Express Tines ဂျာနယ်တွင် မေသဇင်ဆွေရေးသားသော ဒါရိုက်တာ ကြည်ဖြူသျှင်နှင့်
တွေ့ဆုံမေးမြန်းခန်းကိုမဖတ်ရသေးသူများအတွက် ပြန်လည်တင်ပြလိုက်ပါသည် ။
မှတ်ချက်။ ။ စာသားမများရန် အဓိကလိုအပ်မည့်စာသားများကိုသာ ဖော်ပြပေးတားပါသည်။
မေးသူ.....ငယ်ငယ်ရွယ်ရွယ်နဲ့  အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ..?
ကြည်ဖြူသျှင်.....အမကသိပ်တော့ ဥာဏ်မကောင်းဘူး။ ဒါပေမယ့် ဖြတ်ထိုးဥာဏ်တော့ ရှိတာပေါ့လေ...
အဓိက ကြိုးစားမှုနဲ့  ရိုးသားမှုကြောင့် နေရာတစ်ခုရလာတာပါ။ နောက်တခုက ငါဟာ ငါတို့အမျိုးသမီးတွေအတွက်
ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့တာပါ။
မေးသူ.....အမလိုပဲ အောင်မြင်ချင်တဲ့မိန်းခလေးတွေကို ဘာပြောချင်လဲ...?
ကြည်ဖြူသျှင်..... မိန်းကလေးတွေကို ပြောချင်တာက လူတိုင်းအမှားနဲ့ မကင်းပါဘူး အမှားလုပ်ခဲ့မိရင် ပြင်ဖို့
အချိန်မှီပါတယ်။ တောက်လျှောက်မှန်လာတဲ့မိန်းကလေးတွေလဲ ဆက်ပြီးတော့မှန်အောင်ကြိုးစားပါ ။
ဘယ်လိုအကြောင်းမျိုးနဲ့ မှ ကိုယ့် Character မပျက်စီးပါစေနဲ့ ။ သူများမိုးခါးရေသောက်တိုင်း ကိုယ်မသောက်ပါနဲ့ 
အခုခေတ်လူငယ်တွေက တော်ကြပါတယ်။ Bright ဖြစ်တယ်။ လူငယ်အားလုံး ကြိုးစားပါ ရိုးသားပါ
ကိုယ်ကျင့်တရားထိန်းကြပါ။
မေးသူ........အမပတ်ဝန်းကျင်မှာ ရှိတဲ့ မင်းသမီး မော်ဒယ်စတဲ့ မိန်းကလေးတွေက ခေတ်အခြေအနေအရ ၀တ်စား
ဆင်ယင်မှုတွေပြောင်းလဲနေတယ် အမကတော့ မြန်မာဝတ်စုံပဲဝတ်တာတွေ့ရတဲ့ အတွက် စံပြဖြစ်အောင်ဝတ်ချင်တဲ့စိတ်
ကို ထိန်းချုပ်ထားတာလား ဒါမှမဟုတ် နဂိုကဒီလိုပဲနေချင်လို့လား။
ကြည်ဖြူသျှင်.......အမ ဒါရိုက်တာစလုပ်ကာစက ဘောင်းဘီဝတ်တယ် ။ ထဘီမ၀တ်တတ်ဘူး။ ပထမဆုံး
စ၀တ်တာက တရုတ်ပြည်ရွှေကြက်ဖပွဲကို ကိုယ်စားလှယ်အနေနဲ့ သွားရချိန်မှာ မိန်းကလေးက အမတစ်ယောက်ပဲပါ
တယ်။ အဲဒီမှာဦးကျော်သူရဲ့အဖေ ဥက္ကဌ ဦးစိန်တင်က ပြောတယ်။ ဒါနိုင်ငံကိုယ်စားပြုသွားရမှာမို့ ထဘီဝတ်ရမယ်။
