ဒီကနေ့ မိုးကလည်းရွာလိုက်တာ..မနက်မိုးလင်းကတည်းကအငြိုးကြီးစွာရွာနေသောမိုးကြောင့်ထက်နေအလုပ်
မသွားပဲအိမ်မှာပဲ အနားယူနေခဲ့ တယ်......။
တယောက်တည်းပျင်းနေတာကြောင့်  သီချင်းနားထောင်ရင်း ဖတ်စရာစာအုပ်လိုက်ရှာနေမိတယ်.....။
အဲဒီမှာမထင်မှတ်ပဲ ဘယ်တော့ မှဖွင့် မကြည့်တော့ ဘူးဆုံးဖြတ်ထားပြီးချောင်ကပ်ထားတဲ့ တချိန်တုန်းက
ချစ်ရသူနဲ့ အမှတ်တရတွေရေးပြီးလဲ လှယ်ခဲ့ တဲ့ ဒိုင်ယာ၇ီစာအုပ်ကိုတွေပြီးပြန်ဖွင့်ဖတ်ကြည့်ရန်စိတ်ကူးပေါက်သွား
တယ်.....။
စာအုပ်ကိုဖတ်နေရင်းတချိန်ကအကြောင်းအရာတွေခေါင်းထဲ ပေါ်လာပြီးအတွေးတွေနယ်ချဲ့ ရင်း
ကျောင်းသားဘ၀အရွယ်ကိုပြန်တွေးနေမိတယ်...။
အဲဒီတုန်းက ဝေဆို့ တဲ့ ကောင်မလေးနဲ့ ရင်းနှီးပြီးချစ်သူတွေဖြစ်ခဲ့ ကြတယ်.....။
အဲဒီနေ့ မှာပဲအမှတ်တရဖြစ် ဒိုင်ယာရီ စာအုပ်ဆင်တူဝယ်ပြီးးညအိပ်ခါနီးသိပ်ချစ်တဲ့ အကြောင်းတွေကိုရေး
ဖွဲ့ ပြီးမနက်ကျစာအုပ်ကိုလဲလှယ်ပြီးဖတ်ခဲ့ တယ်......။
အဲဒီတုန်းကတော့ သိပ်ချစ်ခဲ့ ကြတဲ့ ချစ်သူနှစ်ဦးပေါ့ ....။ညဆိုရင်သိပ်ချစ်တဲ့ အကြောင်းကိုရေးလိုက်ရတာ
ခဏလောက်ခွဲနေရတာတောင်ဘယ်လောက်လွမ်းကြောင်းကိုစာတွေစီလို့ အလွမ်းတွေပိုအချစ်တွေပိုခဲ့ ကြတယ်.။
ဒီလို့ ချစ်ခဲ့ ကြတဲ့ ချစ်သူနှစ်ယောက်ကြားကိုတက္ကသိုလ်စတတ်တဲ့ နှစ်မှာမှာပဲသူတို့ နှစ်ယောက်ကြားကိုမုန်
တိုင်းတခုဝင်ရောက်တိုက်ခတ်ခဲ့ တယ်...။
ထက်နေနဲ့ ဝေ တို့ ဟာကျောင်းချင်းမတူတော့ ပဲတယောက်တကွဲစီဖြစ်လို့ အရင်ကလို့ အမြဲ မတွေ့ ဆုံဖြစ်ခဲ့ 
တယ်....။
တစ်နေ့ ထက်နေ ဝေဆီကိုသွားခဲ့ တယ်.........။အမှတ်မထင်ပဲဝေကသူငယ်ချင်းယောကျာင်္းလေးတစ်ယောက်
နဲ့ တွဲပြီးရယ်မောနေတာကိုထက်နေတွေပြီးအထင်မြင်လွှဲခဲ့ တယ်..........။
သူအချစ်ကိုမလေးစားတဲ့ သူတစ်ယောက်အဖြစ်သတ်မှတ်ပြီးအဆက်သွယ်မလုပ်ပဲနေခဲ့ တယ်....။
နောက်ဆုံးတော့ သူတို့ နှစ်ယောက်ရဲ့ အချစ်ကယိုယွင်းအပျက်စီးသွားခဲ့ တယ်......။
ဘာမဟုတ်တဲ့ ပြသနာလေးတခုနဲ့ နှစ်ယောက်သားတွေဆုံမရှင်းပဲ မာနချင်းပြိုင်ရင်း အချစ်တွေပြိုကွဲပျက်စီး
သွားပြီးရေးနေကျဒိုင်ယာ၇ီလေးလဲမှင်မစွန်းပဲပိတ်ထားခဲ့ တာနှစ်နဲ့ ချီနေခဲ့ ပြီ......။
တစ်နေ့ သူငယ်ချင်းတစ်ယောက်ရှင်းပြလို့ သိလိုက်ရပြီးမိမိမှားခဲ့ တာကိုထက်နေသိသွားတယ်.....။
မိမိအမှားကိုတောင်းပန်ရန်လည်းပြင်ဆင်ခဲ့ တယ်.......။
တွေးနေတဲ့ အတွေးကိုဖြတ်လိုက်ရင်းဝေကိုသတိရလို့ နေမိတယ်......။မိုးကလည်းတိတ်သွားပြီဖြစ်တာကြောင့် 
ထက်နေ ဝေတို့အိမ်ဖက်ကိုတောင်းပန်ရန်ပြီးတော့ ဘယ်လောက်ချစ်ကြောင်းကိုပြောရန်စိတ်ကူးပြီး
ထွက်လာခဲ့ တယ်..။
အဲဒီမှာထက်နေကိုခါးသီးမှုတခုကဆီး၍ကြိုဆိုနေခဲ့ တယ်....။ဝေတို့ လမ်းထဲရောက်တော့ အမှတ်မထင်
မင်္ဂလာဆောင်တစ်ခုကိုတွေလိုက်ပြီး ဝေမဖြစ်ပါစေနဲ့ ရင်ထဲကကြိုတ်၍ဆုတောင်းနေမိတယ်....။
ဒါပေ့မဲ့ ထက်နေဆုတောင်းကမပြည့်ခဲ့ ပဲ ဝေတစ်ယောက်မိဘပေးစားသူနဲ့ လက်ထပ်မင်္ဂလာဖြစ်နေခဲ့ တာ
ကြောင့် ထက်နေခေါင်းငိုက်စိုက်ပြန် လှည့်လာခဲ့ တယ်...။
ေ၀၇ယ်ကိုယ့် ကိုခွင့် လွှတ်ပါကွာ..။မစူးစမ်းမဆင်ခြင်ပဲစိတ်ဆုံးဖြတ်ပြီးအဆက်သွယ်ဖြတ်ခဲ့ တာ
ကို့ ရဲ့ မဟာအမှားပါ.....။
အဲဒီအမှားကြောင့် ကိုယ်တသက်လုံးနောင်တရလိုမဆုံးတော့ ပါဘူးကွာ.။ဝေကိုဆုံးရှုံးလိုက်ရပေ့ မဲ့ 
အဝေးကတော့ ဆက်ပြီးချစ်နေခွင့်ပေးပါကွာ...........အတွေးနဲ့ ပြောရင်းငိုမျက်ရည်နဲ့ ဒိုင်ယာရီစာအုပ်ကို
ပိုက်ကာပြန်လာခဲ့ တော့ တယ်..........။
အားလုံးကိုလေးစားခင်မင်လျှက်
သန့် ဇင်ဦး(နတ်ဆိုး)