စုလတ်ရေ….. မင်းကိုကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာ မင်းနဲ့ ခွဲရမှ
တဖြည်းဖြည်းသိလာတယ်လေ။ မင်းနဲ့လမ်းခွဲပြီးနောက်မှာ မင်းရဲ့မေတ္တာနဲ့
ကိုယ်အချစ်ဟာဘယ်အထိနက်ရှိုင်းနေတယ်ဆိုတာတဖြည်းဖြည်းသိလာရတယ်……
အချစ်ဆိုတာ အရင်က မခံစားဘူးပေမဲ့ ခုတော မင်းနဲ့ကိုယ် အချစ်ချောင်းကလေးခြားသွား
တဲံ့အချိန်ကစလို့တမြေ့မြေ့ခံစားနေရတယ်။ကိုယ် ဖတ်ခဲ့ဘူးတဲ့ ရှိတ်စပီးယားရေးတဲ့
အန်တိုနိနဲ့ ကလီယိုပတ်တရာတို့ရဲ့ချစ်သံယောဇဉ်ဟာ ချစ်ခြင်းမေတ္တာကိုပိုလေးနက်
တယ်ဆိုတာပိုနားလည်လာတယ်။
သမိုင်းမှာနာမည်ကျော်ကြားခဲ့သူ ရှေးအိဂျစ်နိုင်ငံရဲ့ဘုရင်မတပါးဖြစ်တဲ့သူက
ကလီယိုပတ်တရာပါ။ ရှေးအိဂျစ်နိုင်ငံရဲ့ ထက်မြက်ပြီး ချောမောလှပတဲ့နောက်ဆုံးမျိုး
ဆက်ဘုရင်တပါးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့အလှအပကြောင့်သာမကဘဲ
သူမရဲ့ဥာဏ်ပညာကြီးမားမှုကြောင့်လည်းထင်ရှားကျော်ကြားလာသူဖြစ်တယ်။
သူမဟာ ဘာသာစကားကိုးမျိုးလောက်တတ်ပြီး သင်္ချာဘာသာမှာ ထူးချွန်သူဖြစ်တယ်။
ဂျူးလီယက်ဆီဇာကိုလုပ်ကြံသတ်ဖြတ်ရာမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့သတင်းထွက်
နေသူလဲဖြစ်တယ်။
ဆီဇာကိုဆက်ခံသူလဲဖြစ်၊ သူမရဲ့မိတ်ဆွေလဲဖြစ်တဲ့ လက်ရှိရောမဧကရာဇ်
အန်တိုနီက ကလီယိုပတ်ထရာကို အနာတိုလီမြို့မှာ လာရောက်ပြီး ဒီအကြောင်းရှင်းပြဘို့
ဖိတ်ခေါ်လိုက်ပါတယ်။
နွေဦးကာလတစ်ခုမှာ သူမဟာ မက်ဒီတာရေးနီးယန်းပင်လယ်ကိုဖြစ်ပြီး သူနဲ့သွားတွေ့ပါ
တယ်။ ဒါပေမဲ့ သူမဟာ မက်အန်တိုနီကိုမြင်တာနဲ့အချစ်စိတ်တွေပေါ်လာပြီး သူနဲ့သူမ
ဟာ ချစ်သူတွေဖြစ်သွားကြတယ်။
