အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ မော်လဒိုက် ကျွန်းစုသည် မြေကမ္ဘာပေါ်ရှိ သုခဘုံဟု တင်စားရလောက်အောင် ပင်လယ်ရေအောက်ရှိ တောင်တန်းများ၏ ထိပ်ပေါ်တွင် တည်ရှိပြီး ရှုမငြီးဖွယ် သဘာဝ မြင်ကွင်းများနှင့် သာယာလှပဆုံး ပင်လယ် အပန်းဖြေ ကျွန်းငယ်လေးများ စုစည်းတည်ရှိရာ နေရာဖြစ်သည်။
အပန်းဖြေကျွန်းများစွာ တည်ရှိသော မော်လဒိုက် ကျွန်းစုများထဲမှ Kihavah Huravalhi ကျွန်းပေါ်ရှိ Anatara Kihavah Villas အပန်းဖြေစခန်းသည် မော်လဒိုက်နိုင်ငံ မြို့တော် Male ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပင်လယ်ယဉ်ပျံ (seaplane) ဖြင့် ၃၅ မိနစ်ခန့် သွားရသော အကွာအဝေးတွင် တည်ရှိပြီး ပင်လယ်ပြင်အတွင်းမှ အိုအေစစ် တစ်ခုပင်ဖြစ်သည်။
ရေကူးကန်ငယ်များ၊ ပြင်ပရေပန်း နှင့် ရေချိုးကန်များ၊ လှပကျယ်ပြန့်သော ရှုခင်းများဖြင့် နေပူစာလှုံရာ နေရာ စသည်တို့ပါဝင်သော ဇိမ်ခံ ဘန်ဂလိုများအပြင် တောတွင်း သဘာဝ အလှပြင် အပန်းဖြေခန်း၊ ပင်လယ် ရေအောက် စားသောက်ခန်းမ၊ စသည်တို့အပြင် သဘာဝ အလှအပများကို ခံစားရင်း ဘဝတစ်သက်တာ အမှတ်ရဖွယ် ခန့်ညားထည်ဝါသော အပန်းဖြေခရီးစဉ်ကို ပိုင်ဆိုင်နိုင်မည်ဟု ဆိုသည်။
ပြန်လည်မျှဝေခံစားတင်ပြသည်...............ရုပ်စိုးမလေး