သား...အမေ့ကိုဒီစာလေးဖတ်ပြပါဦး အမေကလည်းကိုယ့်ကိုဖတ်ပါလားကျွန်တော်ယာတောကအပြန် မောမောနဲ့ပြောမိတယ်
အမေမှစာမတတ်တာ...အော် ..မေမေရယ်...ကျွန်တော်တို့ညီအစ်ကိုသုံးယောက်ကို ဘာကြောင့်ပညာတတ်ကြီးဖြစ်စေချင်တာလဲဆိုတာ
အခုမှမှကျွန်သိလိုက်ရတယ်လေ...
ကျွန်တာ် တို့အရွယ်မရောက်ခင်မှာပဲ ဖေဖေကိုရောင်ဖျောက်သွားတဲ့ အချိန်မှာ ဒေါင့်စုတ်နေတဲ့ ဈေးတောင်းလေးကိုငိုင်ငိုင်လေးကြည့်ပြီး
သားတို့ရယ်မေမရှိပါသေးတယ်တဲ့
မေမေရဲ့ဆံပင်တွေလည်းဖြူရော်နေပြီ ပုလဲလုံးလေးတွေလိုစီတန်းလှပနေတဲ့သွားလေးတွေလည်း ကျို့တို့ကြဲတဲ ဇရာထောင်းနေတဲ့အရွယ်
မှာတောင်သားတို့အတွက်လို့အမြဲပြောတဲ့မေမေ..သားတို့အတွက်မေမေဟာ မြင့်မိုရ်ထပ်မကကျေးဇူးကြီးမားလှသလို
သားတို့အတွက် မီးရှုးတန်ဆောင် သားတို့အတွက်လမ်းပြကြယ်ပါ...
မေမေရယ် ..မေမေ့ရဲ့မျှော်လင့်ချက်တွေကိုသားမဖြည်ဆည်းပေးနိုင်တာသားကိုခွင့်လွှတ်ပါ အစ်ကိုကြီးအပေါ်မှာထားတဲ့မေမေ့ရဲမျှော်လင့်ချက် တွေပျောက်ကွယ်သွားတဲ့အခါ မေမေ့ရဲ့မျက်ရည်တွေကို မမြင်ရက်ခဲ့ဘူး
ပညာရေးဘက်မှာပါရမီနည်းတဲ့ကျွန်က9တန်းသုံးခါပြန်ဖြေတာတောင်ငါမအောင်ခဲ့တော့ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိတယ်
မေမေရယ်...သမုဒ္ဒရာဝမ်းတစ်ထွာလေးကြောင့် သားအဝေးကိုရောက်နေရပေမယ့် မေမေ့ကိုသားထာဝရသတိရနေပါတယ်
မြမြင့်မိုရ် ယိုင်နဲ့နေပေမယ့် သားတို့အတွက်ခိုင်မာတဲ့ရပ်တည်နေဆဲ
လောကဓံရဲ့အနိမ့်အမြင့်တွေထဲမှာ ဒုက္ခ`ဆိုတဲ့လေခါးထစ်တွေကိုပဲ
အဆင်းအတတ်လုပ်နေရတဲ့မေမေ .သားတို့အတွက်ဆိုရင်အဲဒီလောကဓံတွေက ချိုမြိန်နေတယ်တဲ့...အော်မေမရယ်။
virusboy25ိ
↧
မြမြင့်မိုရ် ယိုင်နဲ့နေပေမယ့်
↧