အဲဒီနောက် အန်တိုနီဟာ ဆောင်းတွင်းကလာကိုပျော်ရွှင်စွာကုန်ဆုံးစေရန်
အတွက် ကလီယိုပတ်ထရာရှိရာ အလက်ဇန်းဒရီးယာမြို့ကိုရောက်လာတယ်။ဒါကြောင့်
တန်ခိုးကြီးမားတဲ့လူနှစ်ယောက်ရဲ့ ချစ်သံယောဇဉ် တွေဟာ အီဂျစ်နိုင်ငံကို အင်အား
ကြီးမားတဲ့အနေအထားရောက်ရှိလာပါတယ်။ သူတို့နှစ်ဦးဟာ နောက်ဆုံးတော့ လက်ထပ်
ပွဲကြီးတစ်ခုပြုလုပ်ကာ ဇနီးမောင်နှံအဖြစ် ရောက်ခဲ့ကြတယ်။
စုလတ်ရေ ကိုယ့်စာရှည်သွားတာကိုတောင်းပန်ပါတယ်။ ဒီအကြောင်းလေးဆက်
ပြောပြချင်ပါသေးတယ်။
ကလီယိုပတ်ထရာဇာတ်လမ်းက မပြီးသေးပါဘူး ။ ယခုအချိန်မှာသူတို့ဟာပွင့်ပွင့်
လင်းလင်းရှိကြပြီး ရောမမှာ ရှိတဲ့ အနိတိုနီယိုရဲ့ အာဏာလုဖက် အော့တေးဗီးယန်းနဲ့
ဆန့်ကျင်ပြီး သူတို့နှစ်ဦး ပူးပေါင်းခဲ့ကြတယ်။ အရှေ့ပိုင်းပြည်နယ်မှာတန်ခိုးကြီးမား
တဲ့သူတွေဖြစ်လာကြပြီး အန်တိုနီဟာ အရှေ့အလယ်ပိုင်းဒေသရဲ့ တန်ဖိုးအကြီးမာဆုံး
ဖြစ်တဲ့ အံ့မခန်းဘွယ်ရာ လက်ထပ်လက်စွပ်ကို သူ့ဇနီးအသစ်ကိုပေးအပ်ခဲ့ပါတယ်။
သူက ကလီယိုပတ်ထရာကို ဘုရင်တွေရဲ့ဘုရင်မ၊ ဘုရင်တကာ့ ဘုရင်တို့ရဲ့ဆီဇာဘုရင်
မအဖြစ်ကြေညာခဲ့ပါတယ်။ အီဂျစ်နဲ့ဆိုက်ပရပ်စ်ကိုလည်းပူးပေါင်းအုပ်ချုပ်ခဲ့တယ်။
ဒါပေမဲ့ အာဏာလုဘက် အော့တေးဗီးယန်းကတော့ မခံမရပ်နိုင်ဖြစ်နေတ.ယ်။
သူဟာ ဆီဇာဘုရင်ရဲ့ဆွေမျိုးတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ ဦးလေးနေရာကို
လုယူသွားတဲ့ အန်တိုနီကို စစ်ကြေညာပါတယ်။ အော့တေးဗီးယန်းနဲ့ အန်တိုနီ၊ ကလီယို
ပတ်ထရာ စစ်တပ်တွေကြားက တိုက်ပွဲတွေဟာ ဂရိကျွန်းရှိ အက်တီယန်မှာဖြစ်ပွဲခဲ့ပါတယ်။
စုလတ်ရေ ဇာတ်လမ်းကတော့မပြီးသေးပါဘူး သီးခံပြီးဆက်လက်နားထောင်ပေး
ပါဦးအချစ်လေးရယ်…..
