ဆိုက်ထဲကို ဒီကနေ့ရောက်တော့..စိတ်မကောင်းဖွယ်ရာ post လေးတစ်ခုဖတ်လိုက်ရတယ်
ဒီ post လေးကို..အလေးအနက်မထားလို့မရတော့ပါဘူး..
အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတာ ဖြစ်လာနိုင်ပါတယ်..
ကျွန်တော်တို့ အက်မင်တွေနဲ့လည်းတိုက်ရိုက်သက်ဆိုင်လာပါတယ်..။
ချက်ရွန်းကိစ္စပါ..
မင်ဘာများ လိုက်နာရမဲ့စည်းကမ်းမှာ..ချက်ရွန်းစည်းကမ်းဆိုတာရှိပြီး..သိပြီးသားပါ
ချက်ရွန်းထားပေးရတဲ့..ရည်ရွယ်ချက်က..ပျော်ရွှင်စေဖို့..မိတ်ဆွေတိုးပွားဖို့..
ကိုယ့်အစွမ်းအစရှိရင်..ချစ်သူတောင်ရနိုင်ပါသေးတယ်..
ဒီအတိုင်းအတာထိလည်း..ကျွန်တော်တို့ အက်မင်ကိစ္စ မဟုတ်ပါ..။
စည်းကမ်းဖေါက်ဖျက်လာရင်တော့..အက်မင်များကိစ္စဖြစ်လာပါပြီ..
တစ်ယောက်နဲ့ အများဖြစ်လာရင်..အများတွက်အနှောက်အရှက်ဖြစ်လာရင်
စည်းကမ်းအတိုင်းလုပ်ရပါတော့မယ်..စိတ်ဝမ်းကွဲမခံနိုင်ပါဘူး..
ခုဆို..ဆိုက်ကိုလည်းပြင်ဆင်နေပြီး..လူငယ်စည်းလုံးမှုနဲ့..ဆက်လက်စခန်းသွားဖို့အားထုတ်နေတာပါ..
ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့..ဆိုက်အတွက် အလားအလာရှိတဲ့.မင်ဘာကောင်းတွေ
လက်လွတ်မခံနိုင်ပါဘူး..။
ချက်ရွန်းအက်မင်များဆိုတာက..ဘလော့အက်မင်များထက်..အလုပ်ရအကိုင်ရခက်ပါတယ်..
အများနဲ့လည်း..ခင်မင်အောင်နေရတာတစ်ဖက်..စည်းကမ်းကိုထိမ်းရတာတစ်ဖက်..
တကယ်ဆို..အဲဒီဖက်နှစ်ဖက်ဟာ..ဆန့်ကျင်ဖက်လိုဖြစ်နေရတာပါ
ချက်ရွန်း အက်မင်ဆိုတာ..ဘာနဲ့တူလည်းဆိုရင်..မီးစတစ်ဖက်..ရေမှုတ်တစ်ဖက်ကိုင်ထားရသလို..
အင်မတန်..ခက်ခဲတဲ့အလုပ်ပါ..။ကိုယ်ချင်းလည်းစာနာပါတယ်..။ကျေးဇူးလည်းတင်ပါတယ်..။
ဒါကြောင့်..ချက်ရွန်းမှာ
၁။ ပျော်ရွှင်စွာ..စိတ်ကြိုက် ချက်ကြပါ..ကြူပိုင်ခွင့်ရှိပါတယ်..။
၂။ ရိုင်းရိုင်းစိုင်းစိုင်း..ပြောဆိုဆက်ဆံမှုကိုတော့..ခွင့်မပြုပါ..။
၃။ အများစိတ်အနှောက်ရှက် ဖြစ်စေမဲ့ copy လုပ်ခြင်းခွင့်မပြုပါ..။
စည်းကမ်းဖေါက်ဖျက်ရင်တော့..အရေးယူခံထိပါလိမ့်မယ်..။