လူတိုင်းပိုင်ဆိုင်ထားတဲ့ အဆန်းပြားဆုံးလက်နက်ကတော့ ငွေပေးဝယ်စရာမလိုတဲ့ ငယ်ငယ်ထဲက ပါလာတဲ့ ပါးစပ်သေနတ်ဆိုတဲ့လက်နက်ပါ။
အဲဒီလက်နက်က ရိုးရိုးကျဉ်ဆန်ထည့်ပစ်လို့ မရဘူး စကားလုံးဆိုတဲ့ ကျဉ်ဆန်ပဲ ထည့်ပစ်လို့ ရတယ် အဲဒီ စကားလုံးကျဉ်ဆန်က တော်တော် ထူးခြားတယ် ချစ်ခြင်းကိုလဲ ဖြစ်စေနိုင်သလို မုန်းခြင်းကိုလဲ ဖြစ်စေတယ် မပစ်တတ်ရင် ကိုယ့်ကိုယ်ကိုလဲ ဒုက္ခရောက်စေတယ်။ စကားလုံးကျဉ်ဆန်နဲ့ ပစ်ရင် အပြင်ဒဏ်ရာတွေမရနိုင်ပေမယ့်. စိတ်ဒဏ်ရာကတော့ မသေမချင်းကျန်ခဲ့နိုင်အောင် ပြင်းထန်တယ် လူအချင်းချင်းကိုလဲ ချစ်ခင်အောင် ပစ်နိုင်သလို မုန်းပြီး အချင်းချင်းထသတ်အောင်လဲ ပစ်နိုင်တယ် နိုင်ငံအချင်းချင်းလဲ စစ်ဖြစ်အောင် ပစ်နိုင်တယ် မသုံးတက်ရင် တော်တော်ကို ကြောက်စရာကောင်းပြီး ဆန်းပြားတဲ့ လက်နက်ပါ။ အဲဒီလက်နက်ကတော့ ငွေပေးဝယ်စရာမလို့ပဲနဲ့ကို လူတိုင်းမှာ ရှိနေတာပါ ကောင်းတဲ့ စကားလုံးကျဉ်ဆန်တွေ ပစ်တော့မယ်ဆိုရင် ကိုယ်ပစ်မယ့်ကျဉ်ဆန်က အကောင်းလား အဆိုးလားဆိုတာကို စိတ်ဆိုတဲ့ ခလုပ်ကလေးကနေ သေချာ သတိထားပြီး ပစ်နိုင်ဖို့ လိုအပ်ပါတယ်။
တွေးမိတာလေးကို ချရေးထားတာပါ လိုအပ်တာလေးများရှိရင်လဲ ဖြည့်ပြီးဖတ်ကြပါရန်...
အားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ
အရှင်သုစိတ္တ