ဘောင်းဘီဝတ်ခွင့်မရှိဘူးတဲ့။ အမတော်တော် စိတ်ညစ်သွားတယ။် မ၀တ်ချင်ဘူး မလွတ်လပ်ဘူးလို့ ထင်တယ်။ ဒါပေမဲ့
လူကြီးခိုင်းလို့  ၀တ်ရမယ်ဆိုတော့ ချိတ်ထက် တိုင်းရင်းအစတွေဖြစ်တဲ့ နာဂ ချင်းစတဲ့ ၀မ်းဆက်တွေ ချုပ်သွားတယ် ။
တရုတ်ရောက်တော့ ၀တ်စုံကိုကြည့်ပြီး အရမ်းအထင်ကြီးလေးစားကြတယ်။ နေခဲ့တဲ့ တစ်လျှောက်လုံး မြန်မာလိုပဲ ၀တ်
ခဲ့တယ်။ ၀တ်လဲဝတ်တတ်သွားတယ် ။ ငါ့တို့ ဗမာအ၀တ်အစားကလဲ တင့်တယ်တာပဲလို့  ပထမဆုံးသိခဲ့တယ်။ အဲဒီအချိန်
မှာ နိုင်ငံခြားသွားတိုင်း မြန်မာဝတ်စုံပဲ ၀တ်ဖြစ်တယ်။ ဘောင်းဘီလဲဝတ်နေတုံးပဲ။ တစ်ရက် ဆရာတော် အရှင်ဆန္ဒာဓိက
ဆီသွားတော့ ရင်ဖုံးနဲ့  ချည်ထည်လေးဝတ်သွားတယ်။ ဘုန်းဘုန်းက ချီးကျူးတယ်။ ကြည်ဖြူသျှင်တော်တယ် သူများတွေ
ခေတ်ပေါ်အ၀တ်အစားတွေ ၀တ်နေချိန်မှာ နင်က ထဘီဝတ်တယ်တဲ့ ။ တပည့်တော် အမြဲ မ၀တ်ပါဘူးဘုရား ဘုရား
ကျောင်းကန်သွားမှပဲဝတ်တာပါလို့ ပြန်လျှောက်ခဲ့တယ်။ ဒါပေမယ့်စိတ်ထဲမှာ ဆရာတော်ချီးကျူးတယ်ဆိုတော့ သူတို့စိတ်
ထဲမှာ ၀တ်စေချင်လို့ပဲ လို့ တွေးမိတယ်။ အဲဒီကစပြီး မြန်မာဝတ်စုံပဲ ၀တ်ဖြစ်တယ်။ လူငယ်တွေအတွက် အ၀တ်အစားက
အရေးမကြီးပါဘူး။ ကိုယ်ကျင့်သိက္ခာ အရည်ချင်းနဲ့ ကြိုးစားမှုက အဓိကဆိုတာ ပြချင်လို့ ပါ။
မေးသူ.....ဒီခေတ်မိန်းခလေးတွေ Brand နောက်အရမ်းလိုက်ကြတဲ့အပေါ် အမရဲ့အမြင်ကိုပြောပါအုံး....?
ကြည်ဖြူသျှင်.......ဒီခေတ်မိန်းကလေးတွေ Brand နောက်အရမ်းလိုက်ကြတယ် Brand ၀တ်မှ လူအထင်ကြီး
မယ်လို့ ထင်ကြတယ်။ အ၀တ်အစားထက် ကိုယ့်ကျင့်တရားက အရေးကြီးတယ်လို့ပြောချင်တယ်။ အမ စင်္ကာပူမှာ ရိုက်
ကူးရေးသင်တန်းသွားတက်တုံးက ဆရာကပြောတယ် အ၀တ်အစားချိန်းရမယ် အားလုံး ရှော့ပန်ဝတ်ရမယ်ပြောမယ်။
အမကအ၀တ်အစားတော့ မလဲနိုင်ဘူးပြောပြီးယောက်ျားလေးတွေနဲ့ တန်းတူ ရှုပ်ပွနေတဲ့ကြိုးတွေကြားမှာ အလုပ်လုပ်
ပြခဲ့တယ်။ နောက်တခုက အမကို နိုင်ငံခြားမှာတွေ့တဲ့သူတွေက လာနှုတ်ဆက်ကြတယ် အမမှန်းလဲမသိကြဘူး နိုင်ငံခြား
မှာမြန်မာတချို့က မြန်မာဝတ်စုံနဲ့  တွေ့ရတာ အရမ်းကျေနပ်ပြီး ခင်ချင်လို့ လာမိတ်ဆက်ကြတယ်။ အရမ်းကို ၀မ်းသာ
