ဒေါ်နှင်းဖြူသည် အသက် သုံးဆယ်ခန့်သာရှိသေးသည်။
ကုမ္ပဏိသူဌေးကတော်မို့သာ ဒေါ်တပ်၍ ခေါ်ကြခြင်းဖြစ်သည်။
အရွယ်ကောင်းတုန်း၊ လှတုန်း။ ပတုန်း ကျော့တုန်း။ ကြိုင်တုံး၊ သင်းတုံးပါ။
သူမရဲအလှက ကိုမိုးကျော်ကိုဖမ်းစားသလို ကိုမိုးကျော်ကလည်းချစ်၍
နှစ်သက်၍ လက်ထပ်ခဲ့ကြသည်။ ယခုဆိုလျှင်သူတို့ဇနီးမောင်နှံတိုက်နဲ့၊
ကားနဲ့ လိုလေသေးမရှိအောင်နေနိုင်ကြသည်။ ဘ၀ဇာတ်ကြောင်းအတိတ်
ကိုတွေးလိုက်လျှင် ဒေါ်နှင်းဖြူ မပျော်၊ မလန်း။ မသွက်၊ ငေးငိုင်နေမိသည်။
အိပ်ခန်းပြူတင်းပေါက်ကိုငေးကြည့်ရင်း နောက်ကြောင်းပြန်တွေးနေမိသည်။
နှင်းဖြူတွင် အစ်ကိုတစ်ယောက်သာရှိသည်။ နှင်းဖြူက ၁၃ နှစ် သူအစ်ကို
၁၅ နှစ်သိပ်မကွာ နှစ် နှစ်သာခန့်သာ ကွာသည်။ဆယ်ကျော်သက်များသာဖြစ်သဖြင့်
အပြစ်ကင်းစင် နုနယ်တက်ကြွနေကြရပေမည်။သို့သော်သူတို့မောင်နှမ
ဘ၀တိုက်ပွဲဆင်နွဲရာဝယ် ခက်ထန်ကြမ်းတမ်းလှချေသည်တကား။
သူများနေသလိုနေလို့မရ။ သူများလွတ်လပ်သလိုမလွတ်လပ် ၊ သူများကလေး
တွေဆို ဒီအရွယ် ပျော်ရွင်မှုမျိုး သူတို့မရခဲ့ကြပါ။ အစကတော့သူတို့ဘ၀သာယာခဲ့ပါ
တယ်။ ဒါပေမဲ့ သူအဖေ အသက်၄၅ မှာ အဆုတ်ရောဂါရတယ်။ တဖြည်းဖြည်းနဲ့
ကျန်းမာရေးမကောင်းဖြစ်လာ၊ ဆေးကု၊ ငွေအတော်ကုန်ပါမှ ဆုံးပါးသွားရရှာတယ်။
အမေကတော့အသက် ၄၀ မျက်စေ့မကောင်းရာမှ ရေတိန်ဆိုလို့ ခွဲစိတ်ကုသရာမှ
ပြန်မကောင်းတော့ဘဲ နောက်ဆုံးမျက်စေ့လုံးလုံးလျားလျား ကွယ်ခဲ့ရပါတယ်။
ဒီမောင်နှမသာ မေမေ ဒေါ်လှခင်အတွက် အားကိုးရာအဖြစ်ကျန်ခဲ့ရတယ်။
မိဘကျေးဇူး အနန္တ ဆိုတာငြိမ်းချမ်းမောင်သိပါတယ်။
သူက လူငယ်ပေမဲ့လိမ္မာတယ် တော်တယ်၊ သိတယ်။
ဒီအခြေအနေမှာ သူ့မှာ တာဝန်ရှိသွားပြီဆိုတာ နားလည်သဘောပေါက်ပါတယ်။
ဆွေမျိုးတွေကတော့ရှိကြပါတယ်။ ဒါပေမဲ့သူတို့ဘ၀နဲ့သူတို့ဆိုတော့ ဘယ်လိုသ
လောက်တော့ရပါမလဲ။ အမေ မျက်မမြင်သူကို ပြုစုရေး ညီမလေး ကျောင်းထား
ရေး ငြိမ်းချမ်းမောင်အစွမ်းကုန်ကြိုးစားသွားမည်ဆုံးဖြတ်ထားသည်။ အသက်ပင်
ငယ်သော်လည်း သိတတ်လှသော ယောက်ျားကောင်းလေးပင်။ သူ့အမေရဲ့ညီမ
