Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နီပွန်ဖောင်ဒေးရှင်းက အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများအတွက် အကူအညီများပေးသွားမည်

$
0
0

ဂျပန်လူမျိုး ပရဟိတအလှူရှင်တစ်ဦး ဖြစ်သူ မစ္စတာယိုဟဲအိဆာဆာခါဝါ သည် ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌရာထူး တာဝန်မယူခင် အများပြည်သူ ၀န်ဆောင်မှုကဏ္ဍ အတွင်း စွမ်းဆောင်ရည်ဖန်တီးမှု အတွက် အကူအညီပေးမှုအပါအ၀င် နီပွန် ဖောင်ဒေးရှင်းက ကူညီထောက်ပံ့ မည့် စီမံကိန်းလုပ်ငန်းစဉ်တစ်ခုအတွက် စီစဉ်ဆောင်ရွက်မှုများအား ဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ အခြားအစီအစဉ်များတွင် ရှမ်းပြည် နယ်၌ စာသင်ကျောင်းတစ်ကျောင်း တိုးချဲ့ဆောက်လုပ်ရန်၊ ရခိုင်ပြည်နယ် အတွင်း စာသင်ကျောင်းဆောက်လုပ်မှု များစတင်ရန်နှင့် ခန့်မှန်းခြေ ၇၀,၀၀၀ ခန့်ရှိသော မြန်မာနိုင်ငံရှိကျေးရွာများ အားလုံးတွင် တိုင်းရင်းဆေးသေတ္တာ များပေးဝေရန်တို့ ပါဝင်ကြောင်း နီပွန် ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌ မစ္စတာဆာဆာ ခါဝါက ပြောသည်။

"၂၀၁၄ မရောက်ခင် အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ သင်တန်း ပို့ချပေးမယ့် အကူအညီဟာ အာဆီယံ ဥက္ကဋ္ဌနေရာယူမယ့် မြန်မာရဲ့အောင်မြင် မှုအတွက် ထူးခြားမှုတစ်ခုဖြစ်မှာပါ"ဟု မစ္စတာဆာဆာခါဝါက ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာ ၁၉ ရက် နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းသင်တန်းပေးမှုနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်နိုင်ငံသို့ အောက်တိုဘာလအတွင်းက လာရောက်ခဲ့ စဉ်၌ သဘောတူညီထား ခဲ့ကြောင်း ၎င်းက ပြောသည်။

အများပြည်သူဝန်ဆောင်မှုလုပ်ငန်း အတွင်း စွမ်းဆောင်ရည်ဖန်တီးမှု အတွက် ကူညီထောက်ပံ့မှုသည် မြန်မာနိုင်ငံ၏ ရှေ့ဆက် လုပ်ဆောင်မည့်ပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်များ၌ နိုင်ငံ တကာအသိုင်းအ၀ိုင်းနှင့် ပိုမိုထိရောက် စွာ ဆက်ဆံနိုင်ရေးတွင်လည်း အကျိုးပြု နိုင်ကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် နီပွန်ဖောင်ဒေးရှင်း၏ ကူညီမှု များမှာ လာမည့်နှစ်၌ ရှမ်းပြည်နယ်တွင် နီပွန်ဖောင်ဒေးရှင်း၏ ၂၀၀ မြောက် မူလတန်းကျောင်းဆောက်လုပ်ရန်နှင့် ရခိုင်ပြည်နယ်တွင် မူလတန်းကျောင်း ဆောက်လုပ်မှုလုပ်ငန်းများ စတင်ရန် အစီအစဉ်များဖြစ်ကြောင်း မစ္စတာဆာ ဆာခါဝါက ပြောသည်။

မြန်မာနိုင်ငံအတွင်း ပညာရေးနှင့် စာ တတ်မြောက်ရေးအတွက် ထောက်ပံ့ ရေးလုပ်ငန်းများတွင် နိုင်ငံတကာအဖွဲ့ အစည်းများစွာ ပါဝင်ကြောင်း မစ္စတာ ဆာဆာခါဝါက ပြောကြားခဲ့သည်။ "ရှမ်းပြည်နယ်က ကျွန်တော်တို့ရဲ့ စာသင်ကျောင်း ဆောက်လုပ်မှုလုပ်ငန်း တွေမှာ နိုင်ငံတကာက ပူးပေါင်းပါဝင်မှု တွေရှိတယ်"ဟု ၎င်းက ပြောသည်။

အလယ်တန်းကျောင်းများ ဆောက် လုပ်ပေးခြင်းဖြင့် ရှမ်းပြည်နယ်အတွင်း နီပွန်ဖောင်ဒေးရှင်း၏ အကူအညီများ ကို တိုးချဲ့သွားရန် စဉ်းစားနေကြောင်း မစ္စတာဆာဆာခါဝါက ပြောသည်။ "ဝေးလံတဲ့ဒေသတွေအတွင်း အခုလို ကျောင်းဆောက်လုပ်မှု လုပ်ငန်းတွေ လုပ်ပေးခြင်းဖြင့် အဲဒီကဒေသခံတွေ ဟာ အစိုးရက သူတို့ကို လျစ်လျူမရှုထား ပါဘူးဆိုတာကို သဘောပေါက်လာကြမယ်။ ပြီးတော့ ပိုပြီးစည်းလုံးညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့နေရာ မှာလည်း အထောက်အကူ ဖြစ်စေမယ်"ဟု ၎င်းကပြောသည်။

ဒါ့ပြင် စာသင်ကျောင်းဆောက်လုပ် မှု စီမံကိန်းများတိုးချဲ့ရန် အစီအစဉ် အတွက် ဒေါ်အောင်ဆန်းစုကြည်က လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံစဉ်၌ ထောက်ခံမှုပေးခဲ့ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ ကျေးရွာတိုင်း သို့ တိုင်းရင်းဆေးသေတ္တာများ ဖြန့်ဖြူးမှု တိုးချဲ့ရေးအစီအစဉ်မှာ မြန်မာနိုင်ငံအား တိုင်းရင်းဆေးအသုံးပြုသော စံပြနိုင်ငံ တစ်နိုင်ငံအဖြစ် ပြုလုပ်ရန် ရည်ရွယ် ချက်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ က နေပြည်တော်တွင် သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံခဲ့သော မစ္စတာဆာဆာခါဝါ က ပြောကြားသည်။

နီပွန်ဖောင်ဒေးရှင်းသည် အဆိုပါ ဆေးသေတ္တာများ ဖြန့်ဝေပေးမှုကို ၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ပြီး ကျေးရွာပေါင်း ၇,၀၀၀ သို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။

နီပွန်ဖောင်ဒေးရှင်းနှင့် ၎င်း၏အဖွဲ့ခွဲ များသည် မြန်မာတိုင်း(မ်)ဂျာနယ်မှ သတင်းထောက်များအတွက် သင်တန်းပေးမှု၊ အာဆီယံ အတွင်း မြန်မာ၏အခန်း ကဏ္ဍနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကဲ့သို့ အကြောင်းအရာများ နှင့်ပတ်သက်သော ညီလာ ခံများနှင့် ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းအပါအ၀င် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်းများနှင့် ကျန်းမာရေးကဏ္ဍအတွက် ၁၉၇၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အား စုစု ပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၀ နီးပါး ထောက်ပံ့ကူညီခဲ့ သည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>