ပီတိ ဖြစ်ရပါတယ်။ ဒါကြောင့်နိုင်ငံခြားသွားပညာသင်မယ်ဆိုရင် မြန်မာဝတ်စုံပဲ ၀တ်ကြပါ။
အရမ်းဂုဏ်ယူဖို့ ကောင်းပါတယ်။
မေးသူ.....ခုခေတ် လူငယ်မိန်းကလေးတွေကို ဘယ်လိုအမှာစကားတွေပြောချင်ပါလဲ။
ကြည်ဖြူသျှင်....ကမ္ဘာမှာ အရမ်းပျက်စီးနေကြတယ်။ ဘယ်လောက်တောင်လဲဆိုရင် English ကားတွေထွက်
လာတဲ့ အထဲမှာ Living Together အဆင့်တောင်မဟုတ်တော့ဘူး ရည်းစားလဲမဟုတ်တော့ဘူး။ Sex Friend ဆိုတာ
တွေရှိလာတယ်။ ဒါတွေက မြန်မာလူငယ်တွေကို အတုယူမှားစေတယ်။ နိုင်ငံခြားမှာတော့ ဒါကြီးက အရမ်းခေတ်စားနေ
တယ်။ ခံစားမှုရှိရင် တူတူနေလို့ရတယ်ဆိုတာမျိုးတွေ လိုက်ပြီးအတုမယူပါနဲ့  တစ်ကမ္ဘာလုံး ပျက်စီးချင် ပျက်စီးသွးပါစေ
မြန်မာအမျိုးသမီး ဂုဏ်သိက္ခာကို စောင့်ထိန်းပါ။ ကမ္ဘာမှာကြည့်လိုက်ရင် မြန်မာ အမျိုးသမီးတွေက အကျင့်စာရိတ္တ
ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်။ ထိန်းသိမ်းတယ်ဆိုတဲ့ ဂုဏ်ကိုထိန်းသိမ်းပါ။ မြန်မာ မိန်းကလေးတွေ
အန်တီစု(ဒေါ်အောင်ဆန်းစုကြည်)ကိုကြည့်ပါ။ အန်တီစုဟာ နိင်ငံခြားမှာကြီးပြင်းခဲ့တယ်။ ဒါပေမယ့် ဓါတ်ပုံတွေကြည့်
လိုက်ရင် ထဘီလေးနဲ့  ရင်ဖုံးလေးနဲ့  ဆံတောက်လေးနဲ့  ကျက်သရေရှိတယ်။ တတ်နိုင်သမျှ ၀တ်စားဆင်ယင်မှုပိုင်းကို
ဂရုစိုက်ပါ။ အ၀တ်အစားကို ခေတ်နဲ့ အညီ ၀တ်ရင်ဝတ်ပါ ဒါပေမယ့် အပျိုစင်ဂုဏ်နဲ့  ကိုယ်ကျင့်တရားကိုထိန်းပါ ။
ကမ္ဘာမှာ ဘာတွေပဲ ဖြစ်သွားဖြစ်သွား မြန်မာအမျိုးသမီးဆိုတဲ့ ဂုဏ်ကိုထိန်းပါ။ အဲဒီလိုထိန်းခြင်းဖြင့် နောက်ဘယ်နေရာ
သွားသွား ယုံကြည်မှု လုံခြုံမှုရှိလိမ့်မယ်။ အမအနေနဲ့  ဒီယုံကြည်မှု ရပ်တည်မှုနဲ့ ပဲ ဒီအခြေအနေထိဖြစ်လာတာပါလို့ 
ပြောချင်ပါတယ်။ ။
ကျွန်တော်တို့ မြန်မာ ညီမလေးများ အမများအတွက်
အကျိုးရှိလိမ့်မည်ဟု ယူဆမိသောကြောင့်
အထက်ပါ မေသဇင်ဆွေရဲ့ ဒါရိုက်တာကြည်ဖြူသျှင်နဲ့ 
တွေ့ဆုံခန်းကို ဖော်ပြလိုက်ရပါတယ်။
ထောက်ကြန့်သား(ကလေးမြို့)