆက်လက်တန်းစီးပြီးအလှည့်ကျ ကံစမ်းမဲပါဖောက်လို့ တစ်ခါတစ်ခါ သူမကလုပ်သေးတယ် ရာသီအလိုက် ပရိုမိုးရှင်းတဲ့……သူမနှလုံးသားအလွန်ပင်ဈေးကြီးပါသည်

အမှန်ပြောရလျှင် လျှာဖြားလေးကပြောတဲ့စကားမပာုတ်ပါ

မှင်တွေအရမ်းပေါနေလို့လည်း အက္ခရာထင်လာခြင်းမပာုတ်ပါ

အမှောင်ကျနေတဲ့အခန်းမှာ ကွန်ပြူတာတစ်လုံးကို လက်အညောင်းပြေ လှုပ်ရှားနေခြင်းလဲမထင်စေချင်ပါ……

သူမရဲ့စီးပွားရေးကိုသိသိနဲ့ ချစ်နေမိပါသည်…..

သူမရဲ့နှလုံးသားအခန်းငယ်တွေကို သိမ်းကြုံးဝယ်လို့ရအောင် ကျွန်တော်ကလည်း ကမ္ဘာပတ်ပြီး ဒေါ်လာတွေမှ မမျှားခဲ့တာ…….

ရတဲ့အချိန်လေးမှာ ပျော်အောင်နေရင်း သူနဲ့အတူသောက်ခဲ့တဲ့ ကော်ဖီအေးတစ်ခွက်က သူမအတွက် ဂဏန်းတွေရဲ့နောက်က သုည(၀) လေးတွေလောက်တောင် ဘယ်လာစွဲဆောင်မှု့ရှိပါ့မလဲ ………အဲ့ခါက သူမရဲ့အပြုံးကို မျက်လုံးထဲမှာ ထာဝရသိမ်းထားလိုက်တာ သူမမသိခဲ့ဘူးလေ…..သိဖို့လည်း ကြိုးမှမကြိုးစားခဲ့တာ

တိတ်တဆိတ်ကြံစည်မှု့တွေဖြစ်ပေါ်ခဲ့တာ စိတ်မကောင်းခဲ့ပါဘူး။ကိုယ့်ဒဏ်ရာကိုယ်သွေးတိတ်စေဖို့အတွက်တော့ ချစ်ခြင်းတရားတွေကို ခက်နက်နက်လေးသားတူဆွမိခဲ့ပါတယ်….အဲ့တာသူမတန်ဖို့မထားခဲ့တဲ့ ကိုယ့်နှလုံးသားကိုမြုပ်နှံဖို့အတွက်လေ…..

အဲ့နေ့က သူမကိုပြောင်းလဲသင့်နေပြီးလို့ပြောတော့ ပြောနေကျအတိုင်းပဲ (အားနာလို့ပါတဲ့ ) ပာုတ်ပါတယ် ကျွန်တော်လဲ သူမလိုအားနာပြီး အခန်းတွေကိုစွန့်ခွာလိုက်ပါပြီ စိတ်ကြိုက်ဈေးနှုန်းတွေနဲ့ ကစားလှည့်ပါတော့  ထိုအချိန်ကစပြီး သူမရှိတဲ့အရပ်ကိုမျက်နှာချင်းတောင်မဆိုင်ပဲကျောခိုင်းပစ်လိုက်တယ် မုန်းလို့မပာုတ်ပါဘူး အားနာလို့ပါ ခုချိန်လောက်ဆိုရင်တော့ ကြာခဲ့ပြီပေါ့……….

တစ်ချိန်ချိန်မှာတော့ အခန်းတစ်ခန်းထဲမှာ သောက်ခဲ့မိတဲ့ကော်ဖီအေးတစ်ခွက်ကိုလွမ်းမိလာခဲ့ရင် အနီးနားက ကော်ဖီဘားမှာ နှစ်ခွက်ဆင့်သောက်ပြီး လက်ကျန်ခရီးကိုဆက်လိုက်ဦးမယ်……

တစ်ခါတစ်လေ လက်တန်အရှည်၅မိနစ်သွားရမဲ့နေရာကို လက်တံအတို၁နာရီလောက်သွားရသလို နည်းနည်းတော့ကြာတာပေါ့လေ

ပန်းတွေနဲ့ပဲ စီစီ၊အလွမ်းတွေနဲ့ပဲ သီသီ တစ်ခုတော့အမှာခြွေခဲ့ချင်သေးတယ်

သူမလျှောက်တဲ့ခြေလှမ်းတိုင်းမှာ ရွှေရောင် ငွေရောင် ကျောက်သံပတ္တာမြားရောင်တွေ လက်နေပါစေလို့ …..

ကျွန်တော်တွင် (မိန်းခလေးတစ်ယောက်) ရှိသည် အဲ့ဒီ ( ကောင်မလေးကို ) မှတ်မိပြီးစွဲလန်းသည် သို့သော် ခဏတာ အဖြစ် ကျွန်တော်သတ်မှတ် ( လိုက် ) သည်……

ကျွန်တော်တွင် အလွန်ကြိုက်နှစ်သက်သော ( ……) အခုတော့ အရောင်တွေလွင့်ပါးသွားခဲ့ပြီ ဘာကြောင့်ဆိုသော် နှစ်ခြိုက်လွန်းလို့ ခဏခဏ (…..) ဖြစ်သည် အရောင်တွေလွင့်သွားခဲ့သော်လဲ (……) အဖြစ် ဆက်လက် (…..) နေသေးသည်…

L@t Y@r


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>