တိုက်ပွဲရဲအဖြစ်အပျက်တွေကိုတိတိကျကျမသိရပေမဲ့ အက်တီယန်မှာတိုက်ပွဲဖြစ်စဉ်
အန်တိုနီဟာ ကလီယိုပတ်ထရာသေပြီဆိုတဲ့သတင်းအမှားကိုရရှိခဲ့ပါတယ်။ သူဟာ စိတ်ထိ
ခိုက်ပြီး ဒါးပေါ်လဲကျသွားပါတယ်။ စစ်ပွဲမှာသူတို့တွေအရေးနိမ့်လာချိန်မှာ အီဂျစ်နိုင်ငံကို
သူတို့ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့လည်းဆိုကြတယ်။ ဒါပေမဲ့ ဘုရင်ဇနီးမောင်
နှံတို့ဟာ ကံကြမ္မာကိုတော့မလွန်ဆန်နိုင်ကြပါဘူး။ နောက်တစ်နှစ်အကြာ အော့တေးဗီး
ယန်း အီဂျစ်နိုင်ငံကိုသူ့စစ်တပ်နဲ့ရောက်လာသောအခါ အန်တိုနီ ဟာ အကျဉ်းချထားရာက
နေလွတ်မြောက်ရန် သူ့ကိုယ်သူအဆုံးစီရင်သွားတယ်။ အန်တိုနီသေဆုံးပြီလို့ ကလီယိုပတ်
ထရာကြားသိရတဲ့အခါ တုန်လှုပ်သွားခဲ့ပါတယ်။ သူမဟာ အော့တေးဗီးယန်းရဲ့အကျဉ်း
သားအဖြစ် သူမရဲ့နန်းတော်ဆီကို အစောင့်အကြပ်ထူထပ်စွာနဲ့ ခေါ်ဆောင်ခြင်းခံရပါတယ်။
ခင်ပွန်းရဲ့သေဆုံးမှု၊ သူမရဲအကျဉ်းစံဘ၀ကြောင့် ယူကြုံးမရဖြစ်ခဲ့ရပါတယ်။
သူမဟာနန်းတွင်းသားတစ်ချို့ရဲ့အကူအညီနဲ့ "အက်စ်ပ်" လို့ခေါ်တဲ့ အဖရိကမြွေငယ်ကို
သဖန်းသီးခြင်းထဲထည့်ပြီးသူမနေထိုင်ရာအဆောက်အအုံဆီကို ခိုးဝှက်သယ်ဆောင်လာ
စေခဲ့ပါတယ်။
နောက်တော့ ကလီယိုပတ်ထရာဟာ အထိန်းတော်တွေကို သူမအပါးက စွန့်
ခွာသွားဖို့ အမိန့်ပေးလိုက်ပါတယ်။ သူမဟာ ဘုရင်မ၀တ်ရုံကို ၀တ်လိုက်တယ်။ ရွှေ
ညောင်စောင်းပေါ် လဲလျောင်းလိုက်ပြီး သူမရဲ့ ရင်သားကို မြွေကိုက်ခံလိုက်ပါတယ်။
သိပ်မကြာခင်မှာဘဲ သူမကို သေဆုံးလျက်သား တွေ့ကြရတယ်။
အချစ်ရဲ့ကြီးကျယ်ခမ်းနားမှုဟာ ကြီးကျယ်ခမ်းနားတဲ့စွန့်လွှတ်မှုကိုပေးသွား
တာပါဘဲ။ အန်တိုနီနဲ့ ကလီယိုပတ်ထရာတို့ရဲ့အချစ်က အချစ်ဆိုတာ စွန့်လွတ်အနစ်နာ
ခံခြင်းဆိုတာကို သက်သေပြခဲ့တာဘဲဖြစ်ပါတယ်။
စုလတ်ရေ မင်းကို ကိုယ်ပြောချင်တာကတော့ တို့တတွေ ရဲ့အချစ်က
ကလီယိုပထရာနဲ့ အန်တိုနီလိုတော့မခမ်းနားပါဘူး ။
နှိုင်းယှဉ်ဘို့ဆိုတာ မိုးနဲ့မြေလို ကွာခြားလွန်းလှပါတယ်။
ခံစားပြောပြတာပါ စုလတ် ။ ဥပမာတစ်ခုအနေနဲ့
အချစ်နဲ့ပတ်သက်တာလေးကို ခံစားပြောပြတာသာဖြစ်ပါတယ်။
ဒါပေမဲ့လေဘယ်လို အခြေအနေဘဲရောက်နေနေ စစ်မှန်တဲ့မေတ္တာ ၊ စွန့်လွှတ်
အနစ်နာခံခြင်းတွေနဲ့အတူချစ်နေမယ်ဆိုတာပါဘဲ။ အချစ်ကလေးဘဝ
ဆက်လက်ရှင်သန် ပျော်ရွှင်နိုင်ပါစေသား……