အပျိုကြီး ဒေါ်လှတင် က အိမ်မှာလာနေလို့သာ တော်သေးသည်။ အိမ်စောင့်ဖော်
တော့ရသည် ။ သူ့အမေ ဒေါ်လှခင် ကိုပြုစုစောင့်ရှောက်ရေးအကူအညီရသည်။
ဒါပေမဲ့ငြိမ်းချမ်းမောင်အလုပ် လုပ်ရမေမည်။ ကျိုးစားရမေမည်။ လူ့ဘဝ
တိုက်ပွဲစတင်ရပေမည်။ ညိမလေး နှင်းဖြူက ၈ တန်းကျောင်းသူဆိုတော့
ကျောင်းဆက်ထားရေးစဉ်စားနေသည်။ သူက တော့ ၁၀ တန်းနှစ်မှာယခုလို
ဖြစ်တော့ကျောင်းထွက်မှဖြစ်မယ်လို့ ဆုံးဖြတ်ထားတယ်။ နှင်းဖြူကလဲ သူ့
အကိုလို အလုပ်ထွက်လုပ်မယ်ပြောတော့လက်မခံပါ။ "ညီမလေးနင့်ဘ၀အောက်
တန်းမကျအောင်ပညာသင်ရမယ်၊ အကိုအလုပ်လုပ်မယ်ညီမလေးကျောင်းသာ
ဆက်တက်ပါ " လို့ အကိုက အတန်တန်ပြောတော့မှလက်ခံပြီး ကျောင်းတက်၊
စာကြိုးစား၊ အားတဲ့အချိန် အမေကိုပြုစု အဒေါ်နဲ့ အတူလက်တွဲလုပ်ဆောင်မယ်ပေါ့။
ငြိမ်းချမ်းမောင် အလုပ်ရုံတစ်ခုမှာ နေ့စားအလုပ်ရတယ်။ ညဘက်
ဆိုက်ကားနင်း။ ည ၁၀ နာရီလောက်ထိနင်းတယ်။ မနက်စောစောထ
ရုံးမသွားရခင် ခရေပန်းကုံး၊ စံပယ်ပန်းကုံးသီပြီးသားဖောက်သည်ယူ
အိမ်နဲမဝေးတဲ့ ဘုရားရွှေဒဂုံ ကုံးတော်မှာ သွားရောင်း အားတယ်မရှိပါ။
ဒီလိုနဲ့နှစ်တွေကြာလာတော့ ခင်နှင်းဖြူဆယ်တန်းအောင်တယ်။
တက္ကသိုလ်ဆက်မတက်ဘဲ။ အမေကိုပြုစုရင်းအလုပ်တစ်ခုလုပ်မယ်ပေါ့
ကံကောင်းတော့ကုမ္ပဏီတစ်ခုမှာ စာရေးမအလုပ်ရတယ်လေ။ ခင်နှင်း
ဖြူကလဲ ကိုယ်လုံးအချိုးအစားပြေပြစ်လှပသူဖြစ်ပြီး နှာတံပေါ်
အဆင်းလှ ပြုံးရွင်သောမျက်နှာအလှပိုင်ရှင်ဖြစ်တယ်။ အလုပ်ကိုကြိုး
စားတော့အလုပ်ရှင်လူပျိုကြီးမျက်စေ့ကျစရာဖြစ်လာခဲ့တယ်။
ငြိမ်းချမ်းမောင်အလုပ်မသွားခင် အမေကို လိုအပ်တာလုပ်ပေး
လေ့ရှိတယ်။ နံနက်တိုင်းအမေကိုခေါင်းဖီးပေးတယ်၊ သနားခါးသွေးပေးတယ်။
ညကျတော့ ကုလားထိုင်မှပွေ့ချီပြီး အမေ့အိပ်ရာမှာနေရာချ၊ အမေအိမ်
ပျော်အောင် တရားစာဖတ်ပြ ၊ အမေ အိပ်ပျော်တော့မှ အိပ်လေ့ရှိသည်။
သူ့အမေကလဲ ငြိမ်းချမ်းမောင်အိမ်ပြန်ရောက်မှ အိပ်ပျော်လေ့ရှိသည်။
တနေ့မှာတော့ငြိမ်းချမ်းမောင် အလုပ်မှပြန်လာချိန် ကားဂိတ်တွင်
ကားစောင့်နေတုံး လမ်းဒေါင့်တွင်မီးခိုးများထွက်လျှက်မီးလောင်နေသည်ကို
မြင်သည်။ ငြိမ်းချမ်းမောင်မီးလောင်ရာသိုပြေးသွားကာ ကူညီစရာရှီသည်တို့ကို
အစွမ်းကုန်ကူညီသည်။
ကောင်းကင်တွင်မီးခိုးလုံးကြီးတစ်ခုကလွှမ်းခြုံနေသည်။ ငိုမဲ့မဲ့ဖြစ်နေသောအမျိုးသမီး
တစ်ဦး၏ လက်တွင်းတွင် အနီ အနက်ကျား ဖလန်ရှပ်အင်္ကျီတစ်ထည် ထဲတွင်
ထွေးပတ်ထားသောကလေး တစ်ယောက်ကို ချီထားသည်။ သူမကမီးသတ်သမား
တစ်ဦးနဲ့ညနေခင်းသတင်းမှ သတင်းထောက်ကိုစကားပြောနေသည်။
"အဲဒီကောင်လေးက ကလေးငိုသံကြားပြီး ကျွန်မဆီကိုဆိုက်မြိုက်မြိုက်ရောက်
လာတယ်" သူမက ၀မ်းသာမျက်ရည်များကြားမှ ပြောပြနေ၏ "ကလေးကိုသူ့အင်္ကျီနဲ့
ထွေးပေးပြီး အချက်ပေးဥသြသံတွေရောက်လာတော့ လမ်းပေါ်ပြေးဆင်းသွားတယ်။
" နာမည်ပြောမသွားဘူးလား" ။ ဟုတ်ကဲ့ပါ။ ဒါပေမဲ့မမှတ်မိတော့ပါဘူး။
ကလေးစိတ်ရောက်နေတာနဲ့။ သူကပြောတော့ပြောတယ်။
ထိုညနေတွင် သတင်းစာက ဇာတ်ကြောင်းရေးသားဖော်ပြကာ စိတ်ရင်းစေတနာ
ကောင်းဖြင့် ကူညီခဲ့သော အထောက်အထားရှိသူမည်သူကိုမဆို ဆုချီးမြှင့်မည်ဟု
ကမ်းလှမ်းလာခဲ့သည်။ တစ်ဦးတစ်ယောက်မှတင်ပြလာခြင်းမရှိပါ။
ကလေးကိုကယ်တင်ခဲ့သူကား ငြိမ်းချမ်းမောင်ပါ။ သူဒဏ်ရာနဲ့ဆေးရုံရောက်
နေတယ်။ သူ့ဒဏ်ရာက မီးလောင်နေတဲ့တိုင်လဲကျပြီး ခေါင်းကိုရှပ်ထိသွားလို့
ဦနှောက် သွေးကြော ပေါက်ခါ ခေါင်းထဲသွေးရောက် ပြီး အဲဒီညမှာဘဲဆုံးသွားပါတယ်။
လေပြင်းတိုက်ခတ်ကာ အနီးမှာရှိသောသစ်ပင်များလှုပ်ခတ်သွားသည်။
သစ်ကိုင်းများရိုက်ခတ်သံများကြာနေရသည်။ သစ်ရွက်သစ်ခက်တို့သည် ငိုကြွေးနေ
ကြလေသည်။ ငြိမ်းချမ်းမောင်ကွယ်လွန်ပြီဆိုသည့်သင်တင်းဆိုးကို မိသားစုသိသော
အခါဖြေမဆည်နိုင်သောကပွေ ပရိဒေ၀မီးတောက်လောင် ကြရသည်။
နှမြောဖွယ် သားကောင်းလေး လွင့်ကြွေသွားလေပြီ။ ။ သူ့အမေလဲဒီသတင်းကြားပြီး စိတ္တဇနဲ့
၃ လလောက်အကြာမှာ ကွယ်လွန်သွားလေသည်။
ခင်နှင်းဖြူ လည်း နောက် နှစ်နှစ်ခန့် အကြာမှာကိုမိုးကျော်နှင့်လက်ထပ်ခဲ့သည်။
ခင်နှင်းဖြူတယောက် အတိတ်ဇာတ်ကြောင်းပြန်တွေးမိလေးတိုင်း၊ ယူကျုံး မရဖြစ်ရ
လေတော့သည်။ ငြိမ်းချမ်းမောင်အကိုရယ်…ဘ၀မှာဘာမှ မခံစား မရယူခဲ့ပါလား။
ကျေးဇူးတင်ပါသည်။
မြင့